6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇ ရက်၊ ၂၀၁၃
M-Media
အမ်တူးအေ

ဘာသာကြီး နှစ်ခုအကြား သဟဇာတရှိရေးအတွက် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာအကြား ဆွေးနွေးသည့် “သင့်မြတ်သူများ ပွဲတော်”တွင် ဒေါက်တာ ချန်ဒရာမူဇာဗာ၏ ပြောကြားချက်

1235187_586462434729564_389247193_n
ကော်နက်ရှင် မကောင်းသော M-Media စာဖတ်ပရိတ်သက်များ Download ယူပြီးနားထောင်ရန်
File Size =40.4 MB
Google Drive >>http://goo.gl/3oB1rA

အသံဖိုင် နားဆင်လိုလျှင်

ဒေါက်တာ ချန်ဒရာမူဇာဗာမှ “ယနေ့ကမ္ဘာရဲ့ အကြီးကျယ်ဆုံးသော စိန်ခေါ်မှုကတော့ ကွဲပြားခြားနားတဲ့ နောက်ခံအခြေအနေနဲ့ ကွဲပြားမှု အမျိုးမျိုးရှိသူတွေအနေနဲ့ ဘယ်လိုမျိုးအတူတကွ နေနိုင်မလဲဆိုတာ ဆွေးနွေးကြဖို့လိုပါတယ်။ ကွဲပြားခြားနားမှုရှိတဲ့ လူ့အသိုင်းအ၀ိုင်းမှာ တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ စစ်ပွဲတွေ ဖြစ်နေတာ မြင်ရမှာဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့ဝန်းကျင်တစ်ခုမှာ ငြိမ်းချမ်းစွာအတူနေကြမယ်ဆိုတာနဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်းအဖြေတော့မရှိပါဘူး။ အခြေအနေတစ်ခုချင်းစီကို အသုံးပြုနိုင်တဲ့ ပုံသေနည်း၊ ဖော်မြူလာဆိုတာလည်း မရှိပါဘူး။ လူမျိုးဘာသာပေါင်းစုံ နေထိုင်ခဲ့ကြတဲ့အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို ငြိမ်းချမ်းစွာနေထိုင်နိုင်မလဲဆိုတာ ဆန်းစစ်လေ့လာလို့ရပါတယ်။

လူမှုအဖွဲ့အစည်းအတွက် ပထမဆုံးအနေနဲ့  အရေးကြီးတဲ့ နိယာမတစ်ခုရှိပါတယ်။ အဲဒါက လူ့အခွင့်အရေး Right ပဲ ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ လူ့အသိုင်းအ၀န်းအားလုံးဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ အနှစ်သာရရှိတဲ့ အခွင့်အရေးတွေကို ရရှိရမှာဖြစ်ပါတယ်။ လူ့အခွင့်အရေးလို့ပြောတဲ့နေရာမှာ လွတ်လပ်စွာ ဘာသာတရားတစ်ခုတည်းမဟုတ်ပါဘူး။ ပြည်သူအားလုံးကိုလည်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်၊ နိုင်ငံရဲ့အခြေအနေတွေမှာ ပါဝင်နိုင်ခွင့်တို့ ရှိရမှာဖြစ်ပါတယ်။ အခွင့်အရေးလို့ပြောရင် တာဝန်ယူမှု၊ တာဝန်ရှိမှု Responsibilities တွေဖြစ်ပါတယ်။ နိုင်ငံသားတစ်ယောက်ဟာ ကိုယ့်နိုင်ငံအတွက် အခွင့်အရေးနဲ့အတူ တာဝန်ယူမှုရှိရပါမယ်။ တာဝန်ယူမှုဆိုရာမှာ ကျွန်တော်တို့က လူနည်းစုဖြစ်နေရင် လူများစုကြီးအတွက် ရှိရမယ့် တာဝန်ဝတ္တရားတွေ ရှိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် လူများစုကြီးထဲက လူတစ်ယောက်ဖြစ်နေရင် လူနည်းစုလေးပေါ်မှာ ရှိအပ်တဲ့တာဝန်ယူမှုဆိုတာလည်း ရှိရပါမယ်။ လူမှုအဖွဲ့အစည်းအတွက် အရေးကြီးတဲ့ တတိယမြောက်နိယာမတစ်ခုကတော့ Respect လို့ခေါ်တဲ့ အလေးထားမှုဖြစ်ပါတယ်။ အလေးထားမှုဆိုရာမှာ တစ်ဦးနဲ့တစ်ဦး ပုတ်ခတ်ခြင်း၊ နိမ့်ကျသေးသိမ်အောင်ပြုလုပ်ခြင်းတို့ မရှိအပ်ပဲ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိရမှာဖြစ်ပါတယ်။ လူမှုဆက်ဆံရေး အလေ့အထတွေမှာ အလေးထားမှုဆိုတာ ပါဝင်မနေရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြားမှာ ယုံကြည်မှု၊ လေးစားမှု ပျက်စီးသွားမှာဖြစ်ပါတယ်။ အတိုချုံးကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခု နိုင်ငံတစ်ခုမှာ အတိုင်းအတာတစ်ခုထိ ဟန်ချက်ညီမှု၊ ငြိမ်းချမ်းမှုအတွက် အရေးကြီးတဲ့အကြောင်းအချက် ၃-ခုက လူ့အခွင့်အရေး၊ တာဝန်ယူမှု၊ အလေးထားမှု ဆိုတာကို အလေးအနက်ပြုဖို့ လိုပါတယ်။

