6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
စက်တင်ဘာ ၉

အစိုးရ နှင့် UNFC တို့ တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ သဘောတူညီမှုမရ

UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)နှင့် UPWC (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ)တို့၏ ဒုတိယအကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မနေ့က ပြုလုပ်ခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့က စည်းရုံခဲ့ရာမှာ UNFC ခေါင်းဆောင်များက သဘောတူညီချက် မပေးခဲ့သဖြင့် ယခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် သဘောတူညီမှု မရခဲ့ကြောင်း ဧရာဝတီသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

———————–
အာဏာလွှဲပြောင်းနိုင်ခဲ့ခြင်းမှာ ၂၀၀၈-ခု အခြေခံဥပဒေကြောင့်ဟု သူရဦးရွှေမန်း ပြောကြား

စစ်အာဏာဖြင့် ၂၂ ကျော်အုပ်ချူပ်ခဲ့သော နဝတ/နအဖ အစိုးရဟာ ဘယ်နိုင်ငံမှာမှ မလုပ်နိုင်ခဲ့တဲ့ ပုံစံမျိုးနှင့် ယခုတက်လာတဲ့ အစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်သာ ဖြစ်ကြောင်း၊ အာဏာလက်ဝယ်ရှိသူဟာ နောက်အစိုးရတရပ်ကို အာဏာလွှဲပြောင်းပေးတာဟာ အင်မတန် ခဲယဉ်းကြောင်း ပြည်သူလွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ထားဝယ်မြို့က တွေ့ဆုံပွဲတခုမှာ ပြောကြားလိုက်ပါသည်။
ကိုးကား- RFA
————————-
ရန်ကုန်-ပဲခူး လမ်းမပေါ်မြေများ အရောင်းအ၀ယ်ဖြစ်နေ

ဟံသာဝတီလေဆိပ် စီမံကိန်းကြောင့် ပဲခူးရှိ မြေဈေးတွေ တက်လာပြီး ပဲခူးနဲ့ ရန်ကုန်ကြား ရန်ကုန်-ပဲခူးလမ်းမတလျှောက်ဟာလည်း နောက်ပိုင်းမှာ အဓိကကျလာမှာဖြစ်တဲ့အတွက် မြေဈေးများ မြင့်တက်လာပြီး အရောင်းအ၀ယ်ဖြစ်လာကြတယ်လို့သိရပါတယ်။ မြေဈေးနှုန်းများ အဆမတန်ကြီးမြင့်မှုအား အစိုးရမှ ၁-ပေပတ်လည် ဈေးနှုန်းဖြင့်သတ်မှတ် ထိန်းချုပ်မည့် သတင်းများကြောင့် ရန်ကုန်မြို့ရှိ မြေဈေးနှုန်းများ ကျဆင်းမှု မရှိခဲ့သော်လည်း ရန်ကုန်မြို့ရှိ မြေဈေးကွက် အရောင်းအ၀ယ် ငြိမ်သက်သွားခဲ့ပြီး ရန်ကုန်နှင့် ပဲခူးကြားရှိ မြေဈေးများမှာ အရောင်းအ၀ယ်သွက်လျက်ရှိကြောင်း မဇ္ဈိမသတင်းဌာနရဲ့ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
—————————-
မန်းတိုင်းဝန်ကြီးကို နေပြည်တော်ကောင်စီကိုရွှေ့၊ နေပြည်တော်ကောင်စီဝင်ကို ပြည်ထောင်စု ဒုဝန်ကြီး သို့ရွှေ့၊ ဒုဝန်ကြီး ၁ ဦး အသစ်ခန့်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး ဦးဖုန်းဇော်ဟန်အား နေပြည်တော်ကောင်စီ ကောင်စီဝင် အဖြစ်လည်းကောင်း၊ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးတင်ငွေအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး လည်းကောင်း၊ ဒေါက်တာစိုင်းကျော်အုန်း အား ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဖြစ် ခန့်အပ်ကြောင်း ကြေညာချက်များ သမ္မတရုံး၏ အင်တာနက် စာမျက်နှာမှာဖော်ပြထားပါသည်။
—————————-
ဆီးရီးယားအား တိုက်ရန် ဆော်ဒီက သဘောတူကြောင်း ဂျွန်ကယ်ရီဆိုပြန်

