6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၊ ၂၀၁၂
M-Media

 

ဂတ်စ်ပိုက်လိုင်းစီမံကိန်း ပြဿနာများ ကြီးထွားလာရသည်မှာ လူအခွင့်အရေးချိုးဖောက်မှုများရှိနေ၍ဟု အစီရင်ခံစာထွက်ပေါ်

ရခိုင်ပြည်နယ်ကနေ ယူနန်အထိ သွယ်တန်းထားတဲ့ ရွှေ ဂတ်စ်ပိုက်လိုင်း ပို့လွှတ်နေတဲ့အချိန်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အပြင် ပြဿနာတွေ ပိုကြီးထွား လာနေပြီး အစိုးရလုပ်ဆောင်သည့် စီမံကိန်းတိုင်းတွင် ဒေသခံတွေနှင့် ဖြစ်ပွားသည့် ပြဿနာများအား အချိန်မီ မဖြေရှင်းပါက စီမံကိန်းနှင့်ပတ်သက်၍ အစိုးရအပေါ်အယုံကြည် မဲ့လာနိုင်သလို ဒေသခံတွေ ပါဝင်မည့် အခြေအနေကို ဖန်တီးပေးသင့်ကြောင်းကို ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ စက်တင်ဘာ ၃ဝ-ရက်နေ့က ပြောဆိုလိုက်ကြောင်း ကမာရွတ်ရုပ်သံ မီဒီယာမှာ ဖော်ပြထားတာကို သိရှိရပါတယ်။
_____________________

ရခိုင် ပြည်သူ့စစ်ဖွဲ့စည်းရေး ဦးရွှေမန်းမှ သမ္မတထံ တင်ပြမည်ပြော

ရခိုင်ဒေသ လုံခြုံရေးအတွက် ပြည့်သူ့စစ်ဖွဲ့စည်းရန် ရခိုင်လူထု ကိုယ်စားလှယ်များ၏တောင်းဆိုမှုအား ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစ်သတင်းစာတွင် ဖော်ပြထားကြောင်း ဧရာဝတီသတင်းဌာနမှတဆင့် သိရှိရပါတယ်။
______________________

နိုင်ငံရေးမှာ တပ်မတော် ၀င်မပါရန် ဒေါ်အောင်ဆန်းစုကြည် ပြောပြီ

တပ်မတော်၏ အခန်းကဏ္ဍမှာ တိုင်းပြည်နှင့် ပြည်သူလူထုကို ကာကွယ်ရန်ဖြစ်တဲ့အတွက် နိုင်ငံရေးထဲ ၀င်ပါသည့် တပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အားမပေးကြောင်း၊ ပြည်သူလူထု ရွေးချယ်ထားသည့် အရပ်သားအစိုးရအနေဖြင့် တပ်မတော်အတွက် တာဝန်ယူရမည်ဖြစ်ပြီး၊ တပ်မတော်ကိုလည်း တကယ့်အရည်းအချင်းပြည့်ဝ ကမ္ဘာ့စံချိန်မီတဲ့ ပြည်သူက တကယ်ချစ်ပြီး ထောက်ခံအားပေးတဲ့ တပ်မတော်ဖြစ်စေချင်တယ်လို့ နေပြည်တော် လွှတ်တော်ဝင်းမှာ ဒီနေ့နေ့လည်ပိုင်းက သတင်းထောက်များနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တယ်လို့ RFA သတင်းစာမျက်နှာ ဖော်ပြထားပါတယ်။
_______________________

မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မလိုလား၍ ဖျက်ဆီးရန် ဆောင်ရွက်နေသူများရှိသည်ဟု ဦးဝဏ္ဏမောင်လွင်ပြော

မြန်မာ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေဟာ စိတ်ချ တည်ငြိမ်တဲံ အခြေအနေမရောက်သေးတာကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံမှာ သိသာ ထင်ရှားတဲ့ တိုးတက်အောင်မြင်မှုတွေ ရှိသလို တဘက်မှာ သတိထားရမယ့်အခြေရှိတယ်လို့ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ပြောကြားကြောင်းကို ကုလသမဂ္ဂနှစ်ပတ်လည်ညီလာခံ မိန့်ခွန်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြေဆိုခဲ့ကြောင်း VOA သတင်းဌာနကို ကိုးကား၍ ဖော်ပြလိုက်ရပါတယ်။
_________________________