လူ့အဖွဲ့အစည်းကြားမှာ ရိုသေလေးစားမှု (Respect)ပျက်စေတဲ့ အကြောင်းချင်းရာတစ်ခုကတော့ အမုန်းစကားတွေ၊ အမုန်းတရားတွေ၊ အမုန်းနဲ့ပတ်သက်တဲ့ အကြောင်းတရားတွေ Hate Speech တွေ ပျံ့နှံ့နေခြင်းပဲဖြစ်ပါတယ်။ Hate speech ဟောပြောသွန်သင်ချက်တွေ ပျံ့နှံ့နေတဲ့ လူ့အသိုင်းဝိုင်းကြားမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ဟန်ချက်ညီမှုဆိုတာ ရှာတွေ့ဖို့ ခဲယဉ်းမှာဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိတဲ့၊ တာဝန်သိတဲ့ အစိုးရတိုင်းက အမုန်းတရားတွေ မပြန့်ပွားစေဖို့ ခိုင်ခိုင်မာမာနဲ့ ချက်ချင်းလက်ငင်းနဲ့ အရေးယူဆောင်ရွက်လေ့ရှိတယ်ဆိုတာ တွေ့ရပါတယ်။ Hate speech တွေဟာ လူနည်းစုဆီကဖြစ်ဖြစ်၊ လူများစုဆီကဖြစ်ဖြစ်၊ ဘယ်နေရာကလာသည်ဖြစ်ဖြစ် အစိုးရအနေနဲ့ တိတိကျကျ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲလို အမုန်းပွားစေတဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက်နဲ့ ချက်ချင်း အရေးယူရာမှာ ကျွန်တော်တို့ အရှေ့တောင်အာရှမှာ နမူနာယူရမယ့်နိုင်ငံတစ်ခုက စင်ကာပူအစိုးရဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေတာ ဘယ်ဘာသာမဆို ဗုဒ္ဓဘာသာဖြစ်စေ၊ အစ္စလာမ်ဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ဒီဘာသာတရားနဲ့ပတ်သက်တဲ့ ဘုရားကျောင်းကန်၊ အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ ဘာသာဝင်လူတွေကို ရန်မူ၊ သတ်ဖြတ်၊ အကြမ်းဖက်မှုတွေကို လုပ်တာမှာ လူနည်းကလုပ်သည်ဖြစ်စေ၊ လူများစုက လုပ်သည်ဖြစ်စေ ချက်ချင်းထိရောက်စွာ အရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