1235270_587256864650121_265178575_n

အမေရိကန်နှင့်ပေါင်းအပါများက ဆီးရီးယားအားစစ်ရေးအရ ၀င်ရောက်ခြင်းကို ဆော်ဒီအာရေဗျနိုင်ငံက သဘောတူထောက်ခံလိမ့်မည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယမန်နေ့တွင်ပြောဆိုလိုက်သည်။

“ဆီးရီးယားကိုအရေးယူတိုက်ခိုက်ဖို့ သူတို့ထောက်ခံကြပါတယ်။ ဒီလိုလုပ်ဖို့ အရေးကြီးတယ်ဆိုတာလည်း သူတို့ယုံကြည်ကြပါတယ်”ဟု ရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး ကနဦးဆွေးနွေးပွဲဟု အမည်တွင်သည့် အာရပ်အဖွဲ့ချုပ်ဝန်ကြီးများနှင့် ပြုလုပ်သော အစည်းအဝေးအပြီးတွင် ဂျွန်ကယ်ရီက ယခုကဲ့သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး စအူဒ် အလ်-ဖိုင်ဆယ်နှင့်ကောင်းမွန်သော ဆွေးနွေးမှုတစ်ခုဖြစ်ခဲ့ကြောင်း၊ ဆော်ဒီမှာ ပြီခဲ့သည့်လတွင် ဆီးရီးယားအစိုးရတပ်များက သူပုန်များအပေါ် ဓာတုလက်နက်များသုံးစွဲကာ တိုက်ခိုက်ခဲ့မှုအား ရှုတ်ချကြောင်း ကြေညာချက်တွင် လက်မှတ်ထိုးခဲ့သည့်နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်သည်ဟု သတင်းထောက်များအား ဂျွန်ကယ်ရီက ထည့်သွင်းပြောပြောကြားခဲ့သည်။

ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲတွင် ဆီးရီးယားအား တိုက်ခိုက်ရန်စီစဉ်မှု အပေါ် အိုဘားမားနှင့် ပူတင်တို့ သဘောထားကွဲလွဲခဲ့ပြီးနောက် ဂျွန်ကယ်ရီမှာ ဥရောပနိုင်ငံများ၏ ထောက်ခံမှုကိုရရှိရန် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အာရပ်နိုင်ငံများ၏ ထောက်ခံမှုကိုပါရရှိရန် ဆောင်ရွက်နေသည်။

Ref : CNN
Photo : FOX 59
…………………………………………………………
ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပြေးလမ်းချော်မှုဖြစ်ပွား ၁၃ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်တွင် ယမန်နေ့ညပိုင်းက ထိုင်းလေကြောင်းမှ လေယာဉ်တစ်စင်း ပြေးလမ်းချော်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။ တရုတ်နိုင်ငံ ဂွမ်ဇူမှထွက်ခွာလာသည့် အဆိုပါလေယာဉ်မှာ သုဝဏ္ဏဘူမိလေဆိပ်သို့ ဆင်းသက်လာစဉ် အတွင်း မြေပြင်ဆင်းဂီယာမှာ ကောင်းမွန်စွာအလုပ်မလုပ်နိုင်ခြင်းကြောင့် ပြေးလမ်းချော်ခဲ့ခြင်းဖြစ်ကာ လေယာဉ်ပေါ်တွင်ပါလာသည့် ခရီးသည်များမှ ၁၃ ဦးဒဏ်ရာရှိခဲ့သည်ဟု ထိုင်းလေကြောင်းလိုင်းမှ သတင်းထုတ်ပြန်ခဲ့သည်။

…………………………………………………………

မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမေရိကန်တွင် သုံးနှစ်သမီးငယ် တစ်ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု အနောက်မြောက်ဘက်ရှိ အီဒါဟိုပြည်နယ်တွင် အသက်သုံးနှစ်အရွယ်ရှိ သမီးငယ်တစ်ဦးမှာ ဖခင်၏သေနတ်ဖြင့် မိမိကိုယ်ကို ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟုသိရသည်။

