6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ- ၂၃

M-Media

အသင်း၏ ရလဒ်များနှင့် ပက်သက်၍ အသင်းသားများကိုသာ အပြစ်တင်ရမည်ဟု အီဗန့်ဆို

john event
ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ယူအသင်း၏ ဆိုးရွားသော စွမ်းဆောင်မှုများနှင့်ပက်သက်၍ ကစားသမားများတွင်သာ တာဝန်ရှိပြီး၊ နည်းပြ ဒေးဗစ်မိုယက်စ်ကို အပြစ်တင်၍မရကြောင်း နောက်ခံလူ ဂျွန်နီ အီဗန့်စ်က ပြောကြားခဲ့သည်။

သို့သော်လည်း ကစားသမားအပေါ် မိုယက်စ်၏ စီစစ်မှုမှာ ပြင်းထန်သည်ဟု အီဗန့်စ်က ခံစားနေရပြီး၊ အသင်း၏ လတ်တလောစွမ်းဆောင်ရည်များမှ ပိုမို တိုးတက်ရန် လိုအပ်သည်ဟု ၀န်ခံခဲ့သည်။

“တစ်ဦးချင်းအနေနဲ့ကော၊ အသင်းလိုက်အနေနဲ့ပါ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ဆန်းစစ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် လုပ်ရပါမယ်” ဟု အီဗန့်စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

……………………………………
ချယ်ဆီးနှင့်ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အလွန်နုံအခဲ့သည်ဟု ဒရက်ဇလာဆို


ရှော်လ်ကာအသင်း၏ ဂျာမန်ကစားသမား ဂျူလီယန်ဒရက်ဇလာက ချယ်ဆီးနှင့်ပွဲတွင် ပါးနပ်သူက အနိုင်ရရှိခဲ့သည်ဟု ထင်မြင်နေပြီး၊ ၎င်း၏အသင်းအနေဖြင့် နောက်တစ်ဆင့်သို့တက်ရောက်ရန် အခွင့်အရေးရှိနေသည်ဟု ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်အုပ်စု တတိယပွဲစဉ်အဖြစ် ယနေ့နံနက်က ကစားခဲ့သည့်ပွဲတွင် ရှော်လ်ကာအသင်းမှာ အိမ်ကွင်းတွင် ချယ်ဆီးအသင်းအား ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ်ခဲ့ပြီး ဒရက်ဇလာက မိမိတို့အသင်းမှာ နုံအခဲ့သည်ဟု ခံစားနေရသည်။

“ကျွန်တော်တို့အသင်း နည်းနည်း နုံခဲ့တာဖြစ်မှာပါ။ ချယ်ဆီးလိုအသင်းနဲ့ ကစားရတဲ့အခါမျိုးမှာ တစ်ဦးချင်းအမှားတွေ မလုပ်ရပါဘူး။ ဒီညမှာ ပိုပြီးပါးနပ်တဲ့အသင်းဟာ အနိုင်ရရှိခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု UEFA ၀ဘ်ဆိုဒ်သို့ ဒရက်ဇလာက ပြောကြားခဲ့သည်။

သို့သော်လည်း ရှော်လ်ကာအသင်းမှာ နောက်တစ်ဆင့်တက်လိမ့်မည်ဟု ယုံကြည်နေကြောင်း ဒရက်ဇလာက ထပ်လောင်းပြောကြားသွားသည်။ ရှော်လ်ကာအသင်းမှာ ချန်ပီယံလိဂ်အုပ်စု E တွင် ချယ်ဆီး၊ စတူအာဘူခါရက်၊ ဘေဆယ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး သုံးပွဲကစား ၆ မှတ်ရရှိကာ ချယ်ဆီးနှင့် အမှတ်တူဂိုးကွာခြားဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

…………………………………………….
ဘာစီလိုနာနှင့်ပွဲတွင် ပြသခဲ့သည့်ခြေစွမ်းကြောင့် ကာကာအား ဂါလီယာနီ ချီးကျူး

ဘာစီလိုနာအသင်းနှင့် ၁ ဂိုးစီသရေကျခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြသခဲ့သည့် ကာကာ၏ခြေစွမ်းအား အေစီမီလန်အသင်း၏ စီအီးအိုဖြစ်သူ အက်ဒရီယာနို ဂါလီယာနီက ချီးကျူးပြောဆိုလိုက်သည်။

