ဇန်နဝါရိ ၇၊ ၂၀၁၄
M-Media
ရေးသူ- မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)
သက္ကရာဇ် ၁၁၇၈ (အေဒီ ၁၈၆၀)ခုနှစ်က ဖြစ်သည်။ မင်းကွန်းကြက်ထောင့်တွင် ယာယီနန်းစံလျက်ရှိသော ဘုရင်တစ်ပါးက ဘာသာသာသနာ အသီးသီးနှင့် စပ်လျဉ်း၍ တရားစကား တစ်ရပ်ကို မူတည်ကာ စူးစမ်းလေ့လာမေးမြန်းပါသည်။ ထိုအခါ ပညာရှိတစ်ဦးက အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြု၍ သံတော်ဦးတင်ကာ ဖြေကြားလျှောက်ထားပါသည်။
မေးမြန်းသူဘုရင်မှာ ကုန်းဘောင်ခေတ် အမရပူရမြို့တည်နန်းတည် ဘိုးတော်ဘုရား ပဒုံမင်း (အေဒီ ၁၇၈၂-၁၈၁၉) ဖြစ်သည်။ မေးမြန်းသည့် တရားစကားမှာ အစရှိလျှင် အဆုံးရှိရမည့် တရားစကားကို မူတည်၍ မေးမြန်းခြင်းဖြစ်သည်။ အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြုဖြေကြားခဲ့သူမှာ ရွှေတောင်သာဂသူ သခင်ကြီးဦးနု (၁၇၆၂-၁၈၂၂) ဖြစ်သည်။
ထိုဖြေကြားချက် လက်ရေးမူကို ပုံနှိပ်အဖြစ် ၁၉၃၁-ခုနှစ်တွင် ရန်ကုန်မြို့၊စစ်ကဲမောင်ထော်လေးလမ်း၊ အမှတ် ၂၆၁ ရှိ လောကပါလပိဋကတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည့်မြန်မာမွတ်စလင်မ် မျိုးစောင့်ဥပနိသျှကျမ်းပာု အမည်ပေးထားသော ၃၅-ဓနိကျမ်း ၊ပညတ်နွံတမ်း- ၁၆ပိုဒ်ကျမ်း၊ သံတော်ဦး တင်လွှာကျမ်း၊ ခြောက်ခန်းကျမ်း၊ သုံးခန်းကျမ်း၊ တရားရတနာ ငါးစောင်တွဲတွင် တွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့ မောင်ထော်လေးလမ်း (ယခုဗိုလ်ဆွန်ပတ်လမ်း) အမှတ်-၁၈၃ ရှိ အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ်ကလည်း အစ္စလာမ်၏ ရှေးပောာင်းမြန်မာ စာပေများကို ဖော်ထုတ်ရေး စီမံချက်စာစဉ်အမှတ်(က) ပုံနှိပ်စာစဉ် အမှတ်-၁၃ အဖြစ် ၁၉၆၀-ပြည့် မတ်လတွင် ပထမအကြိမ် ထုတ်ဝေသည်။ ဌာနချုပ်တည်ရာနေရာရှိ အစ္စလာမ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပြီး အုပ်ရေ-၃၀၀၀ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ အစ္စလာမ်စာပေလောကတွင် ‘ သံတော်ဦးတင်လွှာကျမ်း’ ပာု အမည်တွင် ထင်ရှားသည်။
