6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၈၊ ၂၀၁၄

jim-yong-kim-world-bank

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်း ကျေးရွာက သတ်ဖြတ်ခံ ရတယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေး သင့်တယ်လို့ ပြောခဲ့ပါတယ်။ ဒီလအတွင်းမှာပဲ ရခိုင်ပြည်နယ်၊ ဒုချီးရားတန်းကျေးရွာမှာ ရိုဟင်ဂျာမွတ်ဆလင် အနည်းဆုံး (၄၀) လောက် သတ်ဖြတ် ခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် မြန်မာအစိုးရ အနေနဲ့ စုံစမ်းစစ်ဆေးရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တနင်္လာနေ့မှာ တောင်းဆိုပါတယ်။

“အကြမ်းဖက်မှုတွေကို ကျနော်တို့ လျစ်လျှူရှုထားမှာ မဟုတ်ပါဘူး၊ နောက် အစိုးရအနေနဲ့လည်း ဒီကိစ္စ စုံစမ်းစစ်ဆေးရေးအတွက် အတတ်နိုင်ဆုံး နည်းလမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ပြီး သင့်လျော်တဲ့နည်းလမ်းနဲ့ တုံ့ပြန်ဆောင်ရွက်လိမ့်မယ်လို့ ကျနော်တို့မျှော်လင့်တဲ့အကြောင်း” – ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဒီလ အစောပိုင်းတုန်းကပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာက ဒေသခံ ရိုဟင်ဂျာ မွတ်ဆလင်အနည်းဆုံး (၄၀) လောက် သတ်ဖြတ်ခံရတယ်ဆိုပြီး ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ကြတာပါ။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ ဒုတိယအကြိမ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဖော်ရမ်မှာလည်း မိန့်ခွန်းပြောခဲ့ပြီး မနေ့က ညနေပိုင်းမှာတော့ နေပြည်တော် နိုင်ငံတကာ လေဆိပ်က တဆင့် မြန်မာနိုင်ငံကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ မြန်မာပြည်ခရီးစဉ် အတွင်းမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယုံကမ်ဟာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်း ၂၀၃၀ ခုနှစ်မှာ ပြည်သူအားလုံး လျှပ်စစ်မီးရရှိရေးနဲ့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဆိုတဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်အတွက် ကမ္ဘာ့ဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း (၂,၀၀၀) ပမာဏရှိတဲ့ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာဘဏ် ဥက္ကဋ္ဌ ပြောကြားခဲ့ကြောင်းကို ဗီအိုအေရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

ဗီအိုအေ မြန်မာပိုင်းတွင်ဖော်ပြထားသည့် သတင်းမှ ကောက်နှုတ်ဖော်ပြပါသည်။

Link =>http://burmese.voanews.com/content/world-bank-will-support-2-millions-dollars-for-myanmar-health-and-electrics-/1838313.html

Leave a Reply