ကာကာမှာ အေစီမီလန်သို့ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး ရော်ဘင်ဟိုသွင်းယူခဲ့သည့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့သည်။

“ကာကာရဲ့ တိုက်စစ်ကစားပုံကို ကျွန်တော်သဘောကျပါတယ်။ ဒီပွဲမှာ ကာကာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကာကာအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဒီအသင်းမှာ သူကစားတဲ့အခါ သူဟာ ကောင်းကောင်းကစားနိုင်ပြီး အသင်းအတွက်အများကြီးပေးဆပ်နိုင်တယ်ဆိုတာ လူတွေအားလုံးကလည်း နားလည်စ ပြုလာပါပြီ” ဟု ဂါလီယာနီက ပြောကြားခဲ့သည်။

ထို့ပြင် တိုက်စစ်မှူးဘာလော့ တယ်လီ အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများနှင့်ပက်သက်၍ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ဘာလော့ တယ်လီအား အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း ဂါလီယာနီက ထည့်သွင်းပြောကြားခဲ့သည်။

………………………………
WTA Championships ပထမအစဉ်တွင် ဆရီနာအနိုင်ရ

ယခုနှစ်ရာသီပိတ် တင်းနစ်ပြိုင်ပွဲဖြစ်သည့် အစ္စတန်ဘူလ်၌ ကျင်းပနေသည့် WTA Championships ပထမအဆင့်ပွဲစဉ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဆရီနာဝီလီယံက ဂျာမနီ အမျိုးသမီး တင်းနစ်အကျော်အမော် အိန်ဂျလီ ကာရ်ဘာရ်အား အနိုင်ရရှိခဲ့သည်ဟုသိရသည်။

ဆရီနာ ၀ီလီယံမှာ ထိုပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံထားရသူဖြစ်ပြီး ကာဘာရ်အား သက်တောင့်သက်သာကစားကာ ၆-၃၊ ၆-၁ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကာဘာရ်မှာ ပြီးခဲ့သည့်နှစ် ၀င်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ဆရီနာ ၀ီလီယံအား အနိုင်ကစားနိုင်ခဲ့သော်လည်း ယခုအကြိမ်တွင် ပုံစံကောင်းများရရှိနေသည့် ၀ီလီယံအား အရှုံးပေးခဲ့ရသည်။

ထို့ပြင် ဘီလာရုဇ်တင်းနစ်မယ် ဗစ်တိုရီးယား အဇာရန်ကာကလည်း အီတလီတင်းနစ်မယ် ဆာရာအီရာနီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၇-၆(၇-၄)၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

ရာသီပိတ်ပွဲစဉ်ဖြစ်သည့် WTA Championships တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် ၁ မှ ၈ အတွင်းရှိ ကစားသမားသာပါဝင်ယှဉ်ပြိုင်ရသော ပြိုင်ပွဲတစ်ခုဖြစ်သည်။
————————————-

ချယ်ဆီး၊ အက်သလက်တီကို၊ နာပိုလီ၊ ဇင်းနစ်တို့ အဝေးကွင်းတွင်အောင်ပွဲခံခဲ့ပြီး၊ ဘာကာသရေကျ၊ အာဆင်နယ် ရှုံးပွဲ စတွေ့ခဲ့သည့် ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယမြောက်ပွဲစဉ်များ

ဥရောပချန်ပီယံလိဂ် အုပ်စု E၊ F၊ G၊ H များ၏ အုပ်စု တတိယပွဲစဉ်များကို ယနေ့နံနက်က ယှပြိုင်ကစားခဲ့ရာ ချယ်ဆီးနှင့် အက်သလက်တီကိုတို့ အဝေးကွင်းတွင် ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ နာမည်ကြီး ဘာစီလိုနာအသင်းမှာ ဆန်စီရိုတွင် ၁ မှတ်သာ ရယူနိုင်ခဲ့ပြီး၊ ခြေစွမ်းကောင်းများရနေသည့် အာဆင်နယ်အသင်းမှာ အိမ်ကွင်း အီမရိတ်တွင် ဒေါ့မွန်အသင်းအား အရှုံးပေးခဲ့ရသည်။

