ဖေဖော်ဝါရီ ၇၊ ၂၀၁၄
M-Media
– အသင်းရှိ လူငယ်ကစားသမားတစ်ဦးအား ရိုက်နှက်ခဲ့သည် ဟူသော စွပ်စွဲချက် ထွက်ပေါ်လာခဲ့ပြီးနောက် နယူးကာဆယ် အရန်အသင်း၏ နည်းပြစ်သူ ၀ီလီ ဒိုနာချီမှာ ယမန်နေ့တွင် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။
မန်ချက်စတာစီးတီးအသင်း၏ စကော့တလန် နောက်ခံလူဟောင်းဖြစ်ပြီး နယူးကာယ်ဆယ် အကယ်ဒမီသို့ လွန်ခဲ့သည့် ၃ နှစ်ကတည်းရောက်ရှိနေသူ ဒိုနာချီမှာ ပြီးခဲ့သည့် တနင်္လာနေ့က ဆန်းဒါးလန်းအသင်းအား ၂ ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သော အရန်အသင်းပွဲစဉ်တွင် ပင်နယ်တီပေးခဲ့ရခြင်းနှင့် ပတ်သက်၍ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ရီမီစထရီတီအား ရိုက်ပုတ်ခဲ့ခြင်းဖြစ်သည်။
ထိုကိစ္စနှင့်ပက်သက်၍ ၀ုဖ်အသင်းတွင်ကစားနေသည့် စထရီတီ၏ ဖခင်ဖြစ်သူက နယူးကာဆယ်အသင်းကြီး၏ နည်းပြ အလန်ပါဂျူးနှင့် ဆွေးနွေးခဲ့ သေးသည်။ ဒိုနာချီနှုတ်ထွက်သွားကြောင်းကို နယူးကာဆယ်အသင်းကလည်း အတည်ပြုပြောကြားခဲ့ပြီး၊ မည်သည့်မှတ်ချက်မှ မပေးခဲ့ချေ။
Ref : Dailymail
Comments