သက်ကြီးရွယ်အို အခမဲ့ စောင့်ရှောက်ရေးဂေဟာ ရန်ကုန်တွင် ဖွင့်မည်

မြန်မာနိုင်ငံမှာ အသက် ၇၀-အထက် အဘိုးအဘွားတွေအတွက် Day Care အခမဲ့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ရန်စီစဉ်ထားပြီး
လျှောက်ထားသူ ၂၀၀-ကျော်ရှိတယ်လို့ ဒီနေ့ အောက်တိုဘာ ၁-ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ မြန်မာအစိုးရက
ပြောကြားလိုက်တယ်လို့ ကမာရွတ်ရုပ်သံ မီဒီယာမှာ ဖော်ပြထားပါတယ်။

___________________________

မလေးရှားတွင် အစာအဆိပ်သင့်မှုဖြစ် ၃-ဦးသေဆုံး

မလေးရှားနိုင်ငံ ကဒါ့ ပြည်နယ်ရှိ စွန်ဂိုင်းပတ္တာနီမြို့တွင် ပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်တွင် အစာအဆိပ်သင့်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၃-ဦးသေဆုံးခဲ့ကာ ၆၅-ဦး ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

မနက်ပိုင်းတွင် မင်္ဂလာပွဲသို့သွားရောက်ခဲ့ကြသူများမှာ ညနေပိုင်းတွင် အော့အန်ခြင်းနှင့် ၀မ်းလျှောခြင်းများ ဖြစ်ပွားခဲ့ကြပြီး အသက် ၂၀-အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၁၁-နှစ်ရွယ် ကလေးငယ် ၁-ဦးနှင့် အသက် ၆၅-နှစ်အရွယ် လူကြီးတစ်ဦးတို့ သေဆုံးခဲ့ကြသည်။

ထိုမင်္ဂလာပွဲသို့ တက်ရောက်ခဲ့ကြသည့် သူများထဲမှ ၃၅-ဦးမှာ စွန်ဂိုင်းပတ္တာနီဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး နှစ်ဦးမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသည်။ အခြားသော လူ-၃၀ မှာလည်း ယန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။
Ref : nst

______________________

 

တိုင်ဖုန်းဝူတစ်ကြောင့် ဗီယက်နမ်တွင် ၃-ဦးသေ ၃၅-ဦးဒဏ်ရာရ

တရုတ်နိုင်ငံမှ ဗီယက်နက်နိုင်ငံအလယ်ပိုင်းသို့ရွှေ့လျားသွားသော တိုင်ဖုန်းဝူတစ်ကြောင့် ဗီယက်နက်နိုင်ငံတွင် လူ ၃- ဦး သေဆုံးခဲ့ပြီး ၃၅-ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လည်ပိုင်းက၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၉၅၀၀၀-ခန့် ပျက်စီးခဲ့ကာ သေဆုံးသူများမှာ Quang Binh ပြည်နယ်မှဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ Ha Tinhပြည်နယ်၊ Quang Tri ပြည်နယ် နှင့် Thua Thien Hue ပြည်နယ်တို့မှဖြစ်ကြသည်။ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း မုန်တိုင်းများ တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ၊ ကောက်ပဲသီးနှံများပျက်ဆီးခဲ့ရပြီး လျှပ်စစ်ဓာတ်အားလိုင်း များလည်း ပြတ်တောက်နေသည်ဟု သိရသည်။
Ref : xinhuanet

______________________


ဘဏ္ဍာရေးအကြပ်အတည်းအား ဖြေရှင်းနိုင်ခြင်းမရှိသေးသောကြောင့် အစိုးရလုပ်ငန်းများအား ရပ်ဆိုင်းထားရန်

အိမ်ဖြူတော်ညွှန်ကြား

အစိုးရယန္တရားများရပ်ဆိုင်းရခြင်းကိုရှောင်လွှဲရန်အတွက် ထောက်ပံ့မှုများပြုလုပ်ပေးရန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် တို့တွင် သဘောတူညီမှု မရခဲ့သောကြောင့် ပြည်ထောင်စုအတွင်းရှိ အစိုးရလုပ်ငန်းများအားလုံးကို ပိတ်ထားရန် အိမ်ဖြူတော်မှ ညွှန်ကြားခဲ့သည်ဟုသိရသည်။

