6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ-၂၃
M-Media

BRUNEI-RELIGION-SHARIA-LAW

လာမည့်နှစ်တွင် မိမိနိုင်ငံ၏ ရာဇ၀တ်မှုဆိုင်ရာဥပဒေအတွင်း ယှရီအဟ်(အစ္စလာမ့်ဥပဒေ)ကို ထည့်သွင်းပြဋ္ဌာန်းမည်ဟု ဘရူးနိုင်းဘုရင်မှ အင်္ဂါနေ့က ကြေငြာခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအနက်အပါအ၀င်တစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ်ရှိ စူလ်သွာန် ဟတ်စာန္နလ် ဘိုလ်ကီးယဟ်က ယင်းအစီအစဉ်ကို ဧပြီလတွင် စတည်မည်ဟု ဆိုသည်။

“ အနန္တစွမ်းအားရှင် အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အတွက် ဥပဒေကို ဖန်ဆင်းတော်မူထားတယ်။ ဒါက ကျွန်တော်တို့ရဲ့လိုအပ်ချက်အပေါ် အရှင့်ရက်ရောမှုပါပဲ။ ဒါကြောင့် တရားမျှတမှုစံနစ်ကို ထိန်းသိမ်းဖို့ ကျွန်တော်တို့ အသုံးချရမှာဖြစ်တယ် ” ဟု ၄င်းမှပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ရေနံကြွယ်ဝပြီး လူဦးရေ ၄ သိန်းရှိ ဘရူနိုင်း၏ဘုရင် ဘိုလ်ကီးယဟ်သည် ရာဇ၀တ်မှုစီရင်ရာ၌ ယှရီအဟ်ဥပဒေကို အသုံးပြုရန် ၁၉၉၆ ခုနှစ်က ပထမဆုံးအကြိမ် ပြောဆိုခဲ့သည်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ မလေးအနွယ် မွတ်စ်လင်မ်များဖြစ်သည်။ ၁၅ ရာခိုင်နှုန်းမှာ မွတ်စ်လင်မ်မဟုတ်သည့် တရုတ်လူမျိုးများ၊ ကျန်သည်များမှာ အခြား တိုင်းရင်းနွယ်များဖြစ်ကြသည်။ ဘရူးနိုင်းနိုင်ငံသည် အရက်သေစာမူးယစ်ဆေးဝါးအား ရောင်းဝယ်ဖောက်ကားသုံးစွဲမှုကို တင်းကြပ်စွာတားမြစ်ထားသည့် တိုင်းပြည်တစ်ခုဖြစ်သည်။

ုRef: alarabiya

Leave a Reply