ဒီလို ကိစ္စတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်တဲ့ အစိုးရကတော့ အရှေ့တောင်အာရှမှာ မလေးရှားအစိုးရဖြစ်ပါတယ်။  ဥပမာအနေနဲ့ ၁၉၇၉-ခုနှစ်က လူနည်းစုဖြစ်တဲ့ မွတ်စလင်မ် အစွန်းရောက်လူတစ်စုကနေ အခြားဘာသာတွေရဲ့ အဆောက်အုံတွေကို ဖျက်ဆီးခဲ့တာမှာ ချက်ချင်းပဲ ထိထိရောက်ရောက်နဲ့ အရေးယူမှုပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၂-နှစ် ၃-နှစ်ကတင်ပဲ မလေးရှားနိုင်ငံမှာ ဆစ်ဘုရားကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ တခြား ဘုရားကျောင်းတွေကို ဖျက်ဆီးခဲ့တဲ့လုပ်ရပ်တွေ ရှိပါတယ်။ အဲဒါတွေကို မလေးရှားအစိုးရက ချက်ချင်း ထိထိရောက်ရောက် အရေးယူခဲ့တာတွေ ရှိပါတယ်။ မကြာခဏဆိုသလို ဒီလိုဖြစ်လေ့ရှိတဲ့ ဖျက်ဆီးမှုတွေ၊ အကြမ်းဖက်မှုတွေကို ဘာမှ အရေးမယူပဲ ကြည့်နေတဲ့ အစိုးရတွေကို တွေ့ရပါတယ်။ အဲလိုမျိုး ပြည်သူပြည်သားအချင်းချင်း ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ အခြေအနေမျိုးတွေမှာ ဘာကြောင့်များ အရေးမယူရတာလဲဆိုတဲ့မေးခွန်းက ကျွန်တော်တို့တွေအားလုံးမှာ ပေါ်ထွက်လာခဲ့ကြပါတယ်။ ဘာကြောင့် အစိုးရအနေနဲ့ အရေးယူဖို့ ပျက်ကွက်ခဲ့သလဲဆိုရင် အစိုးရအနေနဲ့ အာဏာကို ဗဟိုပြုပါတယ်။ အာဏာကို ဆက်လက်ဆွဲကိုင်ထားဖို့ ဦးတည်တဲ့အတွက် လိုအပ်တဲ့ အရေးယူမှုတွေကို ပျက်ကွက်တာတွေ့ရပါတယ်။
အခုလို အာဏာကို မပြစ်ပယ်လိုတဲ့အတွက် လိုအပ်တဲ့ အရေးယူတွေ မလုပ်တဲ့ ဥပမာတစ်ခုကတော့ ၁၉၉၂-ခုနှစ်က အိန္ဒိယမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီက ဟိန္ဒူအစွန်းရောက်တွေက ရှေးအကျဆုံး ဗလီဝတ်ကျောင်းတစ်ခုကို ဖျက်ဆီးခဲ့ပါတယ်။ မွတ်စလင်မ် ၂၀၀၀-လောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယအစိုးရက အာဏာကို ရှေ့ရှုတဲ့အတွက် ဒီကိစ္စကို အရေးမယူခဲ့တာကို တွေ့ရပါတယ်။ အစိုးရက ဒီလို အရေးယူမှု ပျက်ကွက်တဲ့အတွက် အိန္ဒိယမှာ တင်းမာမှုဟာ ဆိုးလာတဲ့ အခြေအနေထိ ရောက်လာတာ တွေ့ရပါတယ်။

