6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၁၄၊ ၂၀၁၃
M-Media
လင်းလင်း

ရန်ကုန်   ။         ။   အွန်လိုင်းမှတဆင့် သင်ယူနိုင်သော ဥပဒေ ဒီပလိုမာ သင်တန်းကို ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေရေးရာဌာနသို့ အွန်လိုင်းမှ လျှောက်ထားနိုင်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရာ၌ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူများအတွက် ပိုမိုအဆင်ပြေစေရန် နံနက် ၆ နာရီမှ ည ၆ နာရီ အထိ သတ်မှတ်ပေးထာကြောင်း၊ ယခုနှစ်တွင် ဒုတိယ အသုတ် ဒီပလိုမာသင်တန်း ပထမနှစ်ဝက်ဖြေဆိုသူ ၁၀၀-ကျော်ရှိပြီး ပထမ အသုတ် ဒီပလိုမာသင်တန်း ဒုတိယနှစ်ဝက်ဖြေဆိုသူ ၅၄-ဦးရှိကြောင်း ဖြေဆိုပြီး ရက်ပိုင်းအတွင်း၌ ရလဒ်များကို Online ၌ ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေ ဒီပလိုမာကို www. yudeonline.com.mm မှ လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်ရှိ ကျန်ဘာသာရပ်များလည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာမှစပြီး အွန်လိုင်းမှတစ်ဆင့် ဒီဂရီပေးနိုင်ရန် စတင်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်ဥပဒေရေးရာဌာနအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ဥပဒေဒီပလိုမာသင်တန်းကို ၂၀၁၂-ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဒီပလိုမာသင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခုနှင့် တစ်ခုကို ၅-လတာ သတ်မှတ်ကာ ပထမနှစ်ဝက်တွင် ဘာသာရပ် ၅-ခု သင်ကြား ခဲ့ကြောင်း ဘာသာရပ်တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြားရန်ပြဠာန်းထားသည်။ ဒုတိယနှစ်ဝက်တွင်လည်း ဥပဒေပညာရပ် ၄-ခု ပြဋ္ဌာန်း သင်ကြားပေး ပြီး အဲဒီအနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစုတင်ပြရမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်ပါမောက္ခ ဒေါ်မမလေးမှ ပြောကြားခဲ့သည်။

ကိုးကား >> ကြေးမုံသတင်းစာ

Tags:

Leave a Reply