6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၁၉
M-Media

 

ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်းလားမားက မြန်မာပြည်မှ ဗုဒ္ဓဘာသာရဟန်းများအား မွတ်စလင်များကို လေးစားသမှုပြုကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း နိုင်ငံတကာသတင်းများက ယနေ့ ဖော်ပြသည်။

“မွတ်စလင်ညီအစ်ကိုမောင်နှမတွေကို ဦးတည်ပြီး ဒေါသအမျက်တွေမထွက်မီမှာ မြန်မာပြည်က ရဟန်းတွေ၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ဗုဒ္ဓသာသနာရဲ့ ယုံကြည်ချက်ကို သတိရကြပါ။” ဟု ဒလိုင်လားမားက ချက်နိုင်ငံ၊ ပရက်မြို့၌ အင်္ဂါနေ့ကကျင်းပသော လူ့အခွင့်အရေးနှစ်ပတ်လည်ကွန်ဖရင့်တွင် မိန့်ကြားခဲ့သည်။

“(ဒီလိုဗုဒ္ဓသာသနာရဲ့ သက်ဝင်ယုံကြည်ချက်ကို သတိတရရှိကြမယ်ဆိုရင်) ဘုန်းကြီး ယုံကြည်မှုရှိပါတယ်။ အဲဒီလိုမျိုး သတိတရရှိမှုကြောင့် မွတ်စလင်ညီအစ်ကို မောင်နှမတွေ ဓါးစာခံဖြစ်နေကြရတဲ့ အခြေအနေကနေ အကာအကွယ်ရပါလိမ့်မယ်။” ဟု ဒလိုင်းလားမားက မိန့်ကြားသည်။

ပရက်မြို့၌ ကျင်းပသော အဆိုပါအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ရာ သူမက ဘာသာခြားလူနည်းစုပဋိပက္ခများပပျောက်ဖို့အတွက်လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ရမည့် အကြောင်း ပြောကြားခဲ့သည်။

“ဒီလို လူနည်းစုအရေးကို လက်ရှိအခြေခံဥပဒေက ဖြေရှင်းပေးနိုင်လိမ့်မှာမဟုတ်ဘူး။ ဒီအခြေခံဥပဒေက လူနည်းစုနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆီးပေးနေတာလည်း မဟုတ်ဘူး” ဟု Forum 2000 ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က သူမတစ်ဦးတည်းအနေဖြင့် ဘာသာရေးလူမှုရေးပဋိပက္ခကို ကာကွယ်ပေးနိုင်လိမ့်မှာမဟုတ်ကြောင်းကိုလည်း ပြောကြားခဲ့သေးသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သော မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမူ မြန်မာပြည်တွင်း ပဋိပက္ခများ မရှိစေဖို့အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များကို အာမခံကတိပေးခဲ့ကြောင်းလည်း သိရသည်။ သို့သော် ပဋိပက္ခ၏ အရင်းအမြစ်များမှာ စစ်တပ်နှင့် ဆက်နွယ်နေသည့် နောက်ကြောင်းပြန်လှည့်လိုသူများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပေသည်။ ထို့ကြောင့် ကာကွယ်ရေးဦးစီးချုပ်၏ ကတိစကားမှာ အမေရိကန်နိုင်ငံတွင် ပြောကြားခဲ့သည့်  အကောင်အထည် ဖော်ဆောင်ရွက်ခြင်းကင်းမဲ့နေသော လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၏ ၉၆၉ နှိမ်နင်းရေးစကားနှင့် အလားသဏ္ဌာန်တူ ဖြစ်လာမည့်အကြောင်းမှာလည်း သံသယ၀င်စရာ ဖြစ်နေပေသည်။

Ref: South China Morning Post

Leave a Reply