“(ကူညီဖို့) လျာထားငွေမရှိတဲ့အတွက်ကြောင့် (အစိုးရ)လုပ်ငန်းတွေအားလုံး ပိတ်ထားဖို့ဆိုတဲ့ အမိန့်ကို လိုက်နာဆောင်ရွက်သင့်ပါတယ်”ဟု အိမ်ဖြူတော် အဏ္ဍာရေးနှင့် စီမံခန့်ခွဲရေးရုံးမှ ဒါရိုက်တာ ဆယ်လ်ဗီယာ မက်သယူး ဘာဝယ်လ်က ပြောကြားခဲ့သည်။

ထိုအမိန့်မှာ အမေရိကန်အစိုးရ ဘဏ္ဍာငွေ လုံးဝပြတ်တောက်သွားပြီး နောက်ပိုင်း ၁၀-မိနစ်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဗဟိုအစိုးရမှ ဘဏ္ဍာငွေထုတ်ပေးရန် သမ္မတအိုဘားမားက အဆိုတင်သွင်းခဲ့သော်လည်း အမေရိကန် ကွန်ဂရက်ရှိ အတိုက်အခံ အုပ်စုနှစ်ခုအကြား သဘောတူညီမှုမရရှိခဲ့ပေ။ ထိုအကြပ်အတည်းကြောင့် အစိုးရ၀န်ထမ်း ၇-သိန်းကျော်မှာ လခမရသည့် ပိတ်ရက်ရရှိမည် ဖြစ်ပြီး အကယ်၍ အစိုးရရုံးများ ပြန်ဖွင့်ပါကလည်း
ထိုပိတ်ရက်များအတွက် လခရရှိရန်မသေချာပေ။ ဘဏ္ဍာရေးအကြပ်အတည်းကြောင့် အမေရိကန်အစိုးရလုပ်ငန်းများ ပိတ်ပစ်ရမှုမှာ ၁၇-နှစ်အတွင်း ထမဦးဆုံးအကြိမ်ဖြစ်ပွားခြင်းလည်းဖြစ်သည်။
Ref : presstv
2.10
______________________

 

ယာဉ်မတော်တဆမှုများကြောင့် ကမ္ဘောဒီးယားတွင် ၉-လအတွင်း ၁၄၆၉-ဦးသေဆုံး

ကမ္ဘောဒီးယားနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် ၉-လအတွင်း လူပေါင်း ၁၄၆၉-ဦးသေဆုံးခဲ့သည်ဟု သိရသည်။ ၁၄၈၃-ဦးသေဆုံးခဲ့သည့် ယမန်နှစ်ကထက် ၁-ရာခိုင်နှုန်းလျော့ကျခဲ့သည်။ ယခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မတော်တဆမှုပေါင်း ၃၂၄၃-ခုဖြစ်ပွားခဲ့ပြီး၊ ယမန်နှစ် ၃၂၇၉-ခုဖြစ်ပွားခဲ့သောကြောင့်
အနည်းငယ်လျော့ကျခဲ့သည်။

မတော်တဆမှုများ၏ ၅၀-ရာခိုင်နှုန်းမှာ သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်မှုကြောင့်ဖြစ်ပြီး၊ ၁၃-ရာခိုင်နှုန်းမှာ အရက်သောက်၍မောင်းနှင်မှု၊ ကျန်သည့် မတော်တဆမှုများမှာ သတိလက်လွတ်မောင်းနှင်မှုနှင့် ယာဉ်စည်းကမ်းများ ချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီဌာန ၀န်ကြီး Preap Chan Vibol က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သေဆုံးမှုများထဲတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုမှာ အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် ယမန်နှစ်က အမေရိကန်ဒေါ်လာ သန်း ၃၀၀-ဖိုးခန့် ဆုံးရှုံးခဲ့ရသည်။
Ref : xinhua

______________________

Tags:

Leave a Reply