News @ M-Media

မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်

နိုဝင်ဘာ ၁၂၊ ၂၀၁၃
M-Media

conf_muslimat_saratov

“The role of women in modern society” ဟု အမည်ရသည့် မွတ်စလင်မ် အမျိုးသမီးညီလာခံတစ်ခုကို ရုရှားနိုင်ငံ အနောက်ပိုင်း Saratov Oblast ပြည်နယ် Saratov မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

ထိုညီလာခံအား Saratov မြို့အခြေစိုက် မွတ်စလင်မ် အမျိုးသမီးအဖွဲ့အစည်း Rodnik က ရုရှားမွဖ်သီကောင်စီနှင့် ရုရှားမွတ်စလင်မ်အမျိုးသမီး အစည်းအရုံးတို့၏ ကူညီမှုဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ညီလာခံသို့ မော်စကို၊ တာတာစတန်၊ ဒါဂီစတန်၊ ဘရှ်ကော့တ်တိုစတန် စသည့် ပြည်နယ်များနှင့် ရုရှားနိုင်ငံတစ်ဝှမ်းမှ မွတ်စလင်မ်အမျိုးသမီး ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်ရှိအခြေအနေများ၊ ကလေးငယ်များအား ပြုစုပျိုထောင်းခြင်း၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပါအ၀င်၊ အလှူဒါနပြုလုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေရသော အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။

အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက် ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်နှင့်ပက်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။

Ref : Islam RU

Comments

Leave a Reply