6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၀၊ ၂၀၁၃
M-Media
ချမ်းငြိမ်းအေး

31545_598712750171199_327644139_n

အကြမ်းဖက်ခံ ကမန်တိုင်းရင်းသား မွတ်စလင်များ (Photo: Reuters / Soe Zeya Tun)

သံတွဲ   ။          ။      ၂၀၁၃၊ စက်တင်ဘာ ၂၉-ရက်နေ့ကစတင်၍ သံတွဲမြို့တွင် တကျော့ပြန်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် သံတွဲမြို့ပေါ် ရပ်ကွက်တချို့နှင့် ၀န်းကျင် ကမန်ရွာများမှ အိမ်ခြေ ၁၇၀-နီးပါး မီးရှို့ ဖျက်ဆီးခံရပြီး ကမန် လူဦးရေ ၈၀၀-နီးပါး အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အကြမ်းဖက်မှုပြီးဆုံးပြီးနောက် ဖမ်းဆီးမှုများတွင် အကြမ်းဖက်ခံ ကမန်တိုင်းရင်းသားများပါ ဖမ်းဆီးခံနေရသည်ဟု သိရှိရပါတယ်။

အောက်တိုဘာ ၅-ရက်နေ့တွင် လင်းသီရွာတွင် ဓါတ်ဆီပုလင်းတွေ့ရှိသည်ဟုဆိုကာ ကိုတင်နောင်ထွန်းနှင့်ဒေါ်ခင်မေသန်းတို့အား ဖမ်းဆီးပြီး၊ အခြား ၁၁-ယောက်ကိုလည်း အကြောင်းပြချက်မရှိပဲ ဖမ်းဆီးခဲ့ပါတယ်။ မနေ့က အောက်တိုဘာ ၉-ရက်နေ့မှာ လင်းသီရွာသူကြီးကိုပါ ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

“ကျွန်တော်တို့က အကြမ်းဖက်ခံခဲ့ရသူတွေပါ။ ဘာကြောင့် အခုလို အကြမ်းဖက်ခံခဲ့ရသူတွေကိုပါ လိုက်လံ ဖမ်းဆီးနေတယ်ဆိုတာ မသိရသေးပေမယ့် ရွာထဲက ယောက်ျားလေးတွေလည်း အလကားနေရင်း ဖမ်းခံရမှာ လန့်နေကြတယ်ဗျာ”လို့ လင်းသီဒေသခံတစ်ဦးက ပြောခဲ့ပါတယ်။

အောက်တိုဘာ ၅-ရက်နေ့က ဖမ်းဆီးမှုအား ရွှေလှေရဲစခန်းအား ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခြင်းမပြုသည့်အတွက် အောက်တိုဘာ ၉-ရက်နေ့က လင်းသီရွာလူကြီးအား ဖမ်းဆီးမှုကို ရွှေလှေရဲစခန်းမှ ရဲမှူးတင်မောင်လွင်ထံ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

ဖမ်းဆီးမှုရှိသည်ဆိုသည်မှာ စုံစမ်းစစ်ဆေးမှုပြုဆဲဖြစ်ပြီး သံတွဲအကြမ်းဖက်မှုဖြစ်နေစဉ် အောက်တိုဘာ ၁-ရက်နေ့က ဆိုင်ကယ် ၃-စီးဖြင့် ရခိုင် ၆-ယောက်မှာ လင်းသီရွာအနီးတွင် ပြဿနာဖြစ်ပွားပြီး ၂-ယောက် ပျောက်ဆုံးနေသဖြင့် ဓါးခုတ်မှုနှင့် ပတ်သက်သော ကမန် ၈-ဦးအား အောက်တိုဘာ ၅-ရက်နေ့က ဖမ်းဆီးပြီး စစ်ဆေးခဲ့သဖြင့် တရားခံတွေမှ ရွာအနီး အလောင်းမြှုပ်သည့်နေရာအားလိုက်ပြသဖြင့် သက်သေခံပစ္စည်းများဖြင့် ဖမ်းဆီးပြီး အလောင်းတွေကိုလည်း တူးဖော်ခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

