6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၂၊ ၂၀၁၃
M-Media
ထွန်းတောက်

 

သံတွဲ ဗောဓိကုန်းရှိ ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေ (Breaking News ၁၀း၀၅-နာရီ)

ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သံတွဲ အဏ္ဏ၀ါရပ်ကွက် ငပလီ အဏ္ဏ၀ါရိပ်သာမှာ ရှိနေသော ယခုအချိန် (ည ၁၀း၀၅-နာရီ) မှာပင် သံတွဲ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် အိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

=================

ဗောဓိကုန်းရပ်ကွက် မီးရှို့မှု နောက်ဆက်တွဲသတင်း (Breaking News ၁၀း၂၀-နာရီ)

သံတွဲမြို့နေ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှ ပိုင်သော ဗောဓိကုန်းရပ်ကွက်ရှိအိမ်အား အကြမ်းဖက်သမားများမှ မီးရှို့နေသောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားထားကြောင်း၊ ရဲနှင့် ရပ်ကွက်မှ လူ ၆၀-ခန့် ရောက်ရှိကြောင်း၊ မီးသတ်ဌာနသို့ အကြောင်းကြားထားသော်လည်း မီးသတ်ကား မရောက်လာသေးကြောင်း၊ အနီးအနားဝန်းကျင်မှဝိုင်းပြီး မီးငြိမ်းသတ်ရန် လုပ်ဆောင်နေကြောင်းကို သံတွဲမြို့မှ ထပ်မံ သတင်းပေးပို့လာပါတယ်။

=================

သံတွဲမြို့ ရွှေကျောင်းပြင်ရပ်ကွက်အားလည်း အကြမ်းဖက်သမားများ ၀ိုင်းထား (Breaking News ၁၀း၃၅-နာရီ)

သံတွဲမြို့ ဗောဓိကုန်းရပ်ကွက်ရှိ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင် အိမ်အား မီးရှို့နေရာမှ ယခုအခါ ကမန်တိုင်းရင်းသားအများစုနေထိုင်သည့် ရွှေကျောင်းပြင်ရပ်ကွက်ကို အကြမ်းဖက်ရန် အကြမ်းဖက်သမားများ ၀ိုင်းထားသည်ဟု သံတွဲမြို့မှ သတင်းရရှိပါတယ်။

=================


သံတွဲမြို့ နောက်ဆက်တွဲသတင်း (Breaking News ၁၁း၀၀-နာရီ)

သံတွဲမြို့ ကမန်တိုင်းရင်းသား ဦးကျော်ဇံလှပိုင်သည့် ဗောဓိကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးအား အကြမ်းဖက်သမားများမှ မီးရှို့ခဲ့ပြီး ဦးရှဖီးယား၏ အိမ်အားလည်း မီးကွင်း ၂-ကြိမ်ပစ်ခဲ့ကာ ပထမအကြိမ်တွင် သစ်ပင်အား ထိမှန်၍ မီးမလောင်ခဲ့သော်လည်း ဒုတိယအကြိမ်တွင် အိမ်ကို မီးအနည်းငယ် လောင်ကျွမ်းခဲ့ပါတယ်။

ယခုအခါ သေနတ်ပစ်ဖောက်သံ ၈-ချက်ကို ကြားရပြီး အခြေအနေ မည်သို့ ရှိနေသည်ကိုမူ အသေးစိတ် မသိနိုင်ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများတွင် ဦးဆောင် ပါဝင်နေသူမှာ သံတွဲမြို့မှ ရဲတပ်ကြပ် စိန်ဝင်း၏ ညီဖြစ်သူ ကိုဇော်ဆိုသူဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်းပါဝင်နေကြောင်း သံတွဲမြို့မှ သတင်းပေးပို့လာပါတယ်။

 

 

Leave a Reply