6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၃၊ ၂၀၁၄
M-Media

– သြစတေးလျရှိ West Australian(WA) ပြည်နယ်တွင် ပြဋ္ဌာန်းထားသည့် ငါးမန်းများ သုတ်သင်ရေး ပေါ်လစီအား ဆန့်ကျင်သော ဆန္ဒပြပွဲများကို သြစတေးလျနိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

နိုင်ငံတစ်ဝှမ်း စနေနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲများတွင် လူထောင်ပေါင်းများစွာပါဝင်ခဲ့ပြီး WA ပြည်နယ်အစိုးရ၏ ထိုပေါ်လစီမှာ အရာရောက်ခြင်း မရှိဟု ဝေဖန်ခဲ့ကြသည်။ WA ပြည်နယ်အစိုးရ၏ ထိုပေါ်လစီကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အဒီလိုင်ဒီ၊ မဲလ်ဘုန်း၊ ဟိုဘတ်၊ ကိုတက်စ်လို၊ ပါ့က်သ် နှင့် ဘရူမ်း စသည့် သြစတေးလျရှိမြို့ကြီးများအပါဝင် နယူးဇီလန်နှင့် တောင်အာဖရိက နိုင်ငံတို့တွင်လည်း ပြုလုပ်ခဲ့ကြသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်မှစ၍ ပြည်နယ်အတွင်း လူကြိုက်များသည့် ကမ်းခြေများတွင် ငါးမန်းများတိုက်ခိုက်မှု မြင့်မားလာသောကြောင့် ငါးမန်းများအား ဖမ်းဆီးသုတ်သင်ရေး ဥပဒေကို ပြီးခဲ့သည့် ဇန်န၀ါရီလက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေအား ဘတ်စဲလ်တန်မြို့ရှိ Old Dunsborough ကမ်းခြေတွင် အစမ်းသဘောဖြင့် စတင်ခဲ့ပြီးနောက် ထိုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပွား ခဲ့ခြင်းလည်း ဖြစ်သည်။ အစမ်းကာလအား ဧပြီ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပြီး အစိုးရက သြစေတေးလျ ဒေါ်လာ ၁၆၅၃၇၀ အား ထောက်ပံ့ပေးထားသည်ဟု သိရသည်။

Ref : Xinhua

Leave a Reply