News @ M-Media

သမ္မတကတော် မီရှယ်က အိုဘားမားအား ကွာရှင်းတော့မည်ဟု သတင်းများ ထွက်ပေါ်နေ

ဒီဇင်ဘာ ၂၆၊ ၂၀၁၃
M-Media

michelle-obama-wanted-divorce
– ယခုလအစောပိုင်းက ပြုလုပ်ခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလား၏ အောက်မေ့ဖွယ် အခမ်းအနားတွင် ရွှေရောင် ဆံပင်ရှိသည့် နိုင်ငံအကြီးအကဲအမျိုးသမီးတစ်ဦးနှင့် ပုံမှန်ထက် ပိုမိုရင်းနှီးစွာ ဆက်ဆံခဲ့သောကြောင့် အမေရိကန်သမ္မတကတော် မီရှယ်က သမ္မတအိုဘားမားအား ကွာရှင်းရန် ကြိုးစားနေသည်ဟု အမေရိကန် သတင်းစာတစ်စောင်ဖြစ်သည့် The National Enquirer က ယနေ့တွင် ရေးသားဖော်ပြခဲ့သည်။

ထိုအဖြစ်အပျက်က မီရှယ်အား လူပုံအလယ်တွင် အရှက်ရစေခဲ့ပြီးနောက် ၂၁ နှစ်တာ ပေါင်းသင်းလာခဲ့သည့် သူမ၏ ယောက်ျားအား ချီကာဂိုရှိ တန်ဖိုးကြီးသော ၎င်းတို့ နေအိမ်မှ နှင်ချရန် ပြင်ဆင်နေပြီး၊ အိုဘာမားနှင့် ကွာရှင်းရန်ကိုလည်း ရှေ့နေနှင့်ဆွေးနွေးနေကြောင်း၊ အိုဘားမားနှင့် နီးစပ်သူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ကျန်ရှိနေတဲ့ သမ္မတသက်တမ်းမှာတော့ မီရှယ်ဟာ အိမ်ဖြူတော်မှာနေမှာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ဘ၀တွေကို သီးခြားစီ ရှင်သန်ကြတော့မယ်ဆိုတာကိုတော့ မီရှယ်က ရှင်းရှင်းလင်းလင်းပြောထားပါတယ်။ အခု သူဟာ အခြားသီးသန့် အခန်းတစ်ခုကို ပြောင်းရွှေ့ဖို့လုပ်နေပါတယ်။ ချီကာဂိုက သူတို့အိမ်မှာရှိတဲ့ သမ္မတရဲ့ အ၀တ်တွေ ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့လည်း မီရှယ်က စီစဉ်နေပါတယ်” ဟု အမည်မဖော်လိုသူ ထိုအရာရှိက ပြောကြားခဲ့သည်။

Ref: The National Enquirer

Comments

Leave a Reply