စက်တင်ဘာ ၂၄၊ ၂၀၁၃
M-Media
KK
ရန်ကုန် ။ ။ မကြာခင် ကျရောက်တော့မည့် အစ္စလာမ်သာသနာဝင်များ၏ အီဒွလ်အသွလ်ဟာ (ကုရ်ဘာနီ)ရက်မြတ် ကျရောက်တော့မည်ဖြစ်သဖြင့် ကုရ်ဘာနီကြီးကြပ်ရေး ကော်မတီ တစ်ရပ်ကို မနေ့က စက်တင်ဘာ ၂၃-ရက်နေ့က ရွေးချယ် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
အဆိုပါ ကုရ်ဘာနီကြီးကြပ်ရေးကော်မတီအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများဖြစ်သည့် အိုလမာ အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ချုပ်၊ အစ္စလာမ် သာသနာရေးရာကောင်စီ ဌာနချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီ အဖွဲ့ချုပ် (ဗဟို)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ(ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့ချုပ်တို့၏ စက်တင်ဘာ ၂၃-ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း ကုရ်ဘာနီကြီးကြပ်ရေးကော်မတီတွင် နာယကကြီးများအဖြစ် အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ် ဆွာလေ (ခ) ဦးစိုးသန်း၊ အလ်ဟာဂ်ျ ဦးတင်မောင်သန်း၊ အလ်ဟာဂ်ျဦးကျော်စိုး၊ အလ်ဟာဂ်ျဦးမြင့်ထွန်း၊ ဟာဂျီဦးကျော်ခင်တို့ ပါဝင်ပြီး ၊ ဥက္ကဋ္ဌ အလ်ဟာဂ်ျမောင်လာနာ မုဟမ္မဒ်ယူစွဖ် (ခ) ဦးသိန်းမြင့်၊ အတွင်းရေးမှူး အလ်ဟာဂ်ျဦးမြင့်ရွှေ၊ ဘဏ္ဍာရေးမှူး ဦးရဲနောင်သိန်း၊ စာရင်းစစ် အလ်ဟာဂ်ျဦးတင်ယု၊ ပြန်ကြားရေးမှူး ဟာဂျီဦးကိုကိုအောင်နှင့် ကော်မတီဝင်များအဖြစ် အလ်ဟာဂ်ျဦးခင်မောင်သန်း၊ ဦးဝဏ္ဏရွှေ၊ ဦးကျော်ဝင်းဦး တို့ ပါဝင်ကြောင်းသိရှိရပါသည်။
Comments