အခုပြောခဲ့တဲ့ အမုန်းစကားတွေ အမုန်းပွားမှု လုပ်ရပ်တွေ၊ အကြမ်းဖက်မှုတွေကို ရပ်တန့်ရင်း ဖျက်ဆီးမှုလုပ်ရပ်တွေကို ရပ်တန့်ကူညီနေရုံနဲ့ မလုံလောက်ပါဘူး။ အစိုးရနဲ့ ပြည်သူတွေ အတူတကွ ပြည်သူတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး အမြင်လွဲမှု၊ ချဲ့ကားပြောဆိုမှု၊ ပုံကြီးချဲ့ ရှုမြင်မှုတွေကို ရပ်တန့်ဖို့လည်း ကြိုးစားကြရပါမယ်။ ကျွန်တော်တို့ အခုလို ထင်မြင်လွဲမှားမှု တစ်ခုကို ထောက်ပြရမယ်ဆိုရင် လှပတဲ့ မြန်မာနိုင်ငံကလူတွေက ဘယ်လိုယုံကြည်သလဲဆိုရင် မလေးရှားနဲ့ အင်ဒိုနီးရှားဆိုတဲ့ အရှေ့တောင်အာရှက မွတ်စလင်မ်နိုင်ငံကြီး ၂-နိုင်ငံဟာ တစ်ချိန်တုန်းက ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တယ်။ မွတ်စလင်မ်တွေ ၀င်ရောက်ကျူးကျော်ပြီး ပြောင်းလဲလို့ အင်ဒိုနီးရှားနဲ့ မလေးရှားဟာ မွတ်စလင်မ်နိုင်ငံဖြစ်သွားတယ်လို့ ယုံကြည်ကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော့်အနေနဲ့ သမိုင်းအချက် အလက်အမှန်ကို ပြောပြလိုပါတယ်။ ကျွန်တော်တို့ရဲ့ နှစ်ထောင်ချီတဲ့ဆီကို ပြန်ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားရော မလေးရှားရောက လူများစုကြီးသည် ဟိန္ဒူဘာသာဝင်တွေလည်း မဟုတ်ခဲ့ကြသလို ဗုဒ္ဓဘာသာဝင်တွေလည်း မဟုတ်ခဲ့ကြပါဘူး။ လူနည်းစု အစုအဝေးလောက်တော့ ဒီနှစ်ခုကို ကိုးကွယ်ကြတာ ရှိပါတယ်။ အခုလိုရှိခဲ့တဲ့ ဒီနိုင်ငံ ၂-ခုဟာ ၁၀-ရာစုလောက်မှာ အရှေ့တောင်အာရှကို အစ္စလာမ်ဘာသာပြန့်နှံ့လာတဲ့အခါ သူတို့ အစ္စလာမ်ဘာသာဖြစ်ကြပါတယ်။ အဲဒီမှာလည်း အစ္စလာမ်ဘာသာရဲ့ နိုင်ငံအားဖြင့် စစ်ပွဲ တစ်ခုမှ မဖြစ်ပွားပဲနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အစ္စလာမ်ကို အသွင်ကူးပြောင်း လက်ခံခဲ့တာ တွေ့ရပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားကို အစ္စလာမ်ဘာသာသယ်ဆောင်လာတာက ကုန်သည်တွေဖြစ်ကြပါတယ်။

ကျွန်တော်ဒီအကြောင်းအရာကိုပြောပြရတာက ကျွန်တော်တို့ အာရှမှာပဲဖြစ်ဖြစ် ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ကွဲပြားတဲ့ ဘာသာတရား ၂-ခုကြားမှာ အချက်အလက်မှန်၊ အခြေအနေမှန်တွေကို နားလည်ပြီး တစ်ဦးနဲ့တစ်ဦး ညီညီညွတ်ညွတ်နဲ့ နေထိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အကြောင်းအရာတွေကို အမှန်အတိုင်း မြင်နိုင်ကြမှ မလိုအပ်တဲ့ ရန်လိုမှုတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုပါပဲ ကျွန်တော့်နိုင်ငံအကြောင်းပြောရမယ်ဆိုရင်လည်း မလေးရှားနိုင်ငံက မွတ်စလင်မ်တွေအနေနဲ့ ဗုဒ္ဓဘာသာဆိုတာကို အပေါ်ယံလောက်ပဲ နားလည်ကြသူက အများစုပါ။ သူတို့အမြင်မှာ ဗုဒ္ဓဘာသာဆိုတာ ရုပ်တုကိုးကွယ်သူတွေ၊ ၀င်ထွက်ထွက်သက်ရှုပြီး တရားအားထုတ်တာ ဆိုတဲ့ အပေါ်ယံလောက်သာ သိသူတွေ အများကြီးရှိပါတယ်။ ဘယ်နိုင်ငံက မွတ်စလင်မ်ပဲဖြစ်စေ သိရမှာက ဗုဒ္ဓဘာသာဆိုတာ စကြ၀ဠာရဲ့ ဖြစ်တည်မှုကို လေးနက်စွာ ရှုမြင့်တဲ့ ဘာသာတရားဆိုတာ မွတ်စလင်မ်တွေအနေနဲ့  သိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ တိုက်တွန်းချင်တာက မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာရေးဆရာတွေဟာလည်း ဗုဒ္ဓဘာသာဟာ ဘယ်လောက်လေးနက်မှုတွေ ရှိနေတယ်ဆိုတာ သူတို့ရဲ့ ကျောင်းသားတွေကို ပြောပြပေးသိစေချင်ပါတယ်။ ကျွန်တော့်အနေနဲ့ လေးလေးနက်နက် ပြောချင်တာက မွတ်စလင်မ်မိတ်ဆွေများရော၊ ဗုဒ္ဓဘာသာမိတ်ဆွေများရော တစ်ဦးကို တစ်ဦး နိယာမတွေကို နားလည်သဘောပေါက်ပြီးတော့ အတူတကွ အားအင်ရှိစွာ စုစည်းကြဖို့ လိုအပ်မလဲဆိုတာ ပြောချင်ပါတယ်။

