6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၀၊ ၂၀၁၄
M-Media

– ဆန္ဒပြသူများအား ကန့်သတ်သည့် ဥပဒေတစ်ခုပြဌာန်းခြင်းအား ယူကရိန်းအစိုးရက ပြဌာန်းလိုက်ခြင်းကို မကျေနပ်သောကြောင့် ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု သိရသည်။

မြို့တော်ကိဗ်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရာနှင့်ချီသော လူအုပ်စုကြီးက ရဲတပ်ဖွဲ့ဝင်များအား ကျောက်တုံးများ၊ တုတ်ချောင်းများ၊ မီးတုတ်များဖြင့် ပစ်ပေါက်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ရေပိုက်များ၊ မျက်ရည်ယိုဗုံးများအသုံးပြုကာ လူစုခွဲခဲ့ကြသည်။

ထိုရုန်းရင်းဆန်ခတ်မှုအတွင်း အနည်းဆုံး လူ ၇၀ ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး လူ ၁၀-ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်း ထားသည်ဟု ပြည်ထဲရေးက သတင်းထုတ်ပြန်ခဲ့သည်။

ရုရှားနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပ၏ ကုန်သွယ်ရေး သဘောတူညီချက်အား လက်မှတ်မထိုးရန် ယူကရိန်း အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် လွန်ခဲ့သည့် ၂-လ ကတည်းက ကိဗ်မြို့တွင် ဆန္ဒပြမှုများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိပြီး လွန်ခဲ့သည့် ရက်ပိုင်းများက အနည်းငယ်ငြိမ်းသက်ခဲ့သည်။

သို့သော်လည်း ဆန္ဒပြသူများအနေဖြင့် မိမိတို့၏မျက်နှာများကို ဖုံးကွယ်ခြင်းမပြုရဟု အစိုးရက ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှုများ ပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။

Ref : Aljazeera

Leave a Reply