ဖေဖော်ဝါရီ ၈ ၊ ၂၀၁၄
M-Media
လီဗာပူးလ် ၅-၁ အာဆင်နယ်
– ယခုလအတွင်းမှာ ပရီးမီယားလိဂ်၊ FA ဖလား၊ ချန်ပီယံလိဂ်တွေမှာ ပွဲကျပ်တွေ ဆက်တိုက်ကစားရဖို့ရှိတဲ့ အာဆင်နယ်အသင်းကတော့ စိတ်ပျက်ဖွယ်နောက်တန်းနဲ့ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရပါတယ်။ ဖလာမီနီမပါဝင်နိုင်ခဲ့တဲ့အတွက် ကွင်းလယ်ခံစစ်အားနည်းခဲ့ပြီး ကွင်းလယ်မှာ ကစားတဲ့ အာတီတာ၊ အိုဇေးလ်၊ ၀ီရှိုင်းယားနဲ့ ချိန်ဘာလိန်တို့အတွဲက အလုပ်မဖြစ် ခဲ့ပါဘူး။ ဂျရတ်ဦးဆောင်တဲ့ လီဗာပူးလ် ကွင်းလယ်က အာဆင်နယ်ကွင်းလယ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့ပြီး ပထမပိုင်း မိနစ် ၂၀ အတွင်းမှာပဲ လီဗာပူးလ်အသင်းက ၄ ဂိုး ပြတ်ခဲ့ပါတယ်။
အာဆင်နယ်အသင်းကတော့ ပထမပိုင်းမှာ ကစားကွက် တည်လို့မရခဲ့ဘဲ လီဗာပူးလ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အာဆင်နယ်အသင်း ကစားပုံကောင်းလာပေမယ့် လိုအပ်တဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ လီဗာပူးလ်အတွက်ဂိုးတွေကိုတော့ နောက်ခံလူ စကာတယ်က ထောင့်ကန်ဘောမှတစ်ဆင့် ၂ ဂိုး စတာလင်က ၂ ဂိုးနဲ့ ဒဏ်ရာက ပြန်လာပြီး ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ စတားရစ်ခ်ျက ၁ ဂိုးသွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းအတွက် နှစ်သိမ်ဂိုးကိုတော့ ၆၉ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် အာတီတာက သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ အခုပွဲအရှုံးဟာ အာဆင်နယ်အတွက် ဒီရာသီ ၄ ပွဲမြောက်ရှုံးပွဲဖြစ်ပြီး မန်စီးတီးကို ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးပြီးတဲ့နောက် အဆိုးဝါးဆုံးရှုံးပွဲလည်းဖြစ်ပါတယ်။
Photo-premierleague.com
Comments