6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ- ၁၅ ၂၀၁၃
M-Media

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းထောင် အသီးသီးမှ နိုင်ငံရေးအကျဉ်းသား (၆၉) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သတင်းရရှိသည်။

လူသားချင်းစာနာထောက်မှုကို အလေးထားသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြု ပါဝင်နိုင်ရန်အတွက် လည်းကောင်း၊  နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား (၆၉)ဦး အား လွှတ်ပေးခဲ့ခြင်းဖြစ်သည် ဟု ကြေညာချက်တွင် ပါရှိသည်။

ယခင်စစ်အစိုးခေတ် တလျောက်လုံးနှင့် ဦးသိန်းစိန်အစိုးရ တက်လာပြီ အစောပိုင်းကာလများတွင် နိုင်ငံအကျဉ်းသားဆိုသည့် အသုံးအနှုန်းကို ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားမရှိကြောင်း ပြောခဲ့ရာမှ ယခုအခါ နိုင်ငံရေးအကျဉ်းသား ဆိုသည့် အသုံးအနှုန်းကို တရားဝင် သုံးစွဲလာကြောင်း လေ့လာတွေ့ရှိရသည်။

လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၆၉)ဦးမှာ
အင်စိန် အကျဉ်းထောင်မှ ၃ ဦး
မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး
မြင်ခြံ အကျဉ်းထောင်မှ ၃ ဦး
သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး
တောင်ငူ အကျဉ်းထောင်မှ ၆ ဦး
ရွှေဘို အကျဉ်းထောင်မှ ၄ ဦး
မုံရွာ အကျဉ်းထောင်မှ ၂ ဦး
ပုသိမ် အကျဉ်းထောင်မှ ၁ ဦး
သထုံ အကျဉ်းထောင်မှ ၁ ဦး
အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး
ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး
မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး
သီပေါ အကျဉ်းထောင်မှ ၃ ဦး
ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး
ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး
သံတွဲ အကျဉ်းထောင်မှ ၄ ဦး
ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး၊
စစ်တွေ အကျဉ်းထောင်မှ ၉ ဦး အသီးသီးဖြစ်ကြသည်။

ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ မကုန်မီ လွတ်မြောက်နိုင်ရေးအတွက်  နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီက ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ကိုးကား: mov.gov.mm

Leave a Reply