အစ္စလာမ်ကောင်စီထုတ် သံတော်ဦးတင်လွှာကျမ်းတွင် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ် ၏ အတွင်းရေးမှူးချုပ် ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင်က ကျမ်းဦးစကားရေးသားခဲ့သည်။ ကျမ်းဦစကားထဲက မှတ်သားဖွယ် အချက်အချို့ကို ဖော်ပြရဦးမည်။ ဗိုလ်မှူးဘရှင်က အစ္စလာမ်ဘာသာဝင် မြန်မာစာပေ သမိုင်းပာုခေါင်းစဉ်ငယ်တပ်ကာ ဤသို့အစချီထားပါသည်။
“မြန်မာစာပေသမိုင်းတွင် အစ္စလာမ်သာသနာကို အခြေပြုသည့် စာကောင်းပေကောင်းများ ပေါ်ပေါက်ခဲ့သည့် ခေတ်ရှိခဲ့သည်ပာုဆိုလျှင် သာမန်အားဖြင့် သံသယဖြစ်ကြပေလိမ့်မည်။ စကားပြေသာမက ပျို့၊ ကဗျာ၊ လင်္ကာများပင် ထွန်းကားခဲ့သည် မှန်သော်လည်း ထိုစာပေတို့မှာ မွတ်စလင်မ် မပာုတ်သော် စာဖတ်ပရိသတ်၏ လောကကို ထားဘိဦး မွတ်စလင်မ် စာဖတ်ပရိသတ် လောက၌ပင် ကျယ်ပြန့်စွာထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်းမရှိခဲ့ပေ။”ပာု သူ၏အမြင်ကိုဆိုထားပါသည်။ အလွန်မှန်ပါသည်။ ယနေ့တိုင် ထိုစာပေတို့ကို အများမွတ်စလင်မ်တို့ မသိသည်က များပါသည်။ ရှေးစာပေကျမ်းများမှာ ပုံနှိပ်ရှားပါးခြင်း၊ စာပေအ၀န်းအ၀ိုင်းတွင် လက်လှမ်းမမိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
သံတော်ဦးတင်လွှာကျမ်းနှင့် စပ်လျဉ်းသည့်အချက်တစ်ချက်ကို မှတ်သားရသည်။ ခလီဖွာဦးမြင့် စီစဉ်ရေးသားသော ‘ ဂရာနာလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ’ တွင် ဖြစ်သည်။ အာဗစ်ဒ်ရှားဟိုစိုင်နီ သခင်ကြီးအကြောင်းတွင် ဖော်ပြထားသော အချက်ဖြစ်သည်။
“တစ်နေ့သ၌ ဘုရင်မင်းက (အစ္စလာမ်) ၏အယူဝါဒတရား၊ ၎င်းလောက အစဖြစ်လာပုံများကို သိလိုပါသည်ဟု လျှောက်ထားသဖြင့် သခင်က မြန်မာလို စာစီကုံးတက်သူကိုရေးသားစေ၍ (သံတော်ဦးတင်လွှာ)ဟု ဆက်သွင်းလေ၏ ” ဟူ၍ဖြစ်သည်။ ထိုအထောက်အထားအရ ဘုရင်မင်းဆိုသည်မှာ ဘိုးတော်ဘုရား၊ သခင်ဆိုသည်မှာ အာဗစ်ဒ်ရှားဟိုစိုင်နီ၊ မြန်မာလို စာစီကုံးတက်သူဆိုသည်မှာ သခင်ကြီးဦးနုဟု ဆက်စပ်ကြည့်နိုင်ပါသည်။