ကျွန်တော် ပြောတဲ့အထဲ ပါခဲ့ပါတယ်။ ဘာသာတရား ၂-ခုလုံးက တရားမျှတမှုကို ဦးတည်တယ်။ မေတ္တာ ကရုဏာ တရားဟာ ဗုဒ္ဓဘာသာဝင်တွေမှာလည်း နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်နေတဲ့ ညွှန်ကြားမှုဆိုတာ တွေ့ရပါတယ်။ အစ္စလာမ်ဘာသာမှာလည်း ဒီလိုပါပဲ ချစ်ခြင်းမေတ္တာတရားသည် ဘုရားသခင်ဆီရောက်နိုင်မယ့် လိုအပ်ချက်ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာမှာ မေတ္တာတရား ကရုဏာတရားထားရှိခြင်း၊ ခွင့်လွှတ်ခြင်း ကို အလေးအနက်ထားပါတယ်။ ဗုဒ္ဓဘာသာမှာလည်း ချစ်ခြင်း မေတ္တာ ကရုဏာထားခြင်းကို အလေးအနက်ထားတဲ့ ဘာသာဆိုတာ ကျွန်တော်တို့ သိရပါတယ်။

အရှေ့တောင်အာရှက ဗုဒ္ဓဘာသာတွေနဲ့ မွတ်စလင်မ်တွေ ရှိထားတဲ့ တူညီတဲ့ တန်ဖိုးများအားဖြင့် တစ်ဦးနဲ့တစ်ဦးကွဲပြားစရာ မလိုပဲ ပေါင်းကူး တံတားတွေ ဆောက်လုပ်ကြဖို့  အချိန်ကာလကို ရောက်နေပြီလို့ ပြောလိုပါတယ်။ အခုလို ဘာသာ ၂-ခုရဲ့ တူညီတဲ့ တန်ဖိုးတွေ၊ နိယာတွေ၊ ရည်မှန်းချက်တွေကို အခြေခံပြီး တစ်ဦးနဲ့တစ်ဦး ပြောဆို ဆွေးနွေးနိုင်တဲ့ ဆွေးနွေးမှုတွေ၊ နေရာတွေ၊ ဖော်ရမ်တွေကို အားထုတ်ကြရမယ့် အချိန်ပါ။ အခုလို ရည်ရွယ်ချက်နဲ့ နိုင်ငံတကာ ပါဝင်တဲ့ ဗုဒ္ဓဘာသာများအဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုအဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံမှာ ၂၀၀၆-ခုနှစ်က ကြေညာချက်တစ်ရပ် ထုတ်ခဲ့ပါတယ်။ ကြေညာချက်မှာ ပြည်သူတွေ ပူးပေါင်း ပါဝင်တဲ့ အပြန်အလှန် ဖလှယ်မှုအခြေအနေတွေ စတင်ဖို့ နှိုးဆော်ထားပါတယ်။ အဲ့ဒီတုန်းက ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်ခဲ့မှု မရှိပါဘူး။ အခုလို ဘာသာတရား ၂-ခု အနေနဲ့ အတူတူ ရှေ့ဆက်ကြမှ ဖြစ်တာကို မျှော်မှန်းပြီး ဘာသာ ၂-ခု ပူးပေါင်းပါဝင်တဲ့ လှုပ်ရှားမှုကို သီရိလင်္ကာမှာ ပြီးခဲ့တဲ့လကပဲ စတင်ခဲ့ပါတယ်။

