6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ-၄ ၊ ၂၀၁၃
M-Media

Dubai Event Welcomes New Muslims

အစ္စလာမ်သာသနာအတွင်းသို့ဝင်ရောက်လာကြသည့် သစ်လွင်မွတ်စလင်များအား အားပေးကူညီရန်၊ အစ္စလာမ်နှင့်ပက်သက်၍ ပိုမိုနားလည်လာစေရန်နှင့် အစ္စလာမ်သာသနာတော်အပေါ် ထားရှိသည့် ၎င်းတို့၏ ယုံကြည်ချက်များ မြဲမြံစေရန်ရည်ရွယ်၍ ဒူဘိုင်းရှိ အစ္စလာမ့်စင်တာတစ်ခုမှ သစ်လွင်မွတ်စလင်များအား ကြိုဆိုပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

“အခု ကျမ မတူညီတဲ့ခံစားမှုမျိုး ခံစားရပါတယ်။ ကျမအတွက်တော့ အစ္စလာမ်ဟာ ငြိမ်းအေးမှုပါပဲ။” ဟု ဇူလိုင် ၂၀ရက်နေ့က ခရစ်ယာန်ဘာသာ(ပရိုတက်စတင့်) မှ အစ္စလာမ်ဘာသာသို့ သက်ဝင်လာခဲ့သူဖာတီမာက ယူအေအီးသတင်းစာတစ်စောင်ဖြစ်သည့် The National သို့ ပြောကြားခဲ့သည်။

ယခုနှစ် ရမ်ဇာန်ဥပုသ်လတွင် ပထဦးဆုံး ဥပုသ်သီလဆောက်တည်ခွင့်ရခဲ့သည့် ဖာတီမာက “ဥပုသ်သီလဆောက်တည် ရတာ ကျမအတွက် တော်တော်လေးခက်ခဲပါတယ်။ ဒါပေမယ့် ဥပုသ်သီလက ခန္တီတရားကို သင်ကြားပေးပါတယ်။ အလ္လာအရှင်မြတ် အပေါ်မှာ သက်ဝင်ယုံကြည်ရတာဟာ အရာရာတိုင်းကို ပြည့်စုံစေပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ကမ္ဘာ့တစ်ဝှမ်း လူသားချင်းစာနာသော အကူအညီများပေးပို့နေသည့် ယူအေအီးအခြေစိုက် ဒါ အလ်ဘာ ဆိုစိုက်ယတီ (Dar Al Ber Society)၏ အစ္စလာမ့်သတင်းအချက်အလက် စင်တာမှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဘာသာအသီးသီးမှ အစ္စလာမ်သို့ သက်ဝင်လာခဲ့ကြသူ သစ်လွင်မွတ်စလင် ၂၅၀ ခန့် တက်ရောက်ခဲ့ကြကာ သစ်လွင်မွတ်စလင်များ အစ္စလာမ်နှင့်ပက်သက်၍ ပိုမို နားလည်လာစေရန် အခမ်းအနားအား ဟောပြောမှုဖြင့် စတင်ခဲ့သည်။ သစ်လွင်မွတ်စလင်များမှာ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ အပါအ၀င် အခြားသော ဘာသာအသီးသီးမှ အစ္စလာမ်သို့ဝင်ရောက်လာကြသူများဖြစ်ကြပြီး သီရိလင်္ကာ၊ နိုက်ဂျီးရီးယား၊ ယူဂန်ဒါ၊ အိန္ဒိယနှင့် ဥရောပနိုင်ငံများဖြစ်ကြသည်။

