ဒီဇင်ဘာ ၇၊ ၂၀၁၃
M-Media
တရုတ်နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနှင့် ပိတ်ပွဲတို့ကို တာဝန်ယူဆောင်ရွက်ခဲ့သူ Zhang Yimou မှာ တိုင်းပြည်၏ ကလေးတစ်ယောက်ပေါ်လစီအား ချိုးဖောက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ကန်ဒေါ်လာ ၁၆၄ သန်း ဒဏ်ငွေပေးဆောင်ရမည့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင်ပြောကြားခဲ့သည်။
Zhang အား နိုင်ငံတောင်ပိုင်း Wuxi မြို့ရှိ ပြည်သူ့တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု ထိုတရားစွဲဆိုမှုနောက်တွင် ပါဝ်နေသည့် ရှေ့နေတစ်ဦးက ပြောကြားခဲ့သည်။ ထိုမြို့မှာ Zhang ဇနီးဖြစ်သူ၏ နေရပ်လည်းဖြစ်သည်။ ထိုအမှုအားရှုံးနိမ့်ခဲ့ပါက Zhang မှာ ယွမ်ငွေ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၆ သန်း)ခန့်ကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်သည်။
Zhang မှာ အခြားအမျိုးသမီးများစွာနှင့် သားသမီး ၇-ယောက်ခန့်ရှိသည်ဟု ကေလဟာလများမှာ လွန်ခဲ့သည့် လများစွာကပင်ပျံ့နှံ့ခဲ့ပြီး Zhang က ၎င်း အနေဖြင့် လက်ရှိဇနီးဖြစ်သူနှင့် သားနှစ်ယောက်၊ သမီးတစ်ယောက်သာ ရှိသည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ယနေ့တွင်ပြောကြားခဲ့သည်။
၁၉၇၀ ခုနှစ်များက ပြဌာန်းခဲ့သည့် တရုတ်နိုင်ငံ၏ ကလေးတစ်ယောက်ဥပဒေမှာ တရုတ်နိုင်ငံသားများအပါအ၀င် လူအများအပြား၏ဝေဖန်မှုကိုခံနေရသည်။ ထိုဥပဒေအရ ကလေးတစ်ယောက်ထက်ပိုယူပါက နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ရပြီး တရုတ်နိုင်ငံရှိ ငွေကြေးချမ်းသာသူများမှာ နိုင်ငံတော်အား ဒဏ်ကြေးပေးဆောင်ကာ ကလေးတစ်ဦးထက်ပိုယူကြသည်။
Ref : ChannelNewsAsia
Leave a Reply
You must be logged in to post a comment.