6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ- ၁၅ ၂၀၁၃
M-Media

729arrest-620x349

ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ စော်ကားသည့် ကနေဒါအခြေစိုက် ဂိုဏ်းတစ်ခုအား တိုရွန်တို ရဲတပ်ဖွဲ့က ဖြိုခွဲခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝှမ်းတွင်ရှိသည့် ထိုအဖွဲ့၏ အဖွဲ့ဝင် ၃၀၀ ကျော်အားဖမ်းဆီးခဲ့ကာ သြစတေးလျတွင်လည်း အဆိုပါဂိုဏ်း၏ အဖွဲ့ဝင် ၆၅ ဦးအား ဖမ်းဆီးခဲ့သည်ဟု နယူးဆောက်ဝေးလ် ပြည်နယ်ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

Thunderer အမည်ရှိ စီမံချက်ဖြင့် သြစတေးလျ ပြည်ထောင်စု၊ ပြည်နယ်နှင့် မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိခဲ့သူများတွင် ကျောင်းဆရာနှစ်ဦး၊ ခရစ်ယာန်ဘုန်းကြီးတစ်ဦးနှင့် ဘုန်းကြီးဟောင်းတစ်ဦးတို့ ပါဝင်ပြီး ၎င်းတို့အား စွဲချက် ၃၉၉ ခုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

ထိုကဲ့သို့ဖမ်းဆီးခဲ့ခြင်းမှာ ကနေဒါအခြေစိုက် ၎င်းအဖွဲ့မှ လွှင့်တင်ထားသော ကလေးငယ်များအား လိင်ပိုင်းဆိုင်းရာ စော်ကားခေါင်းပုံဖြတ်သည့် ၀ဘ်ဆိုဒ်ကို အသုံးပြုကြသည့် ကမ္ဘာ့တစ်ဝှမ်းမှ အဖွဲ့ဝင်များအား ပစ်မှတ်ထားသော စုံစမ်းစစ်ဆေးမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုဖမ်းဆီးမှုများကြောင့် ကမ္ဘာ့တစ်ဝှမ်းရှိ ကလေးငယ် ၃၈၆ ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းမှ ကာကွယ်လိုက်နိုင်သည်ဟု နယူးဆောက်ဝေးလ် ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

သုံးနှစ်ကြာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သြစတေးလျရှိ ထိုဝဘ်ဆိုဒ်ကို အသုံးပြုသူများ၏ အသေးစိတ်အချက်အလက်များအား ကနေဒါရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုန်ပြန်ကြေညာခဲ့သည်။

နယူးဆောက်ဝေးလ်ပြည်နယ်ရှိ လိင်ပိုင်းဆိုင်ရာ ပြစ်မှုများကိုကိုင်တွယ်သည့် ဌာနမှ ရဲအရာရှိ ဂျွန် ကာရ်လာတက်က ၎င်းတို့၏ ဌာနနှင့် နိုင်ငံရပ်ခြားရှိ ဌာနများ ပိုမိုနီးကပ်စွာပူးပေါင်း၍ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်သည့် လုပ်ငန်းများတွင် ပါဝင်သူများအား ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။

Leave a Reply