6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

၁၉၅၀ မှ ၁၉၈၀ ကျော်ခုနှစ်များအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့သည့် ဘလ်ဂျီယံလိင်အရှုပ်တော်ပုံတွင် ခရစ်ယံဘုန်းကြီးများပါဝင်နေမှုကြောင့် ဗာတီကန်ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ဘနဒစ်အနေဖြင့် အလွန်အမင်းစိတ်ခံစားမှုရနေကြောင်း ဗာတီကန်ရှိပြောရေးဆိုခွင့်ရှိသူတစ်ဦးက စီအင်အင်သို့ တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ဖာသာဖဲဒဲရီကို လန်ဘော်ဒီက ဤသတင်းကို တရားဝင်ဖော်ပြလိုက်ခြင်းက မိမိတို့အပါအ၀င် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသူများကို ခံစားစေရကြောင်းပြောသွားခဲ့သည်။ ထိုသို့သော ကြေညာမှုကို ဘလ်ဂျီယံရှိ ခရစ်ယာန်ကျောင်းများ၌ ခေါင်းဆောင်များက ကလေးများကိုလိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့သော ဖာသာများအနေဖြင့် မိမိတို့၏အထက်တွင်ရှိသည့် ဖာသာများထံဖွင့်ဟသင့်ကြောင်း ပြောဆိုပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည။်

အန့်ထ်ဝါးပ်ဘုရားကျောင်းတွင်သတင်းသုံးသော ဘစ်ရှော့ပ်ဂျိုဟန်ဘော်နီက ဤသို့ဖွင့်ဟ၀န်ခံမှုများကို ဆောင်ရွက်ကြရေးအတွက် အင်အားသုံးကာ ထပ်မံနှိုးဆော်လိုကြောင်းလည်း ပြောဆိုခဲ့သည်။ တနင်္လာနေ့တွင် သူက ခရစ်ယာန်သာသနာရေးကျောင်းများနှင့် ပတ်သတ်ဆက်နွယ်နေသူများအနေဖြင့် အကယ်၍ ကလေးများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများတွင်ပါဝင်ပတ်သက်ခဲ့ပါမူ မိမိတို့အထက် ဖာသာများထံဖွင့်ဟလိုက်ခြင်းက အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း သို့မဟုတ်ပါက ကုသရေး၊ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးနှင့် စစ်ဆေးစုံစမ်းရေး စင်တာများတွင် ဖွင့်ဟ၀န်ခံရမည့်အကြောင်း ကြေညာသွားခဲ့သည်။

လာမည့်အင်္ဂါနေ့(စက်တင်ဘာ ၁၄)တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့အား အင်တာဗျူးရန် ချာခ်ျအာဏာပိုင်များက စီစဉ်ထားကြောင်းသိရသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒေါက်တာ ပီတာအက်ဒရီယေးဆင်က ဦးဆောင်သွားမည်ဖြစ်ပြီး ထိုအဖွဲ့က ၁၉၅၀မှ ၁၉၈၀ကျော်များအတွင်း ရာနှင့်ချီသောကလေးငယ်များကို ခရစ်ယန်ဘုန်းကြီးများနှင့် ချာခ်ျလုပ်အားပေးများက လိင်ပိုင်းဆိုင်ရာကျူးလွန်စော်ကားခဲ့မှုများကို သေးစိတ်စစ်ဆေးစုံးစမ်းသွားမည်ဖြစ်သည်။

လိင်စော်ကားခံခဲ့ရသူများထံမှ တိုင်တန်းမှုပေါင်း ၅၀၀ ကိုလက်ခံရရှိထားပြီး ၄င်းတို့ထဲမှ ၆၀ ရာခိုင်နှုန်းမှာ ယောက်ျားကလေးများထံမှဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားသည်။ လိင်ပိုင်းဆိုင်ရာမတရားကျူးလွန်သူများဟု ယူဆရသူ ၃၂၀ ဦးတွင် ၁၀၂ ဦးမှာ ချာခ်ျကျောင်းများမှဖြစ်ကြောင်း ဖော်ပြသည်။

လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသူများထဲမှ ၁၃ ဦးမှာ မိမိတို့ကိုယ်ကို အဆုံးစီရင်သွားပြီးဖြစ်ကြောင်းလည်းဖော်ပြထားသည်။

လိင်ပိုင်းစော်ကားခံခဲ့ရသူများတွင်  ၂၃၃ ဦးစာရင်း၌ အသက် ၄၈နှစ်အရွယ် ၁၂ဦး၊ အသပ် ၁ နှစ်အရွယ် ၂ ဦး၊ ၅ နှစ်အရွယ် ၄ ဦး ၊ ၈ နှစ်အရွယ် ၅ ဦး ၊ ၇ နှစ်အရွယ် ၆ ဦး နှင့် ၁၀ နှစ်အရွယ် ၇ဦးပါဝင်သည်။

ဘလ်ဂျီယံရဲတပ်ဖွဲ့က ချာခ်ျများ၏ အဓိကရုံးခန်းများကို ၀င်စီးခဲ့ပြီး ဖော်ပြပါလိင်ပိုင်းဆိုင်ရာကိစ္စများကို စုံးစမ်းစစ်ဆေးခဲ့ကြသည်။ ဘလ်ဂျီယံ၏ ဘစ်ရှော့ပ်အကြီးအကဲဟောင်းတစ်ဦးကို ရဲတပ်ဖွဲ့က ၁၀ နာကြာအောင် စစ်ဆေးခဲ့ကြပြီး ထိုဘစ်ရှော့ပ်က မိမိအနေဖြင့် လိင်ပိုင်းစော်ကားမှုများကို ချာခ်ျများတွင်ကျူးလွန်နေကြောင်းသိသော်လည်း မတားဆီးနိုင်ခဲ့ကြောင်းဝန်ခံသွားခဲ့သည်။

Tags:

One Comment

  1. အေးဆွိ ၀င်း says:

    so bad

Leave a Reply