6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၇၊ ၂၀၁၄
M-Media
_49064194_010153663-1
ဆိုးလ်၊ ဇန်န၀ါရီ ၂၇။ ။ ၁၉၅၀-၅၃ ကိုးရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း ကွဲကွာနေသည့် မိသားစုများအား ပြန်လည်ပေါင်းစည်းရေးအစီအစဉ်များကို လုပ်ကိုင်ရန်အတွက် သတ်မှတ်ရက်ကို မြောက်ကိုရီးယားသို့ အကြောင်းကြားခဲ့သည်ဟု ဇန်န၀ါရီ ၂၇ ရက်နေ့ (ယနေ့တွင်) တောင်ကိုရီးယားနိုင်ငံမှ ကြေညာခဲ့သည်။

မြောက်ကိုရီးယားရှိ အပန်းဖြေစခန်း Mount Kumgang တွင် ပြုလုပ်ရန်စီစဉ်ထားသည့် မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ရန် တောင်ကိုရီးယားက သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအစီအစဉ်အတွက် အသေးစိတ်ဆွေးနွေးမှုများကို ဇန်န၀ါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ရန်ကိုလည်း ထည့်သွင်းကမ်းလှမ်းထားကြောင်း ဆိုးလ်ရှိ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မ်အီဒိုက ပြောကြားခဲ့သည်။

ကွဲကွာနေသော မိသားစုများ ပြန်လည်ပေါင်းစည်းရေးအစီအစဉ် ပြည်လည်စတင်ရန်နှင့် အစီအစဉ်စတင်မည့်ရက်ကို  တောင်ကိုရီးယားမှ စိတ်ကြိုက်သတ်မှတ်ရန် ဇန်န၀ါရီ ၂၄ ရက်နေ့ (သောကြာနေ့)က မြောက်ကိုရီးယားမှ ကမ်းလှမ်းခဲ့ပြီးနောက် တောင်ကိုရီးယားဘက်မှ ယခုကဲ့သို့ လက်ခံခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ထိုအစီအစဉ်အား ပြုလုပ်ရန် တောင်ကိုရီးယားမှ စီစဉ်ခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ပယ်ချခဲ့သည်။
Ref: ဆင်ဟွာ

Leave a Reply