6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၁၂၊ ၂၀၁၄
M-Media

best-of-mw20-ps15

ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ရဲ့ ပွဲ ၇ ပွဲကို စနေနေ့ညက ကစားခဲ့ပြီး အစောပိုင်း ကစားခဲ့တဲ့ ချယ်ဆီးနဲ့ ဟားလ်စီးတီးနဲ့ ပွဲမှာတော့ ချယ်ဆီးက ဟာဇာဒ့်၊ တောရက်စ်တို့ရဲ့ ဂိုးနဲ့ အနိုင် ရခဲ့ကာ ဝေဖန်ခံနေရတဲ့ တိုက်စစ်မှူးတွေ နောက်ပိုင်းပွဲတွေမှာ ဂိုးပြန်သွင်းလာတာဟာ မော်ရင်ဟိုအတွက်တော့ ကျေနပ်စရာပါ။

နှစ်သစ်မှာ နိုင်ပွဲမရသေးတဲ့ မန်ယူအသင်းကတော့ လိဂ်ဖလားပထမအကျော့မှာ အရှုံးပေးခဲ့ရတဲ့ ဆွမ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့တဲ့ မန်ယူဟာ ဒုတိယပိုင်း မိနစ် ၆၀ မတိုင်ခင်မှာပဲ အနိုင်ဂိုး ၂ ဂိုးစလုံးကို ရရှိခဲ့တာဖြစ်ပြီး ဗလင်စီယာနဲ့၊ ခုတစ်လော ဂိုးမြူးနေတဲ့ ၀ဲလ်ဘတ်တို့က သွင်းယူပေးခဲ့ပါတယ်။

တင်ရှားဝုဒ်ရဲ့ စပါးအသင်းကတော့ တစ်တထက်တစ်စ တည်ငြိမ်လာပြီး အခုပွဲမှာလည်း ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။ ထူးခြားတာကတော့ မေဂျာလိဂ် ကလပ်ကို ပြောင်းရွှေ့မယ်လို့ ကြေညာခဲ့တဲ့ ဒီဖိုး ဂိုးသွင်းနိုင်ခဲ့တာပါ။

အဲဗာတန်ကလည်း နော်ဝစ်ခ်ျကို အနိုင်ရခဲ့ပြီး ဇယားအောက်ခြေက ဆန်းဒါးလန်းအသင်းကတော့ ဖူးလ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်နဲ့ နှိပ်ကွပ် ခဲ့ပါတယ်။

တန်းဆင်းဇုန်နားက အသင်း ၂ သင်းဖြစ်တဲ့ ကာဒစ်ဖ်နဲ့ ၀က်စ်ဟမ်းတို့ပွဲမှာတော့ ၀က်စ်ဟမ်းအသင်းက အနိုင်ရခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ဆောက်သက်တမ်ကလည်း နည်းပြသစ်နဲ့ ၀က်စ်ဘရွန်းကို အဒမ် လာလနာရဲ့သွင်းဂိုးနဲ့နိုင်ခဲ့ပါတယ်။

အခုတစ်ပါတ်မှာ ဇယားအောက်ခြေက အသင်းတစ်ချို့ အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်က အမှတ်တွေဟာ မတိမ်းမယိမ်းဖြစ်လာခဲ့ပြီး အမှတ်ပေးဇယားကိုတော့ ချယ်ဆီးက တစ်ပွဲပိုကစား တစ်မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

ယနေ့မှာတော့ နယူးကာဆယ်နဲ့ မန်စီးတီး၊ စတုတ်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ ကစားဖို့ရှိနေပြီး၊ အာဆင်နယ်အသင်းကတော့ အင်္ဂါနေ့ မနက်ကျမှ အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲကိုကစားရမှာဖြစ်ပါတယ်။

စနေနေ့ ပွဲစဉ်များရဲ့ အနိုင်အရှုံးရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ဟားလ်စီးတီး ၀-၂ ချယ်ဆီး
ကာဒစ်ဖ် ၀-၂ ၀က်စ်ဟမ်း
အဲဗာတန် ၂-၀ နော်ဝစ်ခ်ျ
ဖူလ်ဟမ် ၁-၄ ဆန်းဒါးလန်း
ဆောက်သက်တမ် ၁-၀ ၀က်စ်ဘရွန်း
စပါး ၂-၀ ခရစ္စတယ်ပဲလေ့စ်
မန်ယူ ၂-၀ ဆွမ်ဆီး

Photo-premierleague.com

Leave a Reply