“လွတ်လပ်မှုကို ကျနော်ရဲ့နှလုံးသားထဲကနေ နက်နက်ရှိုင်းရှိုင်း ခံစားရပါတယ်။ အခု ငြိမ်အေးမှုဆိုတာကို ကျနော်သိပါပြီ။ အာရပ်လူမျိုး သူငယ်ချင်းတွေက ကျနော့်ကိုအားပေးခဲ့ပြီး အစ္စလာမ်ကို လက်မခံမီအရင် အစ္စလာမ်နဲ့ပက်သက်ပြီး ကျနော် လေ့လာဖတ်ရှုခဲ့ပါတယ်။ ကျနော့်ရဲ့အမေကတော့ လုံးလုံလျားလျား လက်မခံသေးပါဘူး။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်အလိုတော်နဲ့ တစ်နေ့မှာတော့ အမေဟာ အစ္စလာမ်ကိုနားလည် လက်ခံလာမှာပါ” ဟု အီဗရာဟင်တဖြစ်လဲ အသက် ၂၅ နှစ်အရွယ် မန်နေဂျာဖြစ်သူ ဖိလစ်ပိုင်နိုင်ငံသား ဂျွန်ရောဘတ်က ပြောကြားခဲ့သည်။

အဆိုပါ အစ္စလာမ့်စင်တာမှ လွန်ခဲ့သည့်နှစ်တွင် အစ္စလာမ်သို့သက်ဝင်လာသူ ၁၉၅၀ ဦးအား ကြိုဆိုဂုဏ်ပြုပွဲကိုပြုလုပ်ပေးခဲ့ပြီး၊ ယခုနှစ်တွင် လက်ရှိအချိန်အထိ သစ်လွင်မွတ်စလင် ၁၂၀၀ ဦးအား ဂုဏ်ပြုကြိုဆိုခဲ့သည်။

ပထမခြေလှမ်း

ဤကဲ့သို့အခမ်းအနားများမှတစ်ဆင့် သစ်လွင်မွတ်စလင်များမှာ အစ္စလာမ်နှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လာစေမည်ဟု ဦးဆောင်ကျင်းပသူများက မျှော်လင့်နေကြသည်။

“ဒါဟာ သူတို့ရဲ့အခက်အခဲတွေကိုလေ့လာဖို့၊ ၀တ်ပြုမှုတွေမှာ သူတို့တွေပါဝင်လာဖို့ စုရုံးတာမျိုးဖြစ်ပါတယ်။ ဒီလိုအခမ်းနားမျိုးတွေက အလ္လာဟ်အရှင်မြတ်ဆီကိုဦးတည်တဲ့ သူတို့ရဲ့ ခရီးကို ပြီးပြည့်စုံစေဖို့၊ အမေးအဖြေတွေပြုလုပ်ဖို့၊ အစ္စလာမ်နဲ့ပက်သက်ပြီး နားလည်မှုလွဲမှားနေတာတွေကို ရှင်းလင်းသွားစေဖို့ ကူညီပါလိမ့်မယ်။ နောက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင်လုပ်ဆောင်ဖို့၊ လူကြီးသူမတွေကိုလေးစားဖို့၊ အမည်ခံမဟုတ်ဘဲ အစ္စလာမ်ကိုလက်တွေ့ကျကျကျင့်သုံးဖို့၊ မွတ်စလင်ကောင်းတစ်ယောက်ဖြစ်ဖို့၊ အလှူဒါနပြုကြဖို့ ကျနော်တို့က သူတို့ကို တိုက်တွန်းခဲ့ပါတယ်” ဟု အစ္စလာမ့်သတင်းအချက်အလက်စင်တာ၏ ဒါရိုက်တာဖြစ်သူ ရရှစ် အလ် ဂျူနိုင်ဘီက ပြောကြားခဲ့သည်။

