6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media

– ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက အချိန်အတော်ကြာ ကြိုတင်ဟောကိန်းထုတ်ထားသည့် စစ်အသုံးစားရိတ် ချွေတာရေးအတွက် အာဖဂန်မှ တပ်သားများပြန်ခေါ်ရေး ဆောင်ရွက်နေချိန်တွင်၊ အမေရိကန်၏ စစ်အင်အားကို လျော့ချမည့် အစီအစဉ် တစ်ခုအား အမေရိကန်အစိုးရမှ ချပြခဲ့သည်။

