6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၈ ၊ ၂၀၁၄
M-Media
သတင်း- ဘုန်းမင်းခန့်

1

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့ချုပ်မှ အကြံပြုချက်များကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် နေစွဲဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီ၊ ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်သို့  တင်ပြပေး ပို့ခဲ့ကြောင်း သိရှိရပါသည်။

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့သော အကြံပြုချက်များတွင်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ၁၉၁၆ ခုနှစ်မှ စတင် တည်ထောင်ခဲ့သော အိုလမာ အစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်ကြီးသည် ယနေ့ထက်တိုင် တိုင်းနှင့်ပြည်နယ်၊ မြို့နယ်ခွဲပေါင်း (၁၂၀)ကျော်ဖြင့် ရပ်တည်နေသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် လူထု၏ ယုံကြည်လေးစား အားထားမှု ခံယူရသော အဖွဲ့ချုပ်ဖြစ်ပြီး၊ မည်သည့် ပြည်ပ အဖွဲ့အစည်း အသင်းအဖွဲ့ တစ်ခုခု၏ လက်အောက်ခံ အဖွဲ့ခွဲ မဟုတ်သကဲ့သို့၊ ပြည်ပ ငွေကြေး၊ ပစ္စည်း၊ ထောက်ပံ့မှု လက်ခံရယူမှု လုံးဝ ကင်းရှင်းသော အဖွဲ့ကြီးဖြစ်ကြောင်း၊ အစ္စလာမ့် တရားတော်အရ အစ္စလာမ်ဘာသာကို သက်ဝင်သူတို့သည် မိမိတို့မှီတင်းနေထိုင်ရာ တိုင်းနိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို တရားတော်နှင့် အညီ လေးစားလိုက်နာ၍ သစ္စာစောင့်ထိန်းကြရပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားတို့၏ အရေး ကိစ္စမှာ အစ္စလာမ် ဘာသာဝင်ဖြစ်ကြသော နိုင်ငံသူ နိုင်ငံသားတို့၏ အရေးကိစ္စပင်ဖြစ်သည်ဟု ခံယူကြသည့်အားလျော်စွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် အကြံပြုချက်များ တောင်းခံထားသည့် အပေါ် တစ်တပ် တစ်အားအဖြစ် ယခုကဲ့သို့ အကြံပြုချက် တင်ပြရခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် မူလပြဌာန်းချက်များအား ပြင်ဆင်ဖြည့်စွက်ပေးစေ လိုသည်များကို မူလပြဌာန်းချက် ၊ အကြံပြုပြင်ဆင်ချက်နှင့် ရှင်းလင်း တင်ပြချက်ဟူ၍ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာ သုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြခဲ့ကြောင်း၊ စာမျက်နှာ(၅)မျက်နှာပါ ထိုအကြံပြုချက်များတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ – မူလပြဌာန်းချက်ပါ အခန်း(၁) နိုင်ငံတော် အခြေခံမူများ တွင် ပုဒ်မ ၆(င) ၊ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၆၅ တို့အား အကြံပြုပြင်ဆင်ချက်များ ပါဝင်ပြီး  အခန်း(၈)နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များတွင် မူလပြဌာန်းချက် ဖြစ်သော ပုဒ်မ ၃၄၅၊  ပုဒ်မ ၃၄၅(ဃ)၊ ပုဒ်မ ၃၄၅(င)တို့အပြင် ပုဒ်မ ၃၅၇ ၊ ပုဒ်မ ၃၆၃၊  ပုဒ်မ ၃၆၄ နှင့် ပုဒ်မ ၃၆၈  တို့အား အကြံပြုပြင်ဆင်ချက်များ၊ ရှင်းလင်းချက်များဖြင့် အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များအဖွဲ့ချုပ် ဥပဒေအကြံပေး အရာရှိများမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနိုင်ရေးနှင့် ဖြည့်စွက် ပြဌာန်းပေးစေလိုသည့် အချက်များ အတွက် အကြံပြု တင်ပြခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။

PDF File Download Link =>Click Here (File Size 1 MB)

Leave a Reply