အုပ်စု E

ရှော်လ်ကာ ၀-၃ ချယ်ဆီး

တစ်ပွဲထက်တစ်ပွဲ ခြေစွမ်းတည်ငြိမ်လာသည့် မော်ရင်ဟို၏ ချယ်ဆီးအသင်းမှာ ဂျာမန်မြေတွင် အိမ်ရှင်ရှော်လ်ကာအသင်းအား အမှားအယွင်းမရှိ အနိုင်ရယူနိုင်ခဲ့သည်။

အိမ်ရှင်ရှော်လ်ကာအသင်းမှာ တိုက်စစ်မှူး ဟန်တယ်လာနှင့် ဂျက်ဖာဆင် ဖာရန်တို့မပါဝင်နိုင်သောကြောင့် အားနည်းသည်ဟုဆိုနိုင်ပြီး ချယ်ဆီးအသင်းက ပြီးခဲ့သည့် စနေနေ့ ကာစ်ဖ်အား ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သောပွဲမှ လူစာရင်းအား ငါးနေရာအပြောင်းအလဲလုပ်ကာ ရှော်လ်ကာအား ရင်ဆိုင်ခဲ့သည်။

ချယ်ဆီးအသင်းအတွက်ဂိုးများကို ပွဲအစ ၅ မိနစ်နှင့် ဒုတိယပိုင်း ၆၈ မိနစ်တို့တွင် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်က သွင်းယူပေးခဲ့ပြီး အလယ်တန်းကစားသမား အေဒင် ဟာဇာဒ်က ပွဲပြီးကာနီး ၈၇ မိနစ်တွင်နောက်ဆုံးပိတ် အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည်။ တောရက်စ်မှာ ချယ်ဆီးအသင်းအတွက် ပွဲ ၁၀၀ ပြည့်ကစားခဲ့ခြင်းဖြစ်ပြီး ယခုပွဲအနိုင်ကြောင့် ချယ်ဆီးအသင်းမှာ ၃ ပွဲကစား ၆ မှတ်ရရှိကာ ရှော်လ်ကာအသင်းနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုအား ဦးဆောင်နိုင်ခဲ့သည်။

စတူအာဘူခါရက် ၁-၁ ဘေဆယ်

ရိုမေးနီးယားတွင်ကစားခဲ့သည့် ထိုပွဲတွင် အိမ်ရှင်အသင်းမှာ ကံကောင်းစွာဖြင့် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။ ဧည့်သည် ဘေဆယ်အသင်းက မာဆယ်လို ဒီအက်ဇ်၏ ဒုတိယပိုင်း ၄၈ မိနစ်သွင်းဂိုးဖြင့် ဦးဆောင်နေခဲ့ပြီး ပွဲပြီးကာနီး ၈၈ မိနစ်တွင်မှ အိန်ဂျယ်လို မာတင်က ဘူခါရက်အတွက် နောက်ကျချေပဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အိမ်ရှင်အသင်းမှာ အဖိုးတန် သရေတစ်မှတ်ကို အရယူနိုင်ခဲ့သည်။
…………………………………………
အုပ်စု F

အာဆင်နယ် ၁-၂ ဒေါ့မွန်

အီမရိတ်ကွင်းတွင်ကစားခဲ့သည့် ယခုပွဲတွင် အာဆင်နယ်အသင်းမှာ ဒေါ့မွန်အား တိုက်စစ်မှူး လီဝန်ဒေါ့စကီး၏ နောက်ကျအနိုင်ဂိုးဖြင့် အရှုံးပေးခဲ့ရသည်။

အဖွင့်ဂိုးကို ဧည့်သည့်ဒေါ့မွန်အသင်းက စတင်ရရှိခဲ့ပြီး ၁၆ မိနစ်တွင် ဟင်းနရစ် မခီတာယန်က သွင်းယူပေးခဲ့သည်။ ၄၁ မိနစ်တွင် အာဆင်နယ်တိုက်စစ်မှူး ဂျီရူးက ချေပဂိုးသွင်းယူခဲ့သော်လည်း ပွဲပြီးကာနီး ၈ မိနစ်အလိုတွင် ရော်ဘတ် လီဝန်ဒေါ့စကီးက ဒေါ့မွန်အသင်းအတွက် ဒုတိယဂိုး သွင်းယူပေးနိုင်ခဲ့သောကြောင့် အဖိုးတန်အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့သည်။