သံတော်ဦးတင်လွှာတွင် အပိုဒ်၎ပိုဒ် ပါဝင်သည်။ သခင်ကြီးဦးနု၏ စာများကို ရေးကူးခဲ့သောခေါင်မင်း (ခုံမင်း) သဒ္ဓိနရာ ဆရာဦးရစ်ကြီး၏လက်ရေးမူအရ သံတော်ဦးတင်သည့် စာတွင် ပထမဆုံးအပိုဒ်မှာ နောင်မေးတော်မူလျှင် တင်ရန်ရေးသားခြင်းဖြစ်ကြောင်းသိရသည်။ သံတော်ဦး တင်လွှာကျမ်းမှ မြန်မာစာ အရေးအသားနှင့် ထူးခြားချက်များကို ထုတ်နုတ်ပြပါမည်။
သခင်ကြီးဦးနု၏ ဘာသာစကားကျွမ်းကျင်နှံစပ်ပုံကို လည်း သူ့စာထဲတွင်တွေ့ရသည်။ သာဓကအားဖြင့်
‘သတ္တ၀ါဖြစ်သော် လူတို့အရွယ်ရောက်လျှင် ရှေးဦးစွာသိအပ်သည်ကား ဖန်ဆင်းသောအရှင် ကို သိအပ်ပါသည်။ ဖန်ဆင်းသောအရှင်ဟူသည်ကား (အရ်ဗီ)ဘာသာမှာ (အလ္လာဟ်)မည်ပါသည်’ ဟူ၍လည်းကောင်း ၊ ‘(ဖွာရစီ)ဘာသာမှာ (ခိုဒါ) ခေါ်ဝေါ်ပါသည်။ အဓိပ္ပာယ်ကား အရှင်ဟူ၍ ရပါသည်။ (ဟင်ဒွတ်စတာနီ) ဘာသာမှာ (ကျစ်ရတာ) ခေါ်ပါသည်။ အဓိပ္ပာယ်ကား ခပ်သိမ်းတော်အမူကို ပြုပြင်သူ ‘
ဟူ၍ လည်းကောင်းဖော်ပြပုံဖြစ်သည်။ သခင်ကြီးဦးနုသည် အရဗီ၊ ဖာရစီ၊ ဟင်ဒွတ်စတာနီ၊ ပါဠိ၊ မြန်မာ ဘာသာစကားတို့ကို ကျွမ်းကျင်နှံ့စပ် သူဖြစ်ကြောင်း သိရပါသည်။
တရားကို ပုံဥပမာဆောင်၍ ရှင်းပြပုံမှာ မှတ်သားဖွယ်ဖြစ်သည်။ ‘ သတ္တ၀ါတို့ ကျင့်အပ်သော တရားမှာ ရှရီအတ်၊ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်လေးပါးရှိပါသည်’ ဟု အစချီင်္ပြီးနောက်
“ရှရီအတ် နို့နှင့်တူ၍ တွရီကတ် ဒိန်နှင့်တူ၏ ၊ ဟကီကတ် မစကာနှင့်တူ၍ မအ်ရေဖသ် ထောပတ်နှင့်တူ၏။ နို့ကိုချက်၍ ဒိန်တက်ရမည်၊ ထိုဒိန်ကို ဒလက်နှင့် မွှေ၍ မစကာမြှပ်ကို ထုတ်ယူရမည်။ ထိုမစကာကိုမီးမှာ တစ်ဖန်ပြန်၍ ချက်ရမည်၊ ဤသည်လျှင် ထောပတ်ဖြစ်၏ ။ ထို့တူလည်းကောင်း ခြိုးခြံရာ၏ “
ဟုဆိုပါသည်။ ထို့အပြင် ထပ်မံ၍ပုံဆောင်ပြပါသေးသည်။
” တစ်ကြောင်းလည်း ရှရီအတ် ပင်လယ်နှင့်တူ၏၊ တွရီကတ် သင်္ဘောနှင့်တူ၏ ဟကီကတ် ယောက်သွားနှင့်တူ၏ ။ မအ်ရေဖသ် ပုလဲနှင့်တူ၏ လှေသင်္ဘောစီး၍ ပင်လယ်ကိုသွားပြီးလျှင် ပုလဲဖြစ်ရာအရပ်၌ ယောက်သွားကိုငုပ်ယူ၍ ပုလဲကိုထုတ်ယူရမည်။ ထိုမှလည်းကောင်း ကျင့်ရပါသည်။ “
