6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ- ၁၈ ၂၀၁၃
M-Media
Athens’ First Mosque Go Ahead
အေသင်(ATHENS)။    ။ နိုင်ငံတော် ဘဏ္ဍာဖြင့်ဆောက်လုပ်မှု အစီအစဉ်အား ကြေငြာပြီးနောက် ၁၃ နှစ်ကြာထိ တည်ဆောက်ရေးလုပ်ငန်း၌ ကြန့်ကြာနေခဲ့ရသော အေသင်ရှိ ဗလီကျောင်းတော်သည် ဂရိ ကုမ္ပဏီများ အုပ်စုမှ ဆောက်လုပ်ခွင့် တင်ဒါကို ရရှိပြီးသည့်အခါ ပြီးစီးအောင်ဆောက် လုပ်ဖို့အတွက် ခြေတစ်လှမ်း တိုးလာခဲ့သည်။

“ ဂျေအန်ပီ အဗက်စ်(J&P Avax)၊ တာနာ(Terna)၊ အက်ခ်တော်(Aktor)၊ အင်ထရာကဒ်(Intrakat) ကုမ္ပဏီများမှ ဗလီကျောင်းတော်ဆောက်လုပ်ခွင့် တင်ဒါကို ယူရို ၉၄၆,၀၀၀ (ဒေါ်လာ ၁.၂၇ သန်း) ဖြင့် ရရှိခဲ့ပါတယ် ” ဟု ဆောက်လုပ်ရေး ၀န်ကြီး ဌာနမှပြောကြားကြောင်း Reuters မှ နိုဝင်ဘာလ ၁၅ ရက်၊သောကြာနေ့က တင်ပြခဲ့သည်။
စီမံကိန်းသဘောတူ စာချုပ်ချုပ်ဆိုပြီးနောက် ၆ လအတွင်း ပြီးစီးအောင် ဆောက်လုပ်မည်ဖြစ်ကြောင်းကိုလည်း ၀န်ကြီးဌာနမှ ထပ်မံအတည်ပြုခဲ့သည်။

အေသင်မြို့တော်အတွင်း မွတ်စ်လင်မ်လူဦးရေ များပြားလာ၍ ဘာသာရေး လိုအပ်ချက်များကိုဖြည့်ဆည်းရန် ခမ်းနားသော ဗလီဝတ်ကျောင်းတော် တစ်ခုအား တည်ဆောက်နိုင်ရေးအတွက် ဂရိမွတ်စ်လင်မ်များက မျှော်လင့်လျက်ရှိသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ဗလီဝတ်ကျောင်းတော် မရှိသော ဥရောပမြို့တော်လ က်တစ်ဆုပ်စာများအနက် အပါအ၀င်ဖြစ်နေခြင်းကြောင့် အေသင်အား အမ်နက်စ်တီ (Amnesty International) ကဲ့သို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ရှုံ့ချခဲ့ကြသည်။

သြဇာကြီးသည့် Orthodox ခရစ်ယာန်ဘုရားကျောင်းများမှ ကန့်ကွက်မှုများရှိနေလင့် ကစား ဂရိ လူမျိုးတို့သည် အေသင်မြို့တော် အတွင်း တစ်ဖြည်းဖြည်း တိုးပွားလာနေသော မွတ်စ်လင်မ်များ အပေါ် ၀န်ဆောင်ပေးနိုင်ရန် ဗလီဝတ်ကျောင်း တစ်လုံးဆောက်လုပ်ဖို့ကို မေတ္တာရပ်ပန်ကြားခဲ့သည်။

အေသင်၌ ဗလီကျောင်းတော်ဆောက်လုပ်ရေး အစီအစဉ်မှာ ၁၈၈၀ ခုနှစ်ကပင် ပါလီမန်၏ အက်ဥပဒေဖြင့် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ၂၀၀၄ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကာလကလည်း ဆောက်လုပ်ရန် ကြိုးစားခဲ့ဖူးကြောင်း သိရသည်။

ဤစီမံကိန်းသည် လက်ျာစွန်းရောက်အုပ်စုများကို ဒေါသဖြစ်စေခဲ့ပြီး၊ ဗလီကျောင်းတော်ဆောက် လုပ်ခွင့်မှန်သမျှကို တားဆီးမည်ဟု ၄င်းတို့မှ ကျိန်ဆိုခဲ့သည်။

