6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အစ္စလာမ်နှင့်ပတ်သက်ပြီး အထင်အမြင်လွဲမှားမှုများကို ရှင်းလင်းအားထုတ်မှုတစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံအနှံ့မှ နာမည်ကျော် မွတ်စလင်မ်ပညာရှင်များ၊ အစိုးရအရာရှိကြီးများနှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ စသည်တို့သည် အစ္စလာမ်သာသနာ၏ စစ်မှန်သော ငြိမ်းချမ်းရေးသွန်သင်မှုများကို ဖြန့်ဝေရန် လာမည့်အပတ်တွင် ဒူဘိုင်းမြို့၌ စည်းဝေးကြမည် ဖြစ်သည်။

“ငြိမ်းချမ်းရေးဟာ အစ္စလာမ့်ရဲ့ အရေးကြီးဆုံး အပိုင်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်ချင်းကနေစပြီး ကမ္ဘာကြီးတစ်ခုလုံးအထိ ငြိမ်းချမ်းရေးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး အစည်းအဝေးကြီးမှာ ဆွေးနွေးကြပါမယ်” ဟု ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး တွေ့ဆုံပွဲကြီး၏ သဘာပတိ M. K. Ebrahim က ဧပြီ ၄ ရက် ဗုဒ္ဓဟူးနေ့ တွင် Gulf News အား ပြောကြားသွားခဲ့ပါသည်။

“ယနေ့ခေတ်ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးရဲ့ သတင်းစကားကို ကျွန်တော်တို့ ဖြန့်ဝေချင်ပါတယ်။”

ဧပြီ ၁၂ရက်နေ့မှ ၁၄ရက်နေ့အထိ ကျင်းပမည့် ဆွေးနွေးပွဲကြီးတွင် ပရိသတ်သိန်းနဲ့ချီပြီး ရှိမည်ဟု မျှော်လင့်ထားကြပါသည်။

“ပြီးခဲ့တဲ့ တစ်ကြိမ် ၂၀၁၀တုန်းက ပရိသတ် တစ်သိန်းခွဲကျော်ရှိပြီး ဒီနှစ်မှတော့ အဲ့ဒီထက်များလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ထပ်ပြောခဲ့ပါသည်။

Al Manar ကုရ်အာန်လေ့လာရေးစင်တာမှ စီစဉ်သော အမေရိကားမှ Yusuf Estes အပါအ၀င် နာမည်ကျော်ပညာရှင်များ တက်ရောက်ကြမည့် သုံးရက်ကြာ တွေ့ဆုံပွဲမှာ မုဟမ္မဒ်ဘင်ရရှီးဒ်အလ်မက်သောဝ်မ် ကမ္ဘာ့ငြိမ်းချမ်းရေးဆုအတွက်  အစပျိုးလုပ်ရှားမှု ဖြစ်လာပါလိမ့်မည်။

အင်္ဂလန်မှ Abdul Rahim Green၊ အိန္ဒိယမှ Dr. Zakir Naik နှင့် မလေးမှ ရှိခ်Hussain Yee တို့၏ ဟောပြောပွဲများက တွေ့ဆုံပွဲကို ပိုမိုထူးခြားကာ အသက်ဝင်စေလိမ့်မည်။

“ပညာရှင်တွေက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားချက်တွေကို ဆွေးနွေးတင်ပြပါလိမ့်မည်”ဟု Ebrahimက ဆိုပါသည်။

“ကမ္ဘာ့ဘာသာတရားပေါင်းစုံမှ ယဉ်ကျေးမှုကွဲပြားသော လူထုအတွက် အစ္စလာမ့်သွန်သင်ချက်များကို လေ့လာရန် အခွင့်အရေးကောင်း တစ်ခုဖြစ်ပါလိမ့်မယ်။”

တွေ့ဆုံပွဲကြီးကို တမူထူးစေမည်ကတော့ ကုရ်အာန်ကျမ်းတော်မြတ်မှ သိပ္ပံဆိုင်ရာ ထူးခြားဆန်းကျယ်မှုများ ပြပွဲနှင့် အစ္စလာမ့် ဈေးပွဲတော်တို့ပင်ဖြစ်လိမ့်မည်။

“လွတ်မြောက်ခြင်း ပြပွဲက ထူးခြားဆန်းကျယ်မှုများကို ထဲထဲဝင်ဝင် သိရှိခံစားမှုကို ပေးနေချိန်မှာ ဈေးပွဲတော်ကလည်း မွတ်စလင်မ် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခွင့်အရေးကောင်း တစ်ရပ်ပင် ဖြစ်လိမ့်မည်”ဟု DIPC ၏ ဈေးကွက်ပိုင်းဆိုင်ရာမှ Ahmad Hamed က ပြောပြခဲ့ပါသည်။

“ဒါ့အပြင် ကလေးတွေအတွက် သဘောကျစရာနေရာ တစ်ခုလည်းဖြစ်မှာပေါ”့ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။

အစည်းအဝေးမတိုင်ခင်မှာ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် တွေ့ဆုံပွဲကို လူအများတို့ ပိုမိုသိရှိနားလည်လာစေရန် ငြိမ်းချမ်းရေး ချီတက်ပွဲကို သောကြာနေ့မှာ ဦးစွာကျင်းပပါမည်။

Murooj Rotan ဟိုတယ်မှ သောကြာနေ့ ညနေ ၄နာရီမှာစတင်ထွက်ခွာပြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာမှာ အဆုံးသတ်မည့် အဆိုပါ ချီတက်ပွဲတွင် ပူဖောင်းများ၊ လေထီးသမားများ၊ ကောင်းကင်အလွတ်ခုန် အလှကစားသူများနှင့် ရဟတ်ယာဉ်များမှ ငြိမ်းချမ်းရေး ရုပ်ပုံများကို ဖော်ဆောင်ပါဝင်မည်ဖြစ်သည်။ ထိုအချိန်တွင် မော်တော်ဆိုင်ကယ်နှင့် ကားများမှလည်း မြို့တော်အနှံ့  ငြိမ်းချမ်းရေးအလံများ လွှင့်ထူကာ တူဆင်နွှဲမည်ဖြစ်သည်။

 

Ref: http://www.onislam.net/english/news/global/456496-muslim-scholars-gather-for-world-peace.html

ဘာသာပြန်-ababeel

Leave a Reply