မာဆေးလ် ၁-၂ နာပိုလီ

ပြီးခဲ့သည့် အုပ်စုပွဲစဉ်က အာဆင်နယ်အသင်းအား ရှုံးနိမ့်ခဲ့သည့် နာပိုလီအသင်းမှာ ပြင်သစ်မြေတွင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် အမှားအယွင်း မရှိအနိုင်ယူနိုင်ခဲ့ကာ အုပ်စုတက်ရေး အိပ်မက်ကို ဆက်လက်ရှင်သန်စေခဲ့သည်။

၂ ဂိုး ၁ ဂိုးဖြင့်ဧည့်သည်နာပိုလီအသင်းက အနိုင်ရရှိခဲ့သော အဆိုပါပွဲစဉ်တွင် နာပိုလီအသင်းအတွက်ဂိုးများကို ၄၂ မိနစ်နှင့် ၆၇ မိနစ်တို့တွင် ကာလီဂျွန်နှင့် ဒူဗန် ဇပါတာတို့က အသီးသီးသွင်းယူပေးခဲ့ပြီး အိမ်ရှင်မာဆေးလ်အသင်းအတွက် နှစ်သိမ့်ဂိုးကို ၈၈ မိနစ်တွင် အန်ဒရီ အေယွယ်က သွင်းယူပေခဲ့ခြင်းဖြစ်သည်။

မာဆေးလ်အသင်းမှာ သုံးပွဲကစားပြီး သုံးပွဲစလုံး ရှုံးနိမ့်ခဲ့သောကြောင့် အုပ်စုတက်ရေးမှာ အဆုံးသတ်သွားပြီဖြစ်သည်။
…………………………………..
အုပ်စု G

သြစတြီးယားဝီအန် ၀-၃ အက်သလက်တီကို

ပြီးခဲ့သည့် အုပ်စုပွဲစဉ်နှစ်ခုတွင် အနိုင်ကစားနိုင်ခဲ့သည့် စပိန်ကလပ် အက်သက်လက်တီကို မက်ဒရစ်အသင်းမှာ ယခုပွဲတွင်လည်း အသင်းငယ် သြစတြီးယားဝီအန်အသင်းကို အဝေးကွင်းတွင်း ၃ ဂိုးပြတ်အနိုင်ရရှိအောင်
ကစားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲကို ထိန်းထားနိုင်ခဲ့သည်။

အဖွင့်ဂိုးအား ပွဲအစ ၈ မိနစ်မှာပင် အက်သလက်တီကိုအသင်းက စတင်ရရှိခဲ့ပြီး ရာအူး ဂါစီယာက သွင်းယူပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း အက်သလက်တီကို အသင်းကပင် အသာစီးဖြင့်ကစားနိုင်ခဲ့ပြီး မိနစ် ၂၀နှင့် ၅၃ မိနစ်တို့တွင် ဒီယေဂို ကော်စတာက ဒုတိယနှင့် တတိယဂိုးတို့ကို သွင်းယူပေးခဲ့သည်။

ယခုနိုင်ပွဲကြောင့် အက်သလက်တီကိုအသင်းမှာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်ရန်သေချာသလောက်ရှိသွားပြီးဖြစ်သော်လည်း၊ သြစတီးယားဝီအန်အသင်းမှာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက် မဆိုစလောက်သာ ကျန်ရှိတော့သည်။

ပေါ်တို ၀-၁ ဇင်းနစ်

ပေါ်တူဂီတွင် ကစားခဲ့သည့် ယခုပွဲစဉ်တွင် ပေါ်တိုအသင်းမှာ ပွဲအစ ၆ မိနစ်မှာပင် ဟက်တာ ဟာရီရာ အထုတ်ခံခဲ့ပြီး ပွဲချိန်တစ်လျှောက်လုံး ၁၀ ယောက်တည်းဖြင့်ကစားခဲ့ရသည်။

