ဇန်န၀ါရီ ၃၀၊ ၂၀၁၄
M-Media
K K

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့တွင် ၂၀၁၂ နိုဝင်ဘာ ၃-ရက်နေ့က ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်နေသော မိုးထိမိုးမိ ရွှေလုပ်သားများ (ဓါတ်ပုံ – Burma VJ)
ရမည်းသင်း ။ ။ မန္တလေးတိုင်းဒေသကြီး ရမည်းသင်း မိုးထိမိုးမိဒေသမှ ရွှေတူးဖော်ရေးလုပ်သား မိသားစုဝင်များ ခိုလှုံနေထိုင်နေကြသည့် ရွှေမြင်တင် တောင်ခြေ ဘုရားစောင်းတန်းမှ မဖယ်ရှားပါက အာဏာပိုင်မှ အရေးယူမည်ဟု မနေ့က နေလည်မှာ အမိန့်ထုတ်လိုက်ကြောင်း သိရသည်။
လွန်ခဲ့သော ၁၀-စုနှစ် တစ်ခုကျော်ကတည်းက မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်နေထိုင်လာခဲ့ကြရာမှ အစိုးရလုပ်ပိုင်ခွင့်ရ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ ၀င်ရောက်လာပြီး ယခင်ကတည်းက ရှိခဲ့သည့် ရွှေတူးဖော်လုပ်သားများနှင့် ပဋိပက္ခဖြစ်ခဲ့ပြီး နှင်ထုတ်ခံရတာကြောင့် ရွှေမြင်တင် ဘုရား စောင်းတန်းမှာ ခိုလှုံနေကြရခြင်းဖြစ်ပြီး ယခုအခါ အဆိုပါစောင်းတန်းမှပင် နှင်ထုတ်ခံနေရခြင်း ဖြစ်ကြောင်း သိရပါသည်။
ဘုရားစောင်းတန်းမှ ယနေ့ညနေတွင် ဖယ်ရှားပေးရန်နှင့် မဖယ်ရှားပါက ပုဒ်မ ၁၈၈ အရ တရားစွဲပြီး ထောင်ဒဏ် ၆-လ ချမည်ဟု အသံချဲ့စက်ဖြင့် အော်၍ ကြေညာခဲ့ကြောင်းလည်း သိရသည်။
Comments