6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ-၂၄ ၂၀၁၃
ကမာရွတ်မီဒီယာ

ဥရောပကော်မရှင်ရဲ့ လူသားချင်းစာနာတဲ့ ကူညီမှုနဲ့ လူသားဆိုင်ရာ ကာကွယ်ရေး အဖွဲ့ ECHO က မြန်မာနိုင်ငံရဲ့ ဘာသာရေးလူမျိုးရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကို စိုးရိမ်နေပြီး လူနည်းစု မွတ်ဆလင် ဒုက္ခသည် ၈သိန်းဟာ နိုင်ငံသားအခွင့်အရေးကို ခံစားခွင့်မရဘဲရှိနေတယ်လို့ နိုဝင်ဘာ ၂၃ရက်နေ့မှာ ပြောဆိုလိုက်ပါပြီ။

ECHO ရဲ့ အစီရင်ခံစာ ဖော်ပြချက်အရ ရခိုင်ပြည်နယ်အတွင်းက လူနည်းစု မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ် လက်ခံခိုင်းနေတာမဟုတ်ဘဲ သူတို့ကို လူသားအဖြစ် ဆက်ဆံပြီး နိုင်ငံသားအဖြစ် လက်ခံပေးဖို့ဖြစ် တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့ပါတယ်။

နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုအကြား နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းဖို့လိုအပ်နေ ပြီး ရခိုင်ပြည်နယ်မှာ ဥရောပကော်မရှင်က ထောက်ပံ့ကူညီမှုလုပ်တဲ့နေရာမှာ ဟိုဘက်ဒီဘက် ၅ဝ%ဆီ လုပ်လို့ လက်တွေ့မှာ မရနိုင်ဘဲ လူနည်းစု မွတ်ဆလင်တွေရဲ့ လိုအပ်ချက်က ပိုပြီးကြီးမားနေတယ်လို့ ဆိုပါတယ်။

ဥရောပသမဂအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ ကူညီမှုကို ၂ဝ၁၃ခုနှစ်မှာ ယူရိုငွေ ၄၈.၆ သန်းကျော် ပေးထားပြီး ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွက် ယူရိုငွေ ၃သန်းထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနဲ့ ဥရောပကြား အထူးအဖွဲ့အစည်းအဝေးကို ရန်ကုန်နဲ့နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့ပြီး ကူညီထောက်ပံ့မှုတွေ တိုးမြှင့်သွားဖို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစု မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာနဲ့ မွတ်ဆလင် ဘာသာဝင်တွေကို ဆန့်ကျင်နေတာတွေကို ရပ်တန်းကရပ်ဖို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။

http://www.kamayutmedia.com/2013/11/24/lack-of-citizen-rights/

Leave a Reply