ဇန်န၀ါရီ ၂၁၊ ၂၀၁၄
M-Media
K K
ကချင် ။ ။ ကချင်ပြည်နယ်အတွင်းနေထိုင်သော ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံမှ လူငယ် ပါဝင်သော လူငယ် ကွန်ရက် တစ်ခုကို ကချင်ပြည်နယ်ရှိ ဘာသာပေါင်းစုံ အဖွဲ့အစည်း (၁၃)ခုက ဇန်န၀ါရီလ ၁၇-၁၈ ရက်နေ့များက အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ကာ ဖွဲ့စည်း လိုက်ကြောင်း သိရသည်။
အဆိုပါ လူငယ်ကွန်ရက်တွင် ကချင်ပြည်နယ်ရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများမှ လူငယ်များ ပါဝင် ကြပြီး ကချင်ပြည်နယ် ဒေသတွင်း သာမက နိုင်ငံနှင့် လူငယ်များ ဘက်စုံ တိုးတက်ရေး အတွက်လည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် လူငယ်ကွန်ရက်၏ ပထမဆုံး စတင်မည့် လှုပ်ရှားမှုအနေဖြင့် ရှေ့လာမည့် အပတ်တွင် မြစ်ဆုံ စီမံကိန်း လှုပ်ရှားမှု တစ်ခုကို ပြုလုပ်သွားမည် ဖြစ်ပြီး၊ စစ်ဒဏ် ခံစားရသည့် အရေးကိစ္စနှင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် လူငယ်များ ပါဝင်နိုင်နေရေး အတွက် လူငယ် ညီလာခံ တစ်ရပ်ကိုလည်း ဖေဖော်ဝါရီလတွင် ပြုလုပ်မည်ဟု သိရသည်။
Comments