ဆက်လက်၍ အောက်တိုဘာ ၉-ရက်နေ့တွင် လင်းသီရွာလူကြီးအား ဖမ်းဆီးခြင်းမှာ  “သူ့ရဲ့လက်အောက်မှာရှိတဲ့ ရွာဖြစ်တဲ့အတွက် ရွာလူကြီးကို ဖမ်းတယ်ဆိုတာထက် သူ့ကို မေးမြန်းရန်အတွက်ခဏခေါ်လိုက်တာပါ။ သူ့ကိုလည်း အရင်ကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားပါတယ်။ ကျွန်တော်တို့လိုချင်တဲ့ တရားခံတွေ လာအပ်ပေးဖို့ပြောထားပြီးသားပါ။ ကျေးရွာသားတွေကို အမိန့်ပေးပိုင်ခွင့်ထဲမှာ သူတို့လည်း ပါတယ်။ ဒါပေမယ့် သူတို့က အမိန့်မပေးဘူး။ အဲဒါကြောင့် စုံစမ်းမေးမြန်းဖို့ ခေါ်ထားတာပါ။ ဖမ်းထားတဲ့ ၈-ယောက်ကလည်း ဖမ်းတုန်းက မသင်္ကာတရားခံအနေနဲ့ ဖမ်းခဲ့တာပါ။ အခင်းဖြစ်ပွားစဉ်က အဲ့ဒီနေရာမှာ သူတို့ရှိနေတယ်ဆိုတာ သိရလို့ ဖမ်းလိုက်တာ။”လို့ဆိုပါတယ်။

၎င်းရက်များအတွင်း သဗြုချိုင်ရွာတွင် ကမန်တိုင်းရင်းသားများအား အကြမ်းဖက် လူသတ် မီးရှို့ခဲ့သည့်တရားခံများကိုရော ဖမ်းဆီးရမိပြီလားဟု မေးမြန်းချက်အား “သဗြုချိုင် လူသတ် မီးရှို့မှုနဲ့ပတ်သက်ပြီး တရားခံ ၁၃-ဦး ကိုဖမ်းထားပါတယ်။ အခင်းဖြစ်စဉ်မှာ ကျွန်တော်တို့ကိုယ်တိုင် တားရင်းနဲ့ မျက်မြင်တွေ့ရတဲ့ ၁၃-ဦးကို အမှုနဲ့ ဖမ်းဆီးစစ်ဆေးနေတာ ရှိပါတယ်။ အဲ့ဒီ ၁၃-ဦးထဲကပဲ မီးရှို့ရင် ရှိုတဲ့သူ သတ်ရင် သတ်တဲ့သူ ၀န်ခံတာရှိပါတယ်။ ကျွန်တော်တို့က နှစ်ဖက်စလုံးကို ဖမ်းဆီးတာပါ။ ရွှေလှေက နယ်မြေရဲစခန်းဖြစ်တဲ့အတွက် သံတွဲ မြို့မ ရဲစခန်းကိုပဲ ပို့ဆောင် စစ်ဆေးခွင့်ရှိပါတယ်”လို့ ရွှေလှေ ရဲစခန်း ရဲမှူး တင်မောင်မှ ပြောပြပါတယ်။

မနေ့က အောက်တိုဘာ ၉-ရက်နေ့ ည ၁၁-နာရီခန့်မှာ အကြမ်းဖက်ခံခဲ့ရသည့် သဗြုချိုင်ရွာမှ ကျော်ကျော်၊ ကျော်ကြီး၊ ကျော်ကျော်နိုင်၊ အောင်အောင်၊ နေလင်းကျော်၊ ဂျပန်၊ ညီလေး(ခ)ကုလားပု၊ ဖိုးသားအေးတို့အား ထပ်မံ ဖမ်းဆီးခဲ့သည်ဟု ဒေသခံများမှ ဆက်သွယ်ပြောပြမှုကြောင့် ယနေ့မနက်ပိုင်းမှာ ရွှေလှေ ရဲစခန်း ရဲမှူးထံ ထပ်မံ ဆက်သွယ် မေးမြန်းရာ “သဗြုချိုင်က ၈-ယောက်ကို မနေ့ညက ထပ်မံဖမ်းဆီးတယ်ဆိုတာ ကျွန်တော်တို့က ကမန်ရယ် ရခိုင်ရယ်လို့ ဖမ်းတာ မဟုတ်ပဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီးပဲ ဖမ်းခဲ့တာပါ။ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်တွေမှာ ကမန်အိမ်က ဘယ်နှစ်အိမ်ရှိတယ်၊ ရခိုင်အိမ်က ဘယ်နှစ်အိမ်ရှိတယ်ဆိုပြီး စုံစမ်းတဲ့အခါ ရခိုင်အိမ် ၁၁-အိမ် ပါသွားတယ်။ အဲဒီ ၁၁-အိမ်ကို မီးရှို့တယ်လို့ မျက်မြင်သက်သေက ဒီကမန်တွေပါပဲဆိုတဲ့အတွက် သူတို့ကို ဖမ်းဆီးခြင်းဖြစ်ပါတယ်”လို့ဖြေကြားခဲ့တာကြောင့် အများစုမီးရှို့ခံရတာက ကမန်အိမ်တွေဖြစ်တာကြောင့် ကမန်အိမ်တွေကို မီးရှို့သူ သတ်ဖြတ်သူများကိုရော ဖမ်းဆီးရမိတာမျိုး ရှိပါသလားလို့ မေးမြန်းရာ “ကျွန်တော်တို့ ဖမ်းထားတာ ရခိုင်ဘက်က ဖမ်းဆီးမှုလည်း ရှိပါတယ်။ အိမ်မီးရှို့ခံရသူတွေရဲ့ ထွက်ဆိုချက်အရ စုံစမ်းမေးမြန်းဖို့ ကျွန်တော်တို့ ခေါ်ယူရခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဘက်ကလည်း ဖမ်းဆီးထားတာ အယောက် ၂၀-ကျော် ရှိပါတယ်။ ပြစ်မှုကျူးလွန်တဲ့အပိုင်းအလိုက် ခေါ်ယူစုံစမ်းစစ်ဆေးနေပါတယ်။ ကျွန်တော်တို့အနေနဲ့က အမှုကို တရားစွဲဆိုနိုင်တဲ့အဆင့်ထိ ရောက်အောင်ပဲ စုံစမ်းစစ်ဆေးမှုပြုရမှာပါ။ ဥပဒေနဲ့အညီ တရားစွဲတင်ရမှာဖြစ်ပါတယ်။ တရားစွဲတင်တာက ကျွန်တော်တို့အပိုင်းမဟုတ်ပါဘူး။ ကျွန်တော်တို့က အမှုတွဲကို တည်ဆောက်ပြီး သူတို့ထွက်ဆိုချက်အရ ဥပဒေနဲ့အညီ စွဲတင်ဖို့ စီစဉ်ထားပါတယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဖမ်းဆီးထားသည့် ကမန်တိုင်းရင်းသားအားလုံးကို ယခုအခါ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းနှင့် မနေ့ညက ဖမ်းဆီးခံရသူများအားလည်း ရမံဖြင့် သံတွဲထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကို ဖမ်းဆီးခြင်းခံရ၏ နေလင်းကျော် ၏ဖခင်ဖြစ်သူမှ ပြောပြခဲ့ပါတယ်။