ဟူ၍ ပုံဆောင်ပုံမျိုးဖြစ်ပါသည်။ ၀ါကျတိုကလေးများနှင့် ဆက်ကာဆက်ကာ ရေးသားပုံမှာထူးခြားပါသည်။ အစ္စလာမ်ရှိကျင့်အပ်သော တရားလေးပါး၏ အပေါင်းအစုအဆက်အစပ် သဘောကို ထောပတ်ပြုခြင်း၊ ပုလဲရှာခြင်းသဘောတို့ဖြင့် ရှင်းလင်းတင်ပြပါသည်။ သိမ်မွေ့နက်နဲသော တရားသဘောကို ထင်သာမြင်သာ နားလည်လာအောင် အကောင်အထည်သဘောနှင့် ခိုင်းနှိုင်းကာ ရှင်းပြခြင်းဖြစ်ပါသည်။
ဘာသာရေးဆိုင်ရာ အသုံးအနှုန်းဖြစ်သည့် အရဗီဝေါဟာရများ၏ ဆိုလိုရင်းနှင့် အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းကာ လွယ်တကူ နားလည်အောင် တင်ပြနိုင်စွမ်းရှိပါသည်။
“နဗီအဓိပ္ပာယ်ကား တရားကို သတ္တ၀ါ တို့အား အကြောင်းကြားလာသူ သဗ္ဗညုတဥာဏ်ဝင်စားသူတို့ကို နဗီ သမုတ်ပါသည်။”
“မာလာယစ် ဟူသည်မှာ တဏှာရာဂမရှိ၊ ယောက်ျားလည်းမဟုတ် မိန်းမလည်းမဟုတ်၊ ယိုမာလာယစ်တို့ကား အနန္တအရေအတွက်မရှိ။” “ရှရီအတ်တရားတော်မှာ ဇွာဟေ့ရီ အဓိပ္ပာယ်ကား ထင်ရှားခြင်းကို ဆိုလိုပါသည်။ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်မှာ အဓိပ္ပာယ်ကား မထင်မရှားအတွင်း၌တည်၏ ဆိုပါသည်၊ ၀ါဒစွလ် အဓိပ္ပာယ်ကား အတွေ့အမြင် ပာာစ္စေလ် အဓိပ္ပာယ်ကား စိတ်လိုသည့်အတိုင်း ပြည်စုံသည်ကို ဆိုပါသည်။ အမ္မရာ မည်သည်ကား လောဘ၊ ဒေါသ၊ မောပာ၊ တဏှာ၊၀န်တိုမိစ္ဆာ က—ဿာ အပေါင်းတို့ကိုဆိုလိုပါသည်။ ဆင်းရဲအပေါင်းကင်းငြိမ်းရာ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းသော ဂျန္နသ်နေရာမြတ်၊ ပာလာလ်သမုတ်တော်မူသော တရားနှင့်လျော်ညီသော ပာရာမ်သမုတ်တော်မူသော တရားနှင့်မလျော်ညီ” ပာူ၍ ဖွင့်ဆိုခဲ့မျိုးဖြစ်သည်။ စူရာပ်ာပေါင်း (၁၁၄) ကို ‘အပိုဒ်ပေါင်း တစ်ရာ့လေးဆယ်’ “အာယသ်ပေါင်း (၆၆၆၆) ကို” ပုဒ်ပေါင်း ခြေက်ထောင့် ခြောက်ရာ ခြောက်ဆယ့်ခြောက်” ဆွပာာဗာ ကို ‘တပည့်ကြီး’ ကအ်ဗာကျောင်းတော်ကို ‘ မက္ကာပ်ာကျောင်းတော်’ ‘အခွင့်ပြုသောပာလာလ်’ ‘မြစ်တားထားသော ပာရာမ်’ ပာူ၍ ရှင်းလင်းတင်ပြပါသည်။ ‘ ပါဠိကုရ်အာန်တရားတော် ၀ဖာသ်ဖြစ်သည်ကို ‘စုတေ’ ၊ ‘သောကြာနေ့သိမ်ဗလီသို့ဝင်၍ တရားတော်ကိုနာခြင်း’ ‘အသက်တော်လေးဆယ်တွင်ဖွင့်၍ ၀ါတော်နှစ်ဆယ့်သုံးနှစ်၊ ပေါင်းခြောက်ဆယ့်သုံးနှစ်တွင် အမြဲရှိသောနေရာသို့ ပြောင်းကြွပါသည် ‘ ပာူသော အသုံးတို့တွင် အဓိပာယ်တစ်ထပ်တည်းမကျသည့်တိုင် အစ္စလာမ်ဘာသာဝင်မပာုတ်သူ နားလည်နိုင်ရန် ပါဠိစကားမြန်မာစကားတို့ဖြင့် သဘောဆင်ဆင်တူရာတူရာယူ၍ ဆီလျော်အောင်သုံးထားခြင်းဖြစ်သည်။
