စက်တင်ဘာ ၁၄၊ ၂၀၁၃
M-Media
ကိုစိုင်း
မိုင်းဖြတ် ။ ။ မန္တလေးတိုင်း မိတ္ထီလာနှင့် ရှမ်းပြည်နယ် တာချီလိတ် ပြေးဆွဲနေသော ခရီးသည်တင်ကားတစ်စီးသည် မိုင်းဖြတ်မြို့၊ ဆွပ်လောင်ဝ်ရွာအ၀င်တွင် ယနေ့မနက် ၉း၀၀-နာရီခန့် ချောင်းအတွင်းထိုးကျသွားသဖြင့် ၉-ဦး သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ခရီးသည်တင်ကားသည် မိတ္ထီလာ – မလိုင် – တာချီလိတ် ပြေးဆွဲသောသော ကားဖြစ်ပြီး ကျိုင်းတုံ နှင့် မိုင်းဖြတ်ကြားရှိ ဆွပ်လောဝ်ရွာ အ၀င် ချောင်းအတွင်း ထိုးကျခဲ့သဖြင့် ကားပေါ်ပါသူ ခရီးသည် ၂၀-ကျော်အနက် ၉-ဦး သေဆုံးသွားကြောင်းသိရသည်။
အဆိုပါ ၉-ဦးတွင် ၇-ဦးမှာ အမျိုးသမီးများဖြစ်ပြီး ၂-ဦးမှာ အမျိုးသားဖြစ်သည်။ သေဆုံးသူ ၉-ဦးတွင် ဗုဒ္ဓဘာသာဝင် ၅-ဦး၊ ခရစ်ယာန်ဘာသာဝင် ၂-ဦး၊ အစ္စလာမ် ဘာသာဝင် ၂-ဦး ဖြစ်သည်။
ခရစ်ယာန်ဘာသာဝင်(၂)ဦးအားလည်း ခရစ်ယာန်ဘာသာရေးအဖွဲ့များမှ လာရောက်သွားကြသကဲ့သို့ ဗုဒ္ဓဘာသာဝင်များအားလည်း ဗုဒ္ဓဘာသာသာရေးနာရေးအဖွဲ့များမှ အသီးသီး လာရောက်ယူဆောင်သွားကြကြောင်း သိရသည်။
၎င်း အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် ၂-ဦးမှာ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးဖြစ်ပြီး မိတ္ထီလာဘက်မှ လာကြသူများဖြစ်သည်။ ထိုသေဆုံးသူ ၂-ဦးအား ကျိုင်းတုံနှင့် တာချီလိတ်မှ မွတ်စလင်မ်လူငယ်များ သာရေးနာရေးအကျိုးဆောင်အဖွဲ့များမှ တာချီလိတ်မြို့မွတ်စလင်မ်သုဿာန်တွင် မြှုတ်နှံရန်အတွက် မိုင်းဖြတ်ဆေးရုံမှ သယ်ဆောင်သွားကြသည်။
Comments