ဇန်နဝါရီ-၁၂-၂၀၁၄
M-Media
A.N.Lay
ရန်ကုန်။ ။ ရန်ကုန်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် မဟာ ဗန္ဓုလပန်းခြံ ရှေ့ သစ်ပင်များတွင် ဈေးမရောင်းရ၊ အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ ဟု စာများကဒ်ထားသော်ငြားလည်း ကဒ်ထားသည့်ကြေညာ စာရွက်များကို ကွမ်းတံထွေးဖြင့် ထွေးထားသည့်ကို တွေ့ရှိခဲ့ပါသည်။
ရန်ကုန်မြို့လယ်ခေါင်မှာ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သောနေရာများအနက်မှ တစ်ခုဖြစ်သည်။
” ထိုသို့လုပ်ရပ်ဟာ အင်မတန်မှ ယုတ်ညံသည့်လုပ်ရပ်ဖြစ်ပါတယ်။ ဘာအကြောင်းကြောင်းနဲ့ပဲလုပ်လုပ် ဤသို့မလုပ်သင့်ဘူး။ ဒါဟာ လူတစ်ယောက်တည်းနဲ့ဆိုင်သည့်ကိစ္စမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ အားလုံးနဲ့ သက်ဆိုင်သွားပါတယ်။ တစ်ယောက်တည်းကစ ည်းကမ်းမရှိလုပ်လိုက်ပေမဲ့ အထင်အမြင်သေးခံရမှာက မြန်နိုင်ငံမှာရှိတဲ့ လူတွေအားလုံး အထင်အမြင်သေးခံရမှာပါ။ ယခုလိုကိစ္စကို ယခုလည်းမလုပ်သင့်ပါဘူး။ နောက်လည်း မလုပ်သင့်ပါဘူးဟု ခရီးသွားပြည်သူတစ်ဦးက ယခုလိုပြောကြားခဲ့ပါတယ်။
လွန်ခဲ့သည့် ၁၉၅၀ ခုနှစ် ဝန်းကျင်တွင် ရန်ကုန်မြို့သည့် တချိန်က လှပသန့်ရှင်းသော မြို့တော်အဖြစ် နာမည်ကြီးခဲ့ပြီး စင်ကာပူ နိုင်ငံပင်လျှင် ရန်ကုန်မြို့၏ ဖွဲ့စည်း တည်ဆောက်ပုံကို နမူနာယူ တည်ဆောက်ခဲ့ရသည့် ဟု မှတ်တမ်းများအရ သိရှိ ရပါသည်။
Comments