အလ္လာပ်ာအရှင်မြတ်၏ ဂုဏ်တော် ဆွီဖသ်တော်ကို ထိထိမိမိရှင်းရှင်းလင်းလင်း ဖော်ပြရဦးမည်။
‘ထိုဖန်ဆင်းသောအရှင်သည် အစမရှိသော၊အဆုံးမရှိ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ အရုပ်သန္တာန်မရှိ၊ အတုဖက်မရှိ၊ အမေ့အမှားအစားအအိပ်မရှိ၊ အရောင်အရသာအနံ့မရှိ၊ မတက်နိုင်စွမ်းသည်ပာူ၍ မရှိ၊ ပျင်းရိပင်ပန်းခြင်းလည်းမရှိ၊ အချိန်ကာလတိုင်း အရပ်ဒေသတိုင်းရှိနေတော်မူ၏၊ အမြဲအစဉ် တည်တော်မူ၏၊ မည်သူကိုမျှလည်းတကဲမပြု၊ တိုင်ပင်ဖက်လည်းမရှိ၊ ကုသိုလ်တ ရားကို ပောာတော်မူ၏၊ ကုသိုလ်ကို ပြုတော်မမူ၊ အကုသိုလ်ကို မပြုနှင့်ပာုမြစ်တားတော်မူ၏၊ အကုသိုလ်ကို ပြုတော်မမူ သားမယား အစရှိသော စည်းစိမ်ကိုလည်း တောင့်တတော်မမူ၊ တောင့်တခြင်းကင်း၏ ‘ ဟု လျှောက်ထားပါသည် —–အသုံးများကိုတွေ့ရသည်။ ”၏ ‘
‘ဟုသောဝါကျအဆုံးသတ်ပစ္စည်းစကားကိုသုံးကာ အကြောင်းအရာ၏ တိကျခိုင်မာသောသဘောကို ပေါ်လွင်စေသည်။ ထို့အပြင် “မရှိ မပြု မမူ” ဟူသော မဟုတ်ကြိယာနှင့်ဆုံးသော ၀ါကျများကို အများဆုံးအသုံးပြုထားသည်။ ဖော်ပြသော အကြောင်းအရာကို စိတ်ဝင်စားဖွယ် အာရုံပြုမိလာအောင် ၀ါကျအသွင်ဖွဲ့ကာဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
သခင်ကြီးဦးနု၏ မြန်မာစကားပြေအရေးအသားကောင်းပုံကိုထပ်၍ဖော်ပြပါဦးမည်။ သခင်ကြီးဦးနု၏ စကားပြေအရေးအသားသည် ရှင်းလင်းသည်။ ပြေပြစ်သည်။ ကျစ်လျစ်သည်၊ သိလွယ်မြင်လွယ်ဖြစ်သည်။ ပုံစံတူစကားစုများဖြင့် ဟန်ချက်ညီဝါကျဖန်တီးကာ စာဝင်ပြေပြစ်အောင် ရေးသားသည်။ အောက်တွင်ရှု့ကြည့်ပါလေ။
” သတ္တ၀ါ အပေါင်းတို့ ကုသိုလ်တရား အကုသိုလ်တရားကို စိတ်ထဲ၌ကြံသမျှကို အကြွင်းမရှိသိပါသည်။ သတ္တ၀ါတို့ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုနှုတ်၌ဆိုသမျှကို အကြွင်းမရှိကြားပါသည်။ သတ္တ၀ါတို့ကုသိုလ်တရား ၊အကုသိုလ်တရားတို့ကို ကိုယ်၌ကျင့်သမျှကိုလည်း