6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၁၂.၂၀၁၃
M-Media
လင်းလင်း

စိုက်ဘဏ်ချေးငွေ စာအုပ် လိမ်လည်ခံထားရသူ ဦးအေးသောင်းမှ ဖြစ်စဉ်အား ရှင်းလင်းပြောပြနေစဉ်

စိုက်ဘဏ်ချေးငွေ စာအုပ် လိမ်လည်ခံထားရသူ ဦးအေးသောင်းမှ ဖြစ်စဉ်အား ရှင်းလင်းပြောပြနေစဉ်

ရန်ကုန်  ။        ။        ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် ကဒါတ်စိန် ကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးမှုး နှင့် ဇနီးတို့မှ ကျေးရွာနေ ဦးအေးသောင်း၏  စိုက်ဘဏ်ချေးငွေ အား လိမ်လည်ထုတ်ယူခဲ့ကြောင်းသိရသည်။

၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျေးရွာအုပ်ချူပ်ရေးမှုး ဦးဇော်မိုးမှ ဘဏ်ချေးငွေများထုတ်ဖို့အတွက် သီးစားမှတ်ပုံတင်ရန် ၁-ဧကလျှင် (၁၀၀၀၀) ပေးရမည်ဟုပြောသဖြင့် ဦးအေးသောင်းမှာလည်း မြေ ၁၀-ဧက အတွက် ၁၀၀၀၀၀ ပေးရန်မရှိ သောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးအား မပေးနိုင်သေးပါဟု ပြောကြားခဲ့သည်။ ထို့နောက် ဦးအေးသောင်းမှာ ၂၀၁၂ ခုနှစ်တွင် ချေးငွေ ထုတ်နိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ရပါသည်။ ယခုကဲ့သို့ပင် ၂၀၁၃ ခုနှစ်တွင်လည်း ဘဏ်ချေးငွေ ငွေထုတ်ယူ၍ မရသောကြောင့် စုံစမ်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးမှုး ဦးဇော်မိုး၏ ဇနီး မသဲသဲတုံတို့မှ ဦးအေးသောင်း၏ စိုက်ဘဏ်စာအုပ် အမှတ်-၀၀၅၇ တွင် မှတ်ပုံတင်နံပါတ် ၇/ကဝန(နိုင်)၁၈၁၁၆၇ ကိုပဲ သုံးကာ ဦးအေးသောင်းအမည်နေရာတွင် မသဲသဲတုံ အမည်ပြောင်းထားပြီး လိမ်လည်ထုတ်ယူထားကြောင်း သိရှိခဲ့ရပါသည်။
ဆက်လက်ပြီး ဦးအေးသောင်းမှလည်း “ကျွန်တော့်ကို (၂၀.၉.၂၀၁၃) -(၂၃.၉.၂၀၁၃) နှင့် (၂၆.၃.၂၀၁၃) ရက်နေ့ ရက်စွဲများဖြင့် ကဝမြို့နယ် အုပ်ချုပ်ရေးမှူးမှ ဆင့်ခေါ်စာ (၃) ကြိမ်ပေးပို့ခဲ့ပါတယ်။ တတိယအကြိမ်ပေးပို့တဲ့အခါ ကျွန်တော်၏ မိတ်ဆွေများဖြင့် ကဝမြို့၊ အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ပါတယ်။ ရုံးရောက်တဲ့အခါ ကဝမြို့နယ် အုပ်ချူပ်ရေးမှူးနဲ့ ဝန်ထမ်းတချို့က စာရွက် တစ်ရွက်တွင် လက်မှတ်ထိုးရန် တိုက်တွန်းပြောဆိုခဲ့ပြီး မထိုးလို့မရဘူး၊ ဒါ အစည်းအဝး တက်ကြောင်း လက်မှတ်ထိုးခိုင်းတာဟု လက်မှတ်အတင်းထိုးခိုင်းခဲ့ပါတယ်။ ကျွန်တော်နှင့် ပါလာတဲ့ ဦးမြတ်ကျော်က ဦးအေးသောင်း လက်မှတ်မထိုးလို့မရဘူးလားဟု ဝင်ပြောရာ ခင်ဗျားနှင့်ဘာဆိုင်လို့လဲ ဝတ္တရား နှောက်ယှက်မှုနှင့် အရေးယူရမလားဟု မြို့နယ်အုပ်ချုပ်ရေးမှူး က ပြောဆိုပြီး ရဲအားဖုန်းဆက်ခေါ်ကာ  ဦးမြတ်ကျော်အား ဖမ်းခိုင်း ပါတယ်။ ကျွန်တော်လည်း အဲလို ဖြစ်စဉ်များကြောင့် ကြောက်အားကြီးပြီး လက်မှတ်ရေးထိုးပေးခဲ့ရပါတယ်။ ကျွန်တော် လက်မှတ်ရေးထိုးပေးထားတဲ့ စာရွက်ကို မိတ္တူကူးပေးဖို့ တောင်းဆိုတာကို ပေးမရဘူး ရုံးစာလို့ ပြောပြီး မပေးနိုင်ဟုဆိုကာ ပြန်လွတ်ခဲ့ပါတယ်။
ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေချိန်တွင် ပွင့်လင်းမြင်သာမှုမရှိ လက်မှတ် အတင်းထိုးခိုင်းသော  မြို့နယ် အုပ်ချူပ်ရေးမှူးနှင့် စိုက်ဘဏ်ချေးငွေများ လိမ်လည်ထုတ်ယူသော ကဒါတ်စိန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မိုးနှင့် ဇနီးဒေါ်သဲသဲတုံတို့အား တရားဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ကူညီပေးကြပါ”ဟု M-Media ကို ပြောပါသည်။

အဆိုပါ စိုက်ဘဏ်ချေးငွေအား လိမ်လည်ထုတ်ယူမှု ကိစ္စရပ်အား ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းမှ လိုက်လံ ကူညီဆောင်ရွက် ဖြေရှင်းပေးနေကြောင်းလည်း သိရပါတယ်။

Tags:

Leave a Reply