6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ-၁၇
M-Media

Mandalay boom2

ဓါတ်ပုံ အညွှန်း >> အောက်တိုဘာ ၁၄ ရက် နေ့က မန္တလေးမြို့ ၁၆ လမ်းနှင့် လမ်း ၈၀ ကြား ချိန်ကိုက်ဗုံးတွေ့ရှိခဲ့ပြီး စနက်တံဖြုတ်မရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖောက်ခွဲလိုက်ရသည်။

သောကြာနေ့ကတည်းက ပေါက်လာတဲ့ ဗုံးတွေကြောင့် လူနှစ်ယောက်သေခဲ့ပြီလို့ အတည်ပြုထားသလို ဒဏ်ရာရသူတွေလည်း အများအပြားပါပဲ။ ဗုံးပေါက်တာ ၉ လုံးရှိပါပြီ။ ကုန်သည်ကြီးများဟို တယ်မှာ ပေါက်တဲ့ဗုံးကြောင့် အမေရိကန်နိုင်ငံသူ တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ဘယ်သူကမှ ဒါသူတို့လက်ချက်ပါလို့ ကြေညာခြင်းမျိုးမရှိသေးပါဘူး။ ဆယ်စုနှစ်များစွာ အထီးတည်းဖြစ်နေခဲ့ရာကနေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာနေချိန်၊ နိုင်ငံကလည်း ဒေသတွင်းမှာ အရေးကြီးတဲ့ ခေါင်းဆောင်နေရာကို ရယူထားတဲ့ အခုလို အချိန်မှာ ဗုံးတွေပေါက်တာကြောင့် မြန်မာပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုက မေးခွန်းထုတ်စရာ၊ သံသယ၀င်စရာဖြစ်လာပါတယ်။

ရန်ကုန်မြို့မှာပေါက်တဲ့ဗုံးတစ်လုံးကတော့ ဈေး၊ ဘတ်စ်ကားမှတ်တိုင်တစ်ခုနဲ့ တရုတ်စားသောက်ဆိုင်တစ်ဆိုင်တို့ကို ထိမှန်ခဲ့ပါတယ်။ အဲသလိုပေါက်တာက နိုင်ငံတ၀ှမ်းလုံးမှာပါ။ မပေါက်သေးတဲ့ ဗုံး လေးလုံးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဘန်ကောက်မြို့ အမေရိကန်သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဘန်ကောက်ရောက် ဒဏ်ရာရအမေရိကန်အမျိုးသမီးနဲ့ ပတ်သတ်ပြီး သူမရဲ့ ပုဂ္ဂလိကလုံခြုံရေးအတွက် တစ်စုံတစ်ရာထုတ်ဖော်ပြ ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ ရန်ကုန်က အမေရိကန်သံရုံးကတော့ အမေရိကန်တွေကို လူထူထပ်တဲ့နေရာတွေမှာ သတိထားသွားလာဖို့ နှိုးဆော်ထားပါတယ်။ ရဲကတော့ အသက် ၂၆ နှစ်အရွယ် လူတစ်ယောက်ကို ကုန်သည်ကြီးများဟိုတယ်ဗုံးကွဲမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ မန္တလေးမှာ ဗုံးခွဲဖို့ ကြိုးစားတယ်လို့ သံသယ၀င်ရတဲ့ အခြားလူငါးဦးကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီလို နိုင်ငံတ၀ှမ်းဗုံးကွဲမှုတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေသလား၊ မနေဘူးလားဆိုတာကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်အစိုးရလက်ထက်တုံးကတော့ ဒါမျိုးအသေးစားဗုံးပေါက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး နည်းပါးလာခဲ့ရာကနေ အခုမှ ထဖြစ်တော့ ဘာတွေဖြစ်နေပြီလဲလို့ မေးခွန်းထုတ်စရာပါ။

ဦးသိန်းစိန်ရုံးက ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီလိုမျိုး နိုင်ငံခြားက အရေးကြီးဧည့်သည်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ ၀င်လာနေချိန်မှာ မြန်မာပြည်ကြီး မငြိမ်းချမ်းဘူးဆိုတာမျိုး အထင်ရောက်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့ ဗုံးကွဲမှုတွေကို ရည်ညွှန်းပြီး နယူးယောက်တိုင်းမ်စ်ကို ပြောပြထားပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေးစကားပြောဆွေးနွေးပွဲတွေ ပျက်သွားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

အစိုးရအတိုက်အခံဖြစ်ခဲ့ဖူးသူတစ်ဦးကတော့ ဒါတွေက လက်ရှိအစိုးရကို သိက္ခာလည်းကျစေမယ်၊ လုံခြုံရေးတပ်ဖွဲ့တွေ ပြန်နေရာရအောင်လုပ်ဆောင်ရာလည်း ကျတယ်လို့ တိုင်းမ်စ်မဂ္ဂဇင်းကို ပြောပြထားပါတယ်။

အရှေ့တောင်အာရှက သံတမန်တစ်ဦးကတော့ ဒီဗုံးကွဲမှုတွေဟာ နိုင်ငံပြင်ပက အဖွဲ့တွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ရိုက်တာကို ပြောပြထားပြန်ပါတယ်။

ဒီရက်သတ္တပတ်ထဲမှာ ပေါက်ခဲ့တဲ့ဗုံးတွေကတော့ သတိထားမိစရာကောင်းနေပါပြီ။ ဒီဇင်ဘာမှာ မြန်မာပြည်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ်၊ ၂၀၁၄ မှာ အာဆီယံဥက္ကဌလုပ်ဖို့ ရာထူးယူမယ်၊ ဒါကြောင့် လာမယ့်နှစ်ထဲမှာ အာဆီယံအစည်းအဝေးတွေကို ပြည်တွင်းမှာ ကျင်းပရလိမ့်မယ်။ “ဒီဗုံးအသေးစားတွေက ထိခိုက်ဒဏ်ရာကြီးကြီးမားမား ရစေဖို့ ရည်ရွယ်ပုံမရဘူး၊ နိုင်ငံတွင်းမှာ တည်ငြိမ်မှုမရှိဘူးဆိုတာလောက်ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ရာကျတယ်။” လို့ ကမ္ဘာ့လုံခြုံရေးအကြံပေးလုပ်ငန်း  IHS-Jane’s ရဲ့ ခွဲခြမ်းစိတ်ဖြာရေးဆရာကြီး အန်တိုနီဒေးဗစ်က ရိုက်တာကို ပြောပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ လူတွေအနေနဲ့ လိုတာထက်ပိုပြီး တုန့်ပြန်တာတွေမလုပ်ဖို့၊ ဒါတွေဟာ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်တာတွေဖြစ်ကြောင်း၊ လူတွေက သတိရှိရှိနေပြီး ထောင်ချောက်ထဲရောက်မသွားဖို့လိုကြောင်း ပြောပါတယ်။

Ref:The Atlantic Wire

Leave a Reply