6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၊ ၂၀၁၃
M-Media
ထွန်းတောက်

ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

 

သံတွဲမြို့ ဇီးကျွန်းကျေးရွာရှိ ကမန်မွတ်စလင်မ်ပိုင် လယ်တောများအား ယနေ့ည ၇း၃၀-နာရီခန့်က အကြမ်းဖက်သမားများက ၀င်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။

အဆိုပါ ဇီးကျွန်းကျေးရွာတွင် မွတ်စလင်မ်အိမ်များမရှိပဲ ကမန်တိုင်းရင်းသားများ ပိုင်သည့် လယ်တောများနှင့် လယ်တဲ (၂၀)ခန့်သာရှိကြောင်း၊ လယ်တော မည်မျှကို မီးရှို့နေကြောင်း အတိအကျ မသိရသော်လည်း မီးရှို့နေသည့် မီးတောက်နှင့် မြင်ကွင်းကို ပျဉ်ရောင်းမှ လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက M-Media ကို ပြောပါတယ်။

ယနေ့ညနေပိုင်း သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ဘက်တွင်လည်း လူစုလူဝေး ပြုလုပ်နေမှုကြောင့် သံတွဲမြို့ခံများမှ စိုးရိမ်နေကြပါတယ်။ သမ္မတ ဦးသိန်းစိန် သံတွဲမြို့ကို လာရောက်မည်ဆိုသည့်အတွက် ဇီးကျွန်းတွင် ဒုက္ခသည်စခန်းဖွင့်ကာ ရခိုင်အများစုမှာ အဆိုပါ ဒုက္ခသည်စခန်းတွင် သွားရောက်နေထိုင်ကြပြီး သံတွဲမြို့တွင် လက်ရှိဖြစ်ပေါ်နေသော အကြမ်းဖက်ခံရမှုများကို ပြောင်းပြန်လုပ်ကာ ရခိုင်များက အကြမ်းဖက်ခံရသည်ဟုဆိုကာ ၎င်းဒုက္ခသည်စခန်းတွင် ဇီးကျွန်းကျေးရွာရှိ ရခိုင် အမျိုးသမီး၊ ကလေး အများစုကို သွားရောက်ပို့ဆောင်ကာ ဒုက္ခသည်စခန်း ဖွင့်လှစ်ထားတယ်လို့ ပျဉ်ရောင်းကျေးရွာမှ သတင်းပေးပို့လာပါတယ်။

ဓါတ်ပုံအညွှန်း > သံတွဲမြို့ဝန်းကျင်ရွာများနှင့် အကြမ်းဖက်ခံထားရသည့် ကျေးရွာများ မြေပုံအကြမ်း

Leave a Reply