6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၉၊ ၂၀၁၃
M-Media
ဆူးထက်

ရန်ကုန်  ။       ။    လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေးပွဲ အခမ်းအနားကို  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ City Mart တွင် စက်တင်ဘာ ၇-ရက်နေ့ နံနက် ၁၁-နာရီမှ ၄-နာရီထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

P9070027

အဆိုပါ အခမ်းအနားတွင် ရဲမှူးချုပ် ဦးခင်မောင်စီ (ရဲဘက်အတွင်းရေးမှူး လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့) က “ဆင်းရဲမှု၊ လူကုန်ကူးမှုနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူကုန်ကူးခံရမှု အများဆုံး ဖြစ်နေတယ် ” ထည့်သွင်းပြောကြားခဲ့သည်။

” ခုချိန်ခါမှာ လူသားတိုင်းဟာ ဖိနှိပ်ဆက်ဆံခံရမှု ကင်းဝေးပြီး မျှတတဲ့ အခွင့်အရေးကို ရရှိသင့်တယ်လို့ City Love & Hope Foundation အနေနဲ့ ယုံကြည်တယ်။ ရှေ့လျှောက် အခုလိုပဲ နိုင်ငံတော်အစိုးရနှင့် အခြားသော NGO အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းပြီး လူကုန်ကူးမှု တိုင်ဖျက်ရေး လုပ်ငန်းစဉ်များကို အလေးထားပြီး စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု City Mart Marketing Manager မမေဇင်စိုးထက် ကပြောကြားသည်။

“လူကုန်ကူးမှုဟာ ကမ္ဘာမှာရော၊ ကျွန်တော်တို့ နိုင်ငံမှာပါ ဆက်တိုက် ဖြစ်ပေါ်နေတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ (၂၂)သန်းခန့်ဟာ လူကုန်ကူးမှုခံနေရပါတယ်။ ကျွန်တော်တို့ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေအားလုံးက လူကုန်ကူးမှု တိုက်ဖျက်ရေးကို ၀ိုင်းဝန်းဆောင်ရွက်နေကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့နဲ့အတူ အားလုံး ပါဝင် ပူးပေါင်းဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်လိုက်ပါတယ် ” ဟုလူကုန်ကူးမှု တိုက်ဖျက်ရေး သံတမန် တစ်ဦးဖြစ်သော အဆိုတော် ဖြိုးကြီးမှ ပြောသည်။
P9070069
ယင်းအခမ်းအနားသည် စက်တင်ဘာ ၁၃ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၇-၈ ရက်နေ့များက လူစည်းကားရာ Market place by City Mart ၊ မြေနီကုန်း  City Mart ၊ မန္တလေး City Mart ၊ နှင့် Ocean North Point Supercenter တို့မှာ အများပြည်သူ သိရှိစေရန်နှင့် လူကုန်ကူးမှု ပပျောက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ရန် ဆေးသုတ်ထားသော လက်ဝါးရာလေးများကို Wall of pledge ပိတ်ကားပေါ်တွင် တင်ပေးရခြင်းဖြစ်သည်။ ၎င်းလက်ဝါးရာလေး တစ်ခုကို ကျပ် ၁၀၀၀ နှုန်း သတ်မှတ်၍ လူကုန်ကူးခံရသူများကို ကြည့်ရှူ့စောင့်ရှောက် ထောက်ပံ့ပေးနေသော၊ ကာကွယ် တားဆီးပေးသော လူမှု အဖွဲ့အစည်းများသို့  City Love & Hope Foundation မှ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ “လူကုန်ကူးမှု ပပျောက်ရေး တို့တွေပါဝင် ကူညီပေး” အစီအစဉ်ကို စက်တင်ဘာ (၁၃)ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ စက်တင်ဘာ (၁၄)ရက်နေ့တွင် ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ်၌ ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှု တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များမှာ နေပြည်တော် ၀၆၇- ၄၁၂၅၅၅၊ ၀၆၇- ၄၁၂၆၆၆၊ မူဆယ် ၀၉- ၄၉၅၅၅၆၆၆၊ မန္တလေး ၀၉- ၄၉၅၅၅၇၇၇၊ ရန်ကုန် ၀၉-၄၉၅၅၅၈၈၈၊ ၀၉- ၄၉၅၅၅၉၉၉ သို့ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံများ ကြည့်ရှုလိုလျှင် >>http://goo.gl/2lSWjv

M01

Leave a Reply