နိုဝင်ဘာ ၁၃-၂၀၁၃
M-Media
သီရိ
ရန်ကုန်။ ။ရန်ကုန်မြို့တော်နေပြည်သူများ လျှပ်စစ်သုံးစွဲမှုအဆင်ပြေစေရေးအတွက် လူသွားစင်္ကြန်များ၊ လမ်းဧရိယာများ အတွင်းတွင် မီးစက်များချထားမှုအပေါ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ်ကြေးကောက်ခံ၍ ယာယီခွင့်ပြုထားကြောင်းသိရသည်။ ယခုအခါတွင် ရန်ကုန်မြို့တော်အတွင်း ယာဉ်အစီးရေတိုးတက်လာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်လာခြင်းတို့ကြောင့် လူသွားစင်္ကြန်နှင့် လမ်းနယ်နမိတ်အတွင်းရှိ မီးစက်များအား ချထား ခွင့်မပြုသည့် အပြင် နှစ်စဉ်ကြေးကောက်ခံမှုကိုလဲ ယာယီ ရပ်ဆိုင်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ သက်ဆိုင်သူများက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသိပေးနှိုးဆော်ထားကြောင်းသိရသည်။
ဆက်လက်ပြီး အများပြည်သူအသုံးပြုရန်အတွက် လမ်းတိုးချဲ့ခြင်း၊ ယာဉ်ရပ်နားရန်နေရာများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး လူသွားစင်္ကြန်နှင့် လမ်းဧရိယာအတွင်းရှိ မီးစက်များအား ဖယ်ရှားရှင်းလင်းပေးရန် လိုအပ်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပေးနှိုးဆော်ထားကြောင်း သိရပါသည်။
Photo- Internet
Comments