အောက်တိုဘာ၊ ၁၇
M-Media
ရန်ကုန်မြို့နှင့် မြို့ကြီးများတွင် အဆက်မပြတ်ဖြစ်ပွားနေသော ဗုံးပေါက်ကွဲမှုများနှင့် ဆက်လျဉ်းပြီး ဖော်ထုတ်ဖမ်းဆီး ရရှိမှုအခြေအနေများကို မြန်မာနိုင်ငံရဲတပ်ဖွဲမှ သတင်းစာရှင်းလင်းပွဲတ၇ပ် အောက်တိုဘာ ၁၈ ရက် နေလည် ၂း၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ရဲ့ FB စာမျက်နှာမှာ ဖော်ပြထားပါသည်။
တက်ရောက်သတင်းယူလိုသူ သတင်းထောက်များ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဂိတ် (၃) တွင် နေ့လည် ၁၂း၄၅ နာရီ မှ ၁၃း၄၅ နာရီအတွင်း မှတ်ပုံတင်ဝင်ရောက်နိုင်ကြောင်းနှင့် အသေးစိတ်သိရှိ လိုပါက ဦးအောင်ကျော်ဦး၊ ညွှန်ကြားရေးမှူး၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနကို ဆက်သွယ်နိုင်ကြောင်းသိရှိရပါသည်။
လတ်တလောဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများ
—————————————————
၁။ အောက်တိုဘာ ၉ ပဲခူးတိုင်း ဖြူးမြို့နယ်၊ဖြူးစာတိုက် ရုံးရှေ့ ခရီးသည် တင်ယာဉ်ပေါ်တွင် လက်လုပ် ဗုံးတလုံးတွေ့ရှိခဲ့
၂။ အောက်တိုဘာ ၁၁ တောင်ငူမြို့ရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲ ၂ ဦး သေဆုံး ၊ ၁ ဦး ဒဏ်ရာရ
၃။ အောက်တိုဘာ ၁၃ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ဗုံးတလုံးပေါက်ကွဲ၊ အနီးတွင် အခြား ချိန်ကိုက်ဗုံး ဖယ်ရှားနိုင်၊
၎။ အောက်တိုဘာ ၁၃ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေး၊ ဗုံးပေါက် ၁၄ နှစ် အရွယ်ကလေး ၂ ဦး ဒဏ်ရာရ၊
၅။ အောက်တိုဘာ ၁၄ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ ဗုံးပေါက် အမေရိကန်သူ တစ်ဦး ဒဏ်ရာရ၊
၆။ အောက်တိုဘာ ၁၄ ရန်ကုန်မြို့ အလုံမြို့နယ်၊ ကမ်းနားလမ်းမ ဘေးရှိ Western Park Ruby စားသောက်ဆိုင်တွင် ချိန်ကိုက်မိုင်းတလုံးတွေ့၊ အချိန်မှီဖယ်ရှားနိုင်၊
၇။ အောက်တိုဘာ ၁၄ မန္တလေးမြို့၊ကျုံးအနောက်ဘက် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့်ရှိ ရွှေဘဲ စားသောက်ဆိုင်အနီးတွင် ချိန်ကိုက်ဗုံးတွေ စနက်တံဖြုတ်မရ သဖြင့် ဖောက်ခွဲလိုက်ရ၊
၈။ အောက်တိုဘာ ၁၅ စစ်ကိုင်းမြို့ ရွှေပြည့်စုံတည်းခိုခန်း ဗုံး ၁ လုံးပေါက် ဒဏ်ရာရသူမရှိ၊
၉။ အောက်တိုဘာ ၁၅ စစ်ကိုင်းမြို့ ဆွမ်းဦးပုညရှင်ဘုရား အ၀င်ယာဉ်ရပ်နား ၀င်းအနီး ဗုံး ၁လုံးပေါက် ဒဏ်ရာရသူမရှိ၊
၁၀။ အောက်တိုဘာ ၁၇ ရှမ်းပြည်နယ် နမ်းခမ်းမြို့ ဗုံး ၃ လုံးပေါက်၊ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ၊
Comments