အကြွင်းမရှိမြင်ပါသည်။ သတ္တ၀ါတို့ကုသိုလ်တရားကို ကိုယ်နှုတ်နှလုံးဖြင့်ကျင့်သော သူတို့အား ကုသိုလ်အလျောက် စီရင်၍ ကောင်းကျိုးပေး ပါသည်။ အကုသိုလ် တရားကို ကိုယ်နှုတ်နှလုံးဖြင့် ကျင့်သောသတ္တ၀ါတို့အား အကုသိုလ်အလျောက် စီရင်တော်မူ၍ မကောင်းကျိုးကိုပေးပါသည်။”
ဟူသောအဖွဲ့တွင် ကြည့်နိုင်ပါသည်။
“ဖန်ဆင်းတော်မူသော အရှင်ထံတော်သို့ ရောက်အောင် ကျင့်ဆောင်ရာသည်မှာ အမ္မရာမည်သော နှောင်အိမ်ကို ချိုးဖဲ့ဖျက်ဆီး၍ အမ္မရာမည်သော ရန်သူကိုစစ်ထိုးရမည်” ဟူသော အဖွဲ့တွင် ‘အမ္မရာမည်သော နှောင်အိမ် ‘ ‘အမ္မရာမည်သော ရန်သူ’ဟု တင်စားသုံးထားပုံမှာ ထိမိလှပါသည်။
သံတော်ဦးတင်လွှာကျမ်းမှ လျှောက်တင်ချက်နှစ်ရပ်ကို သတိပြုမိပါသည်။ တစ်ချက်မှာ အစ္စလာမ်နှင့် စပ်လျဉ်း၍ ခေတ်အဆက်ဆက် အထင်အမြင် နားလည်မူ လွှဲမှားခြင်း ခံရသော ကုရ်ဗာနီ၏သဘောကို ရှင်းလင်းသိသာစေရန် တိရစ္ဆာန်တို့အပေါ် သဘောထားကို လျှောက်တင်ချက်ဖြစ်သည်။ ဘိုးတော်ဘုရားထံ ဤသို့လျှောက်ထားခဲ့ပါသည်။
”ကျွဲ၊ နွား၊ အစရှိသော အဟိတ်တိရစ္ဆာန်အပေါင်းတို့မှာ လူတို့အစေအပါး အသုံးအဆောင်အလို့ငှာ ဖန်ဆင်းထားကြောင်းနှင့် ကျမ်းဂန်တွင် ရှိပါသည်။ အကျူးအလွန်မပြုသင့်။ သနားခြင်းမကင်းသင့်ဟူ၍လည်း ကုရ်အာန်ကျမ်းတော်မှာ ထွက်ပါသည်။ ထိုတိရစ္ဆာန်တို့ကို အစာ၊ မြက်ရေ ၀အောင် မကျွေး၊ မမွေးဘဲ အချိန်အခါကျူးလွန်၍ မစေခိုင်းသင့်။ အတန်အရာစေသုံး စားသောက်သည်မှာ အပြစ်မရှိ။ ကျမ်း၌ထွက်ပါသည်။”
ဟူ၍ဖြစ်ပါသည်။နောက်တစ်ချက်မှာ တမန်တော်မြတ်၏ မုအ်ဂျီဇာနှင့် စပ်လျဉ်း၍ ဤသို့လျှောက်လွှာတင်ရန် ရေးသားချက်ဖြစ်ပါသည်။
” ဗိုင်တွလ်မုက္ကဒတ်မြို့၊ အပ်ကစွာကျောင်းတော်ရှေ့ခင်းထားသော အလျားခုနစ်တောင်၊ အနံလေးတောင်ခန့် ထုတစ်ထောင်ခန့်ရှိသောကျောက်ဖျာ ထက်ခြေတော်ချ၍ ခြေတော်ရာနှင့်တကွ အထက်သို့မြင့်ပြီးလျှင် ပန်းဆိုင်းဆွဲသကဲ့သို့လူတို့ လက်ခုပ်တစ်ဖောင်ကျော်၌ ယခုတိုင် အမြဲတည်နေကြောင်း နှင့် ကျမ်းဂန်မှာထွက်ရှိပါသည်။”
