6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media
article-0-1B46F5F700000578-909_634x422
– ကမ္ဘာ့ဖလားပြိုင်ပွဲများ ကျင်းပမည့် ဘရာဇီးရှိ ဆောက်လုပ်စဲ ဘောလုံးကွင်းတစ်ခု အနီးတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုကြောင့် ဆောက်လုပ်ရေး လုပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Manau မြို့ရှိ Arena da Amazonia ဘောလုံးကွင်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘောလုံးကွင်း အမိုးတပ်ဆင်ရာတွင် အသုံးပြုသည့် ကရိန်းအား ဖြုတ်သိမ်းစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါဘောလုံးကွင်း ဆောက်လုပ်မှုအား ကြီးကြပ်ရသော တာဝန်ရှိသူများကဆိုပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ဆိုသည်နှင့် မည်ကဲ့သို့ သေဆုံးကြောင်းကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိချေ။

သို့သော်လည်း ဒေသတွင်း ရုပ်သံ တစ်ခုဖြစ်သည့် Globo TV ကမူ သေဆုံးသူမှာ အသက် ၅၅ နှစ်အရွယ်ရှိ ပေါ်တူဂီနိုင်ငံသားတစ်ဦးဖြစ်ပြီး ကရိန်းမှ ပြုတ်ကျလာသော သံချောင်း တစ်ချောင်းနှင့် ဦးခေါင်းအား ရိုက်မိခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။

ထိုကွင်းအတွင်းနှင့် အနီးအနားတွင် မတော်တဆမှုများကြောင့် ဆောက်လုပ်ရေး လုပ်သားများ သေဆုံးမှုမှာ ၃ ဦးအထိရှိပြီဖြစ်သည်။ ထိုကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် အီတလီအသင်းတို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားမည့် ကွင်းလည်းဖြစ်သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်မှုများနှင့် ပက်သက်၍ သတ်မှတ်ရက်အတွင်း အပြီးသတ်နိုင်ခြင်းမရှိသောကြောင့် ပြိုင်ပွဲကျင်းပရေး ကော်မတီမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဖိအားပေးခြင်းကို ခံနေရပြီး၊ ဘရာဇီးအမှတ်ပေးပြိုင်ပွဲများတွင် ပရိတ်သတ်များ သောင်းကျန်းခြင်း၊ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမှုအား ဆန့်ကျင်သော ဆန္ဒပြမှုများ မကြာခဏဖြစ်ပွားခြင်းတို့ကြောင့် ပြိုင်ပွဲလုံခြုံရေးအတွက် နိုင်ငံတကာမှ စိုးရိမ် ပူပန်မှုများလည်းရှိနေသည်။

Ref: DailyMail

Leave a Reply