ဖေဖော်ဝါရီ ၉ ၊ ၂၀၁၄
M-Media
ဘုန်းမင်းခန့်
ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် ယခင်ရက်များအတွင်း ဖြစ်ပေါ်ခဲ့သော လူမှုရေးပြဿနာကို အခြေခံ၍ မတူညီသည့် နှစ်ဖက် အသိုင်းဝိုင်းကြား ပေါ်ပေါက်နေသော အထင်မြင်လွှဲမှုနှင့် သံသယ ကောလဟာလ သတင်းများနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အစ္စလာမ် ဘာသာရေးအဖွဲ့ဝင်များ ၊ ပင်လောင်းမြို့မှ အစ္စလာမ်ဘာသာဝင်လူကြီးများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ယနေ့တွင် ပင်လောင်းမြို့၌ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခဲ့ပြီး နှစ်ဖက် အသိုင်းဝိုငိးကြား ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များအတွက် ကျေနပ်ပြေလည်မှုများ ရရှိခဲ့ကြောင်း သိရှိရပါသည်၊၊
သတင်းအသေးစိတ်ကို M-Media မှ ထပ်မံတင်ဆက်ပေးသွားပါမည်။
Comments