စနေနေ့ညကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်မှာ ယဲလိုးစတုန်း အမျိုးသားပန်းခြံအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော ကလေးငယ်၏ မိခင်ဖြစ်သူက သူမ၏ကလေးငယ်မှာ ဖခင်၏ပစ္စတိုအားကောက်ယူကာ ကိုယ်တိုင်ပစ်ခတ်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

မိဘများ၏တောင်းဆိုမှုကြောင့် သေဆုံးသူကလေးငယ်၏အမည်ကို ထုတ်ပြန်ခြင်းမပြုဘဲ ဖြစ်စဉ်အသေးစိတ်ကို ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။
Ref: AGB/AGB
…………………………………………………………
အလ်ကိုင်းဒါးအဖွဲ့ဝင် ၃ ဦးအား ယီမင်ဖမ်းဆီး

ယီမင်နိုင်ငံတောင်ဘက်ရှိ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် အေဒင်မြို့တွင် ယီမင်အခြေစိုက်အလ်ကိုင်းဒါးအဖွဲ့နှင့် ဆက်စပ်နေသူသုံးဦးအား ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ “မကြာသေးခင်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသွားတဲ့ သူတို့ရဲ့လူတွေအတွက် လက်စားချေတဲ့အနေနဲ့ အေဒင်မှာရှိတဲ့ အစိုးရအဆောက် အအုံတွေကို တိုက်ခိုက်ဖို့အတွက် လက်နက်တွေ သယ်ဆောင်ဖို့ စီစဉ်နေတဲ့ အလ်ကိုင်းဒါး သုံးဦးကို  အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟု အစိုးရအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

တရုတ်မူလတန်းကျောင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွား နှစ်ဦးသေဆုံး

ကမ္ဘာ့လှည့်ခရီးသွားများစိတ်ဝင်စားသည့် တရုတ်နိုင်ငံတောင်ပိုင်း မြို့တစ်မြို့ရှိ မူလတန်းကျောင်းအနီးတွင် ယနေ့နံနက် ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာများက ဖေါ်ပြခဲ့သည်။

ထိုပေါက်ကွဲမှုမှာ အပန်းဖြေမြို့တစ်မြို့ဖြစ်သော ဂွီလင်းမြို့ရှိ Balijie မူလတန်းကျောင်း ဂိတ်ပေါက်ဝသို့ သုံးဘီးဆိုင်ကယ်တစ်စီး ၀င်ရောက်လာချိန်တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး လူ ၂ ဦးသေဆုံးခဲ့ကာ ၁၈ ဦးခန့်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရရှိသူများမှာ မူလတန်းကျောင်းသားများ ဖြစ်ကြသည်ဟု သိရသည်။ ဖြစ်စ ဉ်အသေးစိတ်နှင့်ပက်သက်၍ ဆက်လက် စုံစမ်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

…………………………………………………………
မိုးပျံလျှပ်စစ်ဒါန်း ပျက်ကျမှုကြောင့် အမေရိကန်တွင် ကလေးငယ် ၁၃ ဦးဒဏ်ရာရ

130908163033-connecticut-swing-collapse-children-injured-00003620-story-top

အမေရိကန်နိုင်ငံ ကွန်နက်တီကတ်ပြည်နယ်တွင် ကျင်းပပြုလုပ်သည့် ပွဲတော်တစ်ခုတွင် မိုးပျံလျှပ်စစ်ဒန်းပျက်ကျမှု တစ်ခုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁၃ ဦး ဒဏ်ရာရ ရှိခဲ့သည်ဟု သိရသည်။

ထိုလျှပ်စစ်ဒါန်းမှာ ရုတ်တရတ် လျှပ်စစ်ဓာတ်အားပျက်တောက်သွားမှုကြောင့် ပျက်ကျခဲ့ရခြင်းဖြစ်ပြီး လိုက်ပါစီးနင်းနေသည့် ကလေးငယ်များမှာ မြေပြင်ပေါ်သို့ ပြုတ်ကျ ခဲ့သည်ဟု ကွန်နက်တီကတ် ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖေါ်ပြခဲ့သည်။

ဒဏ်ရာရရှိသူအများစုမှာ ဆိုးရွားမှုမရှိဘဲ အနည်းငယ်သာ ပြင်းထန်သည်ဟု သိရသည်။
Ref: CNN

Tags:

Leave a Reply