ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄
M-Media
လမင်း
ရန်ကုန်။ ။ အမေရိကန်အစိုးရမှ မြန်မာကျောင်းသူကျောင်းသားများ
ကယ်လီဖိုးနီးယားပြည်နယ်ရှိ တက္ကသိုလ်၊ ကိုလိုရာဒိုပြည်နယ် တက္ကသိုလ်၊ စိန့်လူးဝစ်တက္ကသိုလ်၊ စိန့်ပီတာ တက္ကသိုလ်၊ အရီဇိုနား တက္ကသိုလ် အစရှိ သည့် တက္ကသိုလ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက အမေရိကန်နိုင်ငံရှိ ပညာရေးအခွင့်အလမ်းများစွာကို မြန်မာနိုင်ငံရှိ ပညာဆည်းပူးလိုသော ကျောင်းသူ ကျောင်းသားများကို လာရောက်ပြသ ရှင်းလင်းခဲ့ကြသည်။
အမေရိကန်နိုင်ငံသို့သွားရောက် ပညာသင်ယူလိုသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် အဆင့်ငါးဆင့်ကိုသတ်မှတ်ထားပြီး ပထမအဆင့် အနေနှင့် မိမိသင်ယူလိုသော အကြောင်းအရာကို သုတေသနပြုခြင်း၊ ကျောင်းဝင်ခွင့်လျှောက်လွှာဖြည့်
အမေရိကန်သို့ ပညာတော်သင်သွားရောက်ရန် စိတ်ဝင်စားသည့် ကျောင်းသား ကျောင်းသူ ဦးရေမှာ မြင့်တက်လျက်ရှိနေကြောင်းလဲ သိရှိရပါသည်။ အမေရိကန်တက္ကသိုလ် အခွင့်အလမ်းပြပွဲသို့ မြန်မာကျောင်းသား၊ ကျောင်းသူများစွာ လာရောက်လေ့လာ ဆည်းပူးခဲ့ကြပါသည်။
Comments