အယူဝါဒများကိုနှိုင်းယှဉ်လေ့လာသည့်ပညာရှင်တစ်ဦးဖြစ်ပြီး အစ္စလာမ့်တရားဟောဆရာတစ်ဦးဖြစ်သူ အဟ်မဒ် ဟမဒ် က ယခုကဲ့သို့ ကြိုဆိုဂုဏ်ပြုပွဲများပြုလုပ်ရခြင်းမှာ သစ်လွင်မွတ်စလင်များ၏ ယုံကြည်ချက်များ ခိုင်မာလာစေရေးအတွက် ကူညီရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
“သူတို့စိတ်ဆန္ဒနဲ့ ရွေးချယ်ခဲ့တဲ့ သာသနာတော်အပေါ်မှာ သူတို့ မြဲမြံစွာတည်ရှိနေအောင် ကူညီဖို့ အရေးကြီးပါတယ်။ သူတို့ဟာ စိန်ခေါ်မှုတွေ၊ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုတွေ ရှင်သန်လာဖို့၊ ပြန်လည်အားပြည့်လာဖို့ ကျနော်တို့မျှော်လင့်ပါတယ်။” ဟု အဟ်မဒ် ကဆိုသည်။

လွန်ခဲ့သည့်နှစ်က ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားများက တစ်ချို့သောသစ်လွင်မွတ်စလင်များအတွက် အလှည့်အပြောင်းဖြစ်စေခဲ့သည်။

“စကြာဝဠာကြီးကို ဘယ်သူဖန်းဆင်းလဲဆိုတာနဲ့ပက်သက်ပြီး ကျနော့်ရဲ့မွတ်စလင် သူငယ်ချင်းနှစ်ယောက်နဲ့ ငြင်းခုံခဲ့ဖူး ပါတယ်။ အဲလိုငြင်းခုံမှုကပဲ ကျနော် အတွေးတစ ရခဲ့ပါတယ်။” ဟု အသက် ၄၇ နှစ်အရွယ်ရှိ အဗ်ဒူရဟ်မာန်တဖြစ်လဲ သိရိလင်္ကာနိုင်ငံသား ကီရှန် ရနီလာ က ပြောကြားခဲ့သည်။ ၎င်းမှာ လုံခြုံရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် ၂ နှစ်က ဗုဒ္ဓဘာသာမှ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်လာသူဖြစ်သည်။
“အလ္လာဟ်အရှင်မြတ် အပေါ် ယုံကြည်ခြင်းဟာ ကျနော့်ရဲ့ဘ၀ကို ပြောင်းလဲစေမယ်လို့ ကျနော့်သူငယ်ချင်းက ပြောခဲ့ပါတယ်။ တစ်နေ့ငါးကြိမ်ဝတ်ပြုပြီးတဲ့နောက်ပိုင်းမှာ ကျနော့်ရဲ့ အပြုအမူတွေက ပြောင်းလဲလာပါတယ်။ ကျနော်ရဲ့ဘ၀ကို ဖြူဖြူစင်စင် ရှင်သန်ချင်လာတယ်၊ နောက်ပြီး ဟရမ်(အကုသိုလ်)အလုပ်တွေကို မလုပ်ချင်တော့ပါဘူး။ ပြီးတော့ အလ္လာဟ်အရှင်မြတ်ရဲ့ စွမ်းအားကို ကျနော်ခံစားရလာပါတယ်။ ဘာကြောင့်လဲဆိုတော့ အလ္လာဟ်အရှင်မြတ် ထံတော်မှာ ဆုတောင်းမှုတွေပြုလုပ်လိုက်တဲ့အခါ အချိန်အတော်ကြာ နာမကျန်းဖြစ်နေတဲ့ ကျနော့်ရဲ့ ဇနီးသည်က ပြန်လည်ကျန်းမာ လာခဲ့တယ်လေ။ အရင်က ကျနော် ရုပ်တု ဆင်းတုတွေကို ကိုးကွယ်ခဲ့တယ်။ အခုတော့ ကျနော်ဟာ စစ်မှန်တဲ့ဘ၀မှာ ရှင်သန်နေပါပြီ၊ ပြီးတော့ အလ္လာဟ်အရှင်မြတ်ကိုလည်း တိုက်ရိုက် ကိုးကွယ်နိုင်ပါပြီ” အဗ်ဒူရဟ်မာန်က ထပ်လောင်းပြောကြားခဲ့သည်။

Ref: OnIslam

Leave a Reply