6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၃၊ ၂၀၁၄
M-Media
venuswilliams_3088762
– ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းခဲ့သည့် ဒူဘိုင်းချန်ပီယံရှစ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဗီးနပ်စ်ဝီလီယံ အနိုင်ရ ဗိုလ်စွဲခဲ့သည်ဟု သိရသည်။

ယမန်နေ့က ကျင်းပခဲ့သည့် ဗိုလ်လုပွဲတွင် ဗီးနပ်စ်မှာ ဆီမီးဖိုင်နယ်တွင် ညီမဖြစ်သူ ဆရီနာအား အနိုင်ရခဲ့သည့် ပြင်သစ်တင်းနစ်မယ် အလိုက်ဇ်ကော်နတ်နှင့် ဆုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ဗီးနပ်စ်က ၆-၃၊ ၆-၀ ဖြင့် နှစ်ပွဲပြတ် အနိုင်ရရှိခဲ့သည်။

ထိုဆုဖလားမှာ တစ်နှစ်ကျော် ကာလအတွင်း ဗီးနပ်စ်၏ ပထမဆုံးဆု ဖလားလည်း ဖြစ်သည်။ ဗီးနပ်စ်မှာ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သတ်မှတ်အဆင့် မရခဲ့သောကြောင့် အရည်ချင်းစစ်ပြိုင်ပွဲ wild card ကစားကာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ဗီးနပ်စ်မှာ လွန်ခဲ့သည့် ၂ နှစ်က ကျန်းမားရေး ချို့တဲ့ခဲ့ပြီးနောက်ပိုင်း တင်းနစ်ပြန် ကစားစဉ်ကတည်းက ပုံစံကောင်းမရှိခဲ့သော်လည်း ယခုတစ်ပတ် ထိုပြိုင်ပွဲတွင် ရှုံးပွဲမရှိခဲ့ချေ။

“သိပ်ကောင်းတဲ့ ပြန်လာမှုပါပဲ။ ကျွန်မ ဆက်လက်လေ့ကျင်နိုင်ခဲ့ပြီး၊ ပိုပြီးလည်း ကျန်းမာလာပါပြီ။ (ပြိုင်ပွဲဟာ) သိပ်တော့မလွယ်ပါဘူး။ wild card ကစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်မကိုအားပေးခဲ့တဲ့ ဆရီနာနဲ့ ကျွန်မရဲ့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်မ နိမ့်ကျနေတဲ့အချိန်မှာ သူတို့အားလုံးက ကျွန်မကို ဆွဲတင်ပေးခဲ့တာပါ” ဟု ပွဲအပြီးတွင် ဗီးနပ်စ်က ပြောကြားခဲ့သည်။

ဗီးနပ်စ်မှာ ဒူဘိုင်းချန်ပီယံရှစ်ဖလားအား ၂၀၀၉ခုနှစ် ၂၀၁၀ခုနှစ်တို့တွင် နှစ်ကြိမ်ဆက်ရယူနိုင်ခဲ့ပြီးနောက် ထိုပြိုင်ပွဲတွင် ပါဝင်ကစားနိုင်ခြင်းမရှိတော့ဘဲ ယခု ပြန်လည်ကစားချိန်တွင် ဗိုလ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။

Ref: Sky Sports

Tags:

Leave a Reply