ဟူ၍ အစ္စလာမ်ဘာသာရှိ အံ့ဖွယ်များသည် ပုံပြင်ဒဏ္ဍာရီများမဟုတ်။ တကယ့်ဖြစ်ရပ်များသာဖြစ်သည်။ သမိုင်းကြောင်းအရ၊ ပထ၀ီဝင်အရ လက်တွေ့ပြသနိုင်သည်ဟူသော သဘောကိုအထောက်အထားခိုင်ခိုင်မာမာဖြင့် လိမ္မာပါးနပ်စွာ တိတိပပတင်ပြခြင်းဖြစ်ပါသည်။
နိဂုံးချုပ်ပါတော့မည်။ ဘိုးတော်ဘုရား ဗဒုံမင်းက ဘာသာသာသနာအသီးသီးကို စူးစမ်းလိုသောကြောင့် မေးမြန်းသည်။ သခင်ကြီးဦးနုက အစ္စလာမ် သာသနာတော်ကို ကိုယ်စားပြုကာ မိမိတရား၏ အရှိတရားကို သံတော်ဦးတင်ကာလျှောက်ထားသည်။ခေတ်ကာလအခေါ်စကားဖြင့်ဆိုရပါမူ Inter-faith dialogue ဘာသာပေါင်းစုံ ဆွေးနွေးပွဲသဘင် တွင် ပါဝင်လျှောက်ထားခြင်းဖြစ်ပါသည်။ ဘုရင် ဧကရာဇ်ပင်ဖြစ်စေကာမူ မိမိသက်ဝင် ယုံကြည်သော သာသနာနှင့် စပ်လျဉ်း၍တရားအတိုင်း ၀ံ့ဝံ့စားစားတင်လျှောက်ထားပုံမှာ ချီးကျူးဂုဏ်ယူထိုက်ပါသည်။
အစ္စလာမ် အပေါ်အထင်အမြင်လွဲမှားခြင်း အခံရဆုံးအချက်ဖြစ်သော ကုရ်ဗာနီနှင့် စပ်လျဉ်း၍ တိရစ္ဆာန်တို့အပေါ် သဘောထားကိုဖော်ပြခြင်းအားဖြင့် ပိုင်ပိုင်နိုင်နိုင်တင်ပြထားပါသည်။ ရစူလ် ကိုယ်တော်မြတ်၏ မုအ်ဂျီဇာကို တင်ပြရာတွင်လည်း အပ်ကစွာ ကျောင်းတော်မှ အံ့ဖွယ်ကျောက်ဖျာကို ရွေးကောက်၍ သက်သေပြပုံမှာ ထိမိပြောက်မြောက်လှပါသည်။ လက်ခံဖွယ်ဖြစ်အောင် စိတ်ဝင်စားဖွယ်ဖြစ်အောင် အကြောင်း အရာရွေးချယ် တင်ပြတတ်ပုံကို တွေ့ရပါသည်။ ဤသို့ဖြင့်သံတော်ဦးတင်လွှာကျမ်းတွင် ဒီးန်သာသနာတော်နှင့်စပ်လျဉ်း၍ မြန်မာစာ မြန်မာစကားကို အသုံးပြုကာ အယူခြားသူအား ထင်သာမြင်သာနားလည်လာအောင် ရွေးချယ်ရေးသားတင်ပြထားပုံမှာ ဒအ်ဝသေသဗ်လိဂ် အစ္စလာမ်ကို ဖိတ်ခေါ်ဖြန့်ချိလိုသူတို့ အဖို့ လေ့လာနည်းယူစရာဖြစ်ပါသည်။
မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)
ရည်ညွှန်း-
နု၊ ဦး၊ ဆရာကြီး ၁၉၃၁-ခုနှစ်။ မြန်မာမွတ်စလင်မ်မျိုးစောင့်ဥပနိသျှကျမ်း၊ ရန်ကုန်၊ လောကပါပိဋကတ်ပုံနှိပ်တိုက်။
နု၊ ဦး ၊ ဆရာကြီး၊ ၁၉၆၀-ခုနှစ်။ သံတော်ဦးတင်လွှာကျမ်း။ ရန်ကုန် ၊ အစ္စလာမ်စာပုံနှိပ်တိုက်။
မြစ်၊ ဦး၊ ခလီဖွာ ၁၉၅၂-ခုနှစ် ။ ဂရာနလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ။ မန္တလေး၊ ချွေတာရေးပုံနှိပ်တိုက်။
Comments