သို့သော်လည်း ဧည့်သည်ဇင်းနစ်အသင်း၏ အဖိုးတန်အနိုင်ဂိုးကို ၈၅ မိနစ်တွင်မှ ရရှိခဲ့ပြီး အလက်ဆန်ဒါ ကာဇာကောဗ့်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး ဇင်းနစ်အသင်းမှာ ပေါ်တိုအသင်း၏ အိမ်ကွင်း၌ ပထမဦးဆုံးအနိုင်ရရှိခဲ့သည့် ရုရှားကလပ်အသင်းဖြစ်လာခဲ့ပြီး ၃ ပွဲကစား ၄ မှတ်ဖြင့် အပေါ်တို၏အထက် ၁ မှန်ကွာဖြင့် အုပ်စုဒုတိယနေရာတွင်ရှိနေသည်။
………………………………
အုပ်စု H

အေစီမီလန် ၁-၁ ဘာစီလိုနာ

ဆန်စီရိုတွင်ကစားခဲ့သည့် ယခုပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလိုနာအသင်းက အဖိုးတန်တစ်မှတ်ကိုရယူနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းတွင် ဒဏ်ရာမှ သက်သာလာသည့် မက်ဆီပါဝင်ကစားခဲ့သည်။ ဦးဆောင်ဂိုးကို အိမ်ရှင်အေစီမီလန်အသင်းက ပွဲအစ ၉ မိနစ်တွင်ရရှိခဲ့ပြီး ကာကာ၏ ဖန်တီးပေးမှုမှတစ်ဆင့် ရော်ဘင်ဟိုက သွင်းယူပေးခဲ့သည်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ဘာစီလိုနာအသင်းက ကစားအားမြှင့်တင်ခဲ့ပြီး ပွဲအားစိုးမိုးထားနိုင်ခဲ့သည်။ ထို့ကြောင့် ၂၄ မိနစ်တွင် ဘာစီလိုနာအသင်းက ချေပဂိုးရရှိခဲ့ပြီး အင်နီယေစတာ၏ ပေးပို့မှုမှတစ်ဆင့် မက်ဆီက သွင်းယူပေးနိုင်ခဲ့သည်။

နောက်ပိုင်းတွင် နှစ်သင်းစလုံးမှာ အခွင့်ရေးကောင်းများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ၁ ဂိုးစီသရေဖြင့်ပြီးဆုံးခဲ့သည်။ ဘာစီလိုနာအသင်းမှာ ၃ ပွဲကစား ၇ မှတ်ဖြင့် အုပ်စုအား ဦးဆောင်နေပြီး မီလန်မှာ ၃ ပွဲကစား ၅ မှတ်ဖြင့် ဒုတိယနေရာတွင်ရှိနေသည်။

ဆဲလ်တစ် ၂-၁ အေဂျက်

ကစားပြီးခဲ့သည့် ၂ ပွဲတွင် အမှတ်မရရှိခဲ့သည့် စကော့တလန်ကလပ် ဆဲလ်တစ်အသင်းမှာ အိမ်ကွင်းတွင် အေဂျက်အသင်းအား အနိုင်ကစားကာ ၃ မှတ်ရယူနိုင်ခဲ့သည်။

ပထမပိုင်းတွင် ပွဲမှာအနည်းငယ်အေးခဲ့ပြီး ကွင်းလယ်၌သာ အချိန်ကုန်ခဲ့သည်။ သို့သော်လည်း ပထမပိုင်းပြီးကာနီး ၄၄ မိနစ်တွင် အိမ်ရှင်တို့ ပင်နယ်တီရရှိခဲ့ပြီး ဂျိမ်းဖောရက်စ်က အမှားအယွင်း မရှိကန်သွင်းယူနိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် နှစ်သင်းစလုံးက ကစားအားကိုမြှင့်တင်ခဲ့သောကြောင့် အကြိတ်အနယ်ရှိခဲ့ပြီး ၅၃ မိနစ်တွင် ဆဲလ်တစ်အသင်းက ဒုတိယဂိုးရရှိခဲ့သည်။ ထိုဂိုးကို ဘီရမ် ကာယာလ်က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၁၀ မိနစ်အလိုမှစ၍ ဧည့်သည့်အေဂျက်အသင်းက တရစပ်ဖိကစားခဲ့ပြီး ချေပဂိုးရရန်ကြိုးစားခဲ့သော်လည်း ဒုတိယပိုင်းနာကျင် အချိန်ပိုတွင်မှ နှစ်သိမ့်ဂိုးတစ်ဂိုးရရှိခဲ့သည်။ ထိုဂိုးကို စကုန်းကသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

Leave a Reply