ဖေဖော်ဝါရီ ၆၊ ၂၀၁၄
M-Media
ပြည့်ပြည့်

ဓါတ်ပုံအညွှန်း – ရဲဇာနည်အင်တာနက် စာမျက်နှာ
နေပြည်တော် ။ ။ ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာကော်မရှင်နာရုံး လူ့အခွင့်အရေးအရာရှိ Michael Shaikh သည် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးမြိုင်နှင့် ယနေ့ ဖေဖော်ဝါရီလ ၆-ရက် နေ့လယ် ၃-နာရီက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
၎င်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးမြိုင်နှင့်အတူ ဒုတိယ ရဲလေ့ကျင့်ရေး အရာရှိချုပ် ရဲမှူးကြီး အောင်ကျော်ဦးအပါအ၀င် နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ရဲမှူးကြီး အောင်ဋ္ဌေးမြင့်နှင့် ရဲအရာရှိများ ပါဝင်ခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်သွားရန်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုးကား – ရဲဇာနည်သတင်း
Comments