ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
M-Media
‘ဝ‘ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် United Wa State Army (UWSA) မှ တပ်ဖွဲ့ဝင်တို့အား တရုတ်ပြည်မှ ရဟတ်ယာဉ်မောင်း သင်တန်းပေးနေသည် ဆိုသည့် သတင်းကို ရန်ကုန်မြို့ရှိ တရုတ်သံရုံးမှ ငြင်းဆိုပယ်ချလိုက်သည်။
ဝ စစ်သည် ၃၀ ဦးကို တရုတ်ပြည်သို့သွားရောက် သင်တန်းတက်ရန် ရွေးချယ်ခဲ့ကြောင်း၊ တရုတ်ပြည်မှ ထိုစစ်တပ်အား ရဟတ်ယာဉ်များ ပေးပို့ထောက်ပံ့ခဲ့သည့် သတင်းများ ရရှိကြောင်း အခြားတိုင်းရင်းသား လက်နက်ကိုင် အုပ်စုဝင်များက ပြီးခဲ့သည့်လတွင် ဧရာဝတီသို့ ပြောကြားခဲ့သည်။
ထိုသင်တန်းပေးသည့် သတင်းမှာ လုံးဝ မှန်ကန်မှုမရှိပါ၊ တရုတ် အာဏာပိုင်များ အနေနှင့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို လေးစားမှုရှိပါသည်။ အိမ်နီးချင်းကောင်းဖြစ်သည့်အား လျော်စွာ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထာဝစဉ်အားပေး ထောက်ခံလျက် ရှိပါသည်ဟု တရုတ်သံရုံးမှ ပြန်ကြားရေး အရာရှိ Lei Zhen မှ ပြောဆိုချက်ကို Eleven မီဒီယာမှ ဖော်ပြခဲ့သည်။
ကိုးကား-Irrawaddynews English Vesion
ဓါတ်ပုံ- လက်နက်အပြည့်အစုံတပ်ဆင်ထားသော တရုတ်လေတပ်မှ ရဟတ်ယာဉ်တစင်း
Photo: http://china-defense.blogspot.com
Leave a Reply
You must be logged in to post a comment.