အခု တက်ရောက်လာကြတဲ့ ဧည့်ပရိသတ်တွေလည်း နှစ်ဦးနှစ်ဘက် ပိုမို စည်းလုံးညီညွတ်ပြီး နက်ရှိုင်းစွာနားလည်တဲ့ တန်ဖိုးတရားနဲ့ နိယာမတွေအတွက် လှုပ်ရှားမှုကို စတင်နိုင်မယ်လို့ ရည်ရွယ်ပါတယ်။ လက်ရှိ ခေတ်ကာလ အခြေအနေမှာ ဖြစ်နေတဲ့ အခြေအနေတွေဟာ ပြည်သူတွေ ပူးပေါင်းပါဝင်တဲ့ လှုပ်ရှားမှုများအားဖြင့် ဟာမိုနီဖြစ်တဲ့ လှုပ်ရှားမှုဆီ ဦးတည်မယ်လို့ ရည်ရွယ်ပါတယ်။ ဒီလို ပူးပေါင်းပါဝင်တဲ့ ချိတ်ဆက်မှုတွေဟာ ဒေသအတွင်းမှာ အစိုးရရဲ့ အလွဲသုံးစားမှုတွေ၊ အမုန်းတရား ပျံ့ပွားစေမှုတွေ ရှိမယ်ဆိုရင် ပူးပေါင်း ဆွေးနွေးကြပြီးတော့ လှုပ်ရှားမှုတွေမှာ အားလုံး ပါဝင်ရင် ဟာမိုနီဖြစ်တဲ့ဆီ ရောက်မယ်လို့ ယူဆပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကျွန်တော်ပြောခဲ့တဲ့ အချိန်အတွင်း ကမ္ဘာတစ်ဝန်းလုံးအားဖြင့် ဖြစ်စေ၊ နိုင်ငံတစ်ခုရဲ့ အခြေအနေအားဖြင့်ဖြစ်စေ ကျွန်တော်တို့မှာ မည်သို့သော နောက်ခံ အကြောင်းတရားတွေ ရှိနေပါစေ ကျွန်တော်တို့အနေနဲ့ တရားမျှတမှုအတွက် သံဓိဋ္ဌာန်ချမှတ်ပြီး တရားမျှတမှုကို ရှေ့ရှုမယ်ဆိုရင် ဟာမိုနီဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်စလင်မ်လူငယ်တွေအနေနဲ့ ဦးတည်လုပ်ဆောင်ရမှာက ဒီအချက်ပဲ ဖြစ်ပါတယ်။ လူကြီးတွေအနေနဲ့ကလည်း အခုလိုရောက်ရှိလာတဲ့ လူငယ်တွေရဲ့ တူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့ တရားမျှတမှုအတွက် သူတို့ရဲ့ ဘ၀တလျှောက်မှာ နစ်မြုပ်ဦးဆောင် ကြိုးပမ်းသွားကြဖို့ ကျွန်တော်တို့ လူကြီးတွေက အားပေးရမှာပါ။

ဦးဆောင်လှုပ်ရှားသူတွေရဲ့ ဦးတည်ရာဟာ မေတ္တာတရားနဲ့ ကရုဏာတရားဖြစ်ရပါမယ်။ မေတ္တာတရားနဲ့ ကရုဏာတရားက နိုင်ငံရဲ့ နယ်နိမိတ်မရှိပါဘူး။ နယ်လ်ဆင်မန်ဒဲလားပြောခဲ့ဖူးပါတယ်။ မေတ္တာ ကရုဏာမှာ ဘာကြောင့် နယ်နိမိတ်မရှိသလဲဆိုရင် လူသားအားလုံးမှာ တူညီတဲ့ နှလုံးသားရှိနေတဲ့အတွက် မေတ္တာ ကရုဏာဟာ နယ်နိမိတ်မရှိပဲ အားလုံးမှာ ရှိနေတယ်လို့ နယ်လ်ဆင်မန်ဒဲလားက ပြောခဲ့တာပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Reply