6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၇၊ ၂၀၁၄
M-Media
Duchee yar tan
နိုင်ငံတကာသတင်းများက ဖော်ပြသည့် ဒုချီးရာတန်းသတ်ဖြတ်မှုများကိစ္စကို စုံစမ်းရန်အတွက် “စုံစမ်းစစ်ဆေးရေးကော်မရှင်” တစ်ရပ်ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လက်မှတ်ဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၆ က ထုတ်ပြန်ခဲ့သည်။

ဒုချီးရားတန်းသတ်ဖြတ်မှု “စုံစမ်းစစ်ဆေးရေးကော်မရှင်” ဖွဲ့စည်းခြင်းမှာ သမ္မတနှင့် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) တို့ တွေ့ဆုံအပြီး ထွက်ပေါ်လာသည့် ရလဒ်ဟု ယူဆဖွယ်ရှိသည်။

မြန်မာအစိုးရက ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်သမျှနှင့်ပတ်သတ်ပြီး နိုင်ငံတကာ သတင်းဖော်ပြချက်တိုင်းကို ငြင်းဆိုမြဲရှိသည့် အစဉ်အလာကို ဆက်လက် ထိန်းသိမ်းကာ ယခုဒုချီးရားတန်းသတ်ဖြတ်မှုကိုလည်း နိုင်ငံတကာနှင့် ကုလတို့က သတင်းမှားဖော်ပြခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။

နိုင်ငံတကာနှင့်ကုလတို့က သတင်းမှားဖော်ပြကြောင်း မြန်မာအစိုးရက စွပ်စွဲသော်လည်း ၄င်းတို့၏ စွပ်စွဲချက် မှန်ကန်ကြောင်း သက်သေကိုမူ မထုတ်ပြ နိုင်ခဲ့ပါ။  ယခုမှ HRW ၏ဖိအားဖြင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ခြင်းဖြင့် မိမိတို့မြန်မာအစိုးရသည်လည်း ကုလနှင့်နိုင်ငံတကာကို အမှားထောက် ပြခဲ့သည့်တိုင် အဖြစ်အပျက် အလုံးစုံကို ခရေစေ့တွင်းကျ သိရှိခဲ့ခြင်း မရှိသေးကြောင်း ဖော်ပြလိုက်ရာ ရောက်ပါသည်။

ထို့ပြင် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းကြောင်းကြေညာချက် အပိုဒ် (ဂ) ပါ “ဒုချီးရားတန်း(အနောက်) ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ်မရှိသော မမှန်ကန်သည့် သတင်းထုတ် လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း။” ဖော်ပြချက်မှာ စုံစမ်းစစ်ဆေးရေးပင် မပြုလုပ်ရေး သေးမီ မိမိတို့လိုချင်သည့် အဖြေကို ဖော်ပြထားပြီး ကော်မတီဝင်များအား ဖိအားပေးထားသည့်နှယ် သဘောသက်ရောက်နေကြောင်း လေ့လာ တွေ့ရှိရပါသည်။

ဒုချီးရာတန်းသတ်ဖြတ်မှု စုံစမ်းရေးကော်မရှင်ဖွဲ့ စည်းကြောင်း ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၁၆/၂၀၁၄
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်)

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

၁။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီးရားတန်းကျေးရွာနှင့် ဒုချီးရားတန်း (အနောက်) ကျေးရွာတို့တွင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့် ဇန်နဝါရီလ ၂၈ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်း တာဝန်ပေးအပ်လိုက်သည်-

(က) ဒေါက်တာသာလှရွှေ ဥက္ကဋ္ဌ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း)

(ခ) ဦးထွန်းအောင်ချိန် အဖွဲ့ဝင် (အဖွဲ့ဝင်၊မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်)

(ဂ) ဒေါက်တာငွန်ကျုံးလျန် အဖွဲ့ဝင် နိုင်ငံတကာဥပဒေပညာရှင်

(ဃ) ဒေါက်တာတင်သိန်းလွင် အဖွဲ့ဝင် (ဒုတိယဥက္ကဋ္ဌ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့)

(င) ဦးတင်ဦး အဖွဲ့ဝင် အငြိမ်းစားသံအမတ်ကြီး

(စ) ဟာဂျီဦးတင်မောင်ဝင်း အဖွဲ့ဝင် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)

(ဆ) ဦးဝင်းတည် အဖွဲ့ဝင် (အလုပ်အမှုဆောင်အဖွဲ့ဝင်၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့)

(ဇ) ဦးသာပွင့်(ရပ်မိရပ်ဖ) အဖွဲ့ဝင် (စစ်တွေမြို့၊ ရခိုင်ပြည်နယ်)

(ဈ) ဦးလှသိန်း(ခ)မော်ဂျီဟူလာ(ရပ်မိရပ်ဖ) အဖွဲ့ဝင် (မောင်တောမြို့၊ ရခိုင်ပြည်နယ်)

(ည) ဒေါက်တာကျော်ရင်လှိုင် အတွင်းရေးမှူး Myanmar Egress

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမည်-

(က) ၁၃-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်းကျေးရွာ၌ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်-မဟုတ်။

(ခ) ၂၈-၁-၂၀၁၄ ရက်တွင် ဒုချီးရားတန်း(အနောက်) ကျေးရွာ မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် မည်သူ့ ပယောဂကြောင့် မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း။

(ဂ) ဒုချီးရားတန်း (အနောက်)ကျေးရွာ မီးလောင်သည့်ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအမြစ် မရှိသော မမှန်ကန်သည့် သတင်း ထုတ်လွှင့်မှုနှင့် မည်သူတို့က ဆောင်ရွက်ကြောင်း။

(ဃ) ဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ နေအိမ်ဥစ္စာ ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု အခြေအနေ။

(င) ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို နိုင်ငံတော် သမ္မတရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့က စီမံ ဆောင်ရွက်ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံ ဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေး နိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့် နေရာများသို့ သွားရောက် စစ်ဆေးခြင်း တို့ကို ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အရောက် နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် အစီရင်ခံ တင်ပြရမည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Leave a Reply