အောက်တိုဘာ ၅-ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသည့် ကမန်တိုင်းရင်းသားများကိုလည်း ထောင်အတွင်းတွင် မတရားသဖြင့် ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကြောင်း၊ ဒု-ထောင်မှူး နေ၀င်း (ကိုယ်ပိုင်အမှတ် က/၄၀၃၄)၏ စေခိုင်းချက်အရ တန်းစီး ထက်အောင်နှင့်အဖွဲ့၊ အခန်း(၄) အခန်းလူကြီး မိုးဇော်၊ စည်းကမ်းထိန်း မောင်လှတို့မှ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။

ဒေသခံများအနေဖြင့် ဖမ်းဆီးခံရသူများအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကိုလည်း မသိရှိရပဲ ထပ်မံဖမ်းဆီးခံနေရသည့်အတွက် စိုးရိမ်မှုများ ရှိနေကြပါတယ်။

ယခုအကြောင်းကိစ္စအား ဒေသခံများထံသို ဆက်သွယ်မေးမြန်းရာ “ဒီလို ကိစ္စတွေကြောင့်ဖမ်းတယ်ဆိုတာ အခုမှ သိရတယ်။ ဘာကြောင့် ဖမ်းသွားမှန်းကို မသိတာပါ။ ဓါတ်ဆီပုလင်းမိလို့၊ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာပဲသိတာ။ သဗြုချိုင်မှာက လာရောက် အကြမ်းဖက်ကြသူတွေကို အကြမ်းဖက်ခံရသူတွေက ပြန်လည် ခုခံတာတော့ ရှိခဲ့တာပါပဲ။ အဲလို ပြန်လည် ခုခံတာကို ပြန်ပြီး အကြမ်းဖက်တယ်လို့ပြောတာတော့ တဘက်သတ် လုပ်ကြံမှုပါပဲ။ ကျွန်တော်တို့မှာလည်း ပြန်လည် ခုခံပိုင်ခွင့်ရှိပါတယ်။ လင်းသီမှာ အလောင်းတူးဖော်ရတယ်ဆိုတာလည်း ကျွန်တော်တို့ စပြီးလုပ်ကြတာမှ မဟုတ်တာ။ အခုတော့ မျက်မြင်သက်သေတွေရှိတဲ့ အကြမ်းဖက်သမားရာပေါင်းများစွာကိုတော့ အရေးယူမှုက နှောင့်နှေးနေပြီး အကြမ်းဖက်တာလည်းခံရသေးတယ်၊ အိုးအိမ်မဲ့ ဒုက္ခရောက်ကြတဲ့ ကျွန်တော်တို့တွေကိုတော့ အရေးယူမှုတွေက တအားမြန်ဆန်တယ်။ တကယ်တမ်း တရားဥပဒေ စိုးမိုးမှုသာရှိမယ်ဆိုရင် ဒီလို အကြမ်းဖက်မှုတွေဖြစ်လာစရာအကြောင်းကို မရှိပါဘူး”လို့ ဖြေကြားခဲ့ကြပါတယ်။

Leave a Reply