နိုင်ငံအတွင်း ပြောင်းရွှေ့ အခြေချလာသူများအပေါ် တိုက်ခိုက်မှု၌ လက်ျာစွန်းရောက် ရွှေအိုရောင်အရုဏ်ဦးပါတီ(Golden Dawn Party) သည် သံသယစာရင်းဝင်နေသည်။ ၄င်းတို့က ဗလီကျောင်းတော်တည်ဆောက်မှုစီမံကိန်းကို တားဆီးရန် “သေသည်အထိတိုက်ပွဲဝင်မည်”ဟု ကြုံးဝါးခဲ့သောကြောင့်ဖြစ်သည်။

ပြည်တွင်း ခရစ်ယာန်ဂိုဏ်းအုပ်ကြီး တစ်ဦးဖြစ်သော ဆာရာဖင်မ်(Seraphim) သည်လည်း ဗလီတည်ဆောက်ရေး စီမံကိန်းများကို ဂရိနိုင်ငံ နိုင်ငံတော်ကောင်စီ ဗဟိုတရားရုံးချုပ်ထံသို့ တင်သွင်းခဲ့ပြီး၊ ဆောက်လုပ်ခွင့်သည် လပေါင်းများစွာ ကြန့်ကြာနေခဲ့သည်။

အေသင်၌ ဗလီကျောင်းတော်ဆောက်လုပ်ရေး အတွက် တူရကီဝန်ကြီးချုပ် တွိုင်ယစ်ဗ် အာဒိုဂန် (Tayyip Erdogan) မှ ရံပုံငွေ ထူထောင်ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းရာတွင် ဂရိလူမျိုးများ၏ဒေါသကို ဆွသလိုဖြစ်ခဲ့ကြောင်း၊ အကြောင်းမှာ ဂရိသည် တူရကီအော်တိုမန်အင်ပါယာ(Turkish Ottoman) လက်အောက်တွင် ရာစုနှစ် ၄ ခုစာ ကျရောက်ခဲ့ဖူးသောကြောင့်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများမှ ဆိုသည်။

၁၈၀၀ ခုနှစ်များအစောပိုင်းကာလ အော်တိုမန် အုပ်ချုပ်ရေး ဆိတ်သုဉ်းချိန်ကတည်းကပင် အေသင်မြို့၌ မီနာရာမျှော်စင်နှစ်ခုမှအပ ဗလီကျောင်းတော်ဟူ၍ လက်ညှိုးထိုးပြစရာ တစ်စုံတစ်ရာမျှမရှိခဲ့ပေ။

ဂရိနိုင်ငံ၏မြို့တော်အတွင်း လူဦးရေ ၂၀၀,၀၀၀ နီးပါးရှိ မွတ်စ်လင်မ်များအတွက် ယာယီဗလီကျောင်းတော်များ အဖြစ် ပြူတင်းမရှိ လေ၀င်လေထွက် မရသော မြေအောက်ခန်းများ သို့မဟုတ် ကုန်လှောင်ရုံများ ၁၃၀ ကိုသာ လက်ရှိတွင် အသုံးပြုနေကြရသည်။

ဂရိသို့လာရောက်အခြေချနေထိုင်ကြသော မွတ်စ်လင်မ်ထောင်ပေါင်းများစွာတို့သည် ၄င်းတို့၏သီးသန့်နေအိမ်များတွင်သာ ၀တ်ပြုကြရသည်။ ထို့အတူ မင်္ဂလာပွဲများ၊ ဈာပနကိစ္စများ နှင့် အခြားသောအခမ်းအနားများအတွက် ကီလိုမီတာရာကျော်မျှဝေးကွာသော ဂရိနိုင်ငံမြောက်ပိုင်းအထိ သွားလာကြရသည်။

ဂရိတို့သည် အေသင်မြို့လယ်၌ မီနာရာများကို မြင်တွေ့ရန် အဆင်သင့်မဖြစ်နိုင်သေးဟုဆိုကာ နှစ်ပေါင်းများစွာ Orthodox Church များက အတိုက်အခံပြုလုပ်ခဲ့ကြသည်။

Leave a Reply