6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁ ၊
M-Media
တာလီဘန်တို့၏ လုပ်ကြံခံရမှုမှ လွတ်မြောက်လာခဲ့သည့် ပါကစ္စတန်နိုင်ငံသူ မာလာလာအား ဟားဗတ်တက္ကသိုလ်မှ ပညာရေးနှင့် ပတ်သက်သည့် လူထု အကျိုးဆောင်ဆု ချီးမြှင့်လိုက်သည်ဟု သိရသည်။

432774_1

“ငြိမ်းချမ်းရေးနဲ့ ပညာရေးအတွက် ထွက်လာတဲ့အသံဟာ သိပ်ကို အင်အားကြီးပါတယ်။ တာလီဘန် ဆိုသူတွေဟာ အမျိုးသမီးတွေရဲ့ စွမ်းအားနဲ့၊ ပညာရေးရဲ့ စွမ်းအားကိုကြောက်ကြသူတွေပါ” ဟု မာလာလာက ဟားဗတ် တက္ကသိုလ် ဆန်ဒရီယက်စ် ခန်းမပြုလုပ်သည့် ဆုပေးပွဲအခမ်းအနားတွင် ရာပေါင်းများစွာသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် တက်ရောက်လာကြသူများအား ပြောကြားခဲ့သည်။

အမျိုးသမီးများပညာသင်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် မာလာလာမှာ ၂၀၁၃ ခုနှစ် Peter J Gomes လူထု အကျိုးဆောင်ဆုအား လက်ခံရယူရန် ဟားဗတ်တက္ကသိုလ်သို့ သောကြာနေ့က ရောက်ရှိခဲ့သည်။ ဟားဗတ်တက္ကသိုလ်၏ ဥက္ကဌ Drew Gilpin Faust က ၎င်းတို့မှာလည်း ပညာရေးနှင့် ပက်သက်သည့်လုပ်ငန်းများကိုဆောင်ရွက်နေခြင်းကြောင့် မာလာလာအားကြိုဆိုရခြင်းကို ကျေနပ်မိကြောင်း ပြောဆိုခဲ့သည်။

နိုဘယ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဌ Thorbjorn Jagland က ဆုပေးပွဲအခမ်းအနားတွင်ဖတ်ကြားခဲ့သော ဂုဏ်ပြုသ၀ဏ်လွှာတွင် မာလာလာအား အထူးချီးကျူးဂုဏ်ပြုခဲ့သည်။

“အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အခွင့်အရေးတွေအတွက် ကြံ့ကြံ့ခံတောင်းဆိုဖို့ အသင့်ရဲ့သတ္တိက သန်မာတဲ့ သတင်းစကားတစ်ခုကို ပို့ပေးလိုက်တာပါပဲ” ဟု ထိုသ၀ဏ်လွှာတွင်ရေးသားထားသည်။

နိုင်ငံရေးသမားတစ်ယောက်သည် နိုင်ငံတကာအထိ ထိုးဖောက်နိုင်သောကြောင့် အသက် ၁၆ နှစ်အရွယ်ရှိ မာလာလာမှာ နိုင်ငံရေးသမား တစ်ဦးဖြစ်ချင်သည်ဟုပြောဆိုလိုက်သည်။ သူမ၏ မွေးရပ်မြေ ဆွက်တောင်ကြားဒေသအကြောင်းလည်းပြောကြားခဲ့ပြီး တစ်နေ့နေ့တစ်ချိန်ချိန်တွင် အိမ်ပြန်နိုင်ရန် မျှော်လင့်နေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

မလာလာမှာ အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီးများပညာသင်ခွင့်ရရှိရေးကို ကြိုးပမ်းခဲ့ပြီး အမျိုးသမီးများကျောင်းသို့သွားရန် တိုက်တွန်းခဲ့သည့် မာလာလာမှာ ၂၀၁၂ ခုနှစ်က တာလီဘန်များ၏ လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ အာရုံစိုက်ခြင်းကိုခံခဲ့ရသည်။

ပညာရေးနှင့်ပက်သက်ပြီး သူ၏ ကြိုးပမ်းမှုများအတွက် ပြီးခဲ့သည့် သြဂုတ်လက နိုင်ငံတကာကလေးများ ငြိမ်းချမ်းရေးလှုပ်ရှားမှု ဆုကို ရရှိခဲ့သည့်မာလာလာမှာ ယခုလက်ရှိတွင် အင်္ဂလန်နိုင်ငံ၌ ကျောင်းတက်လျက်ရှိသည်။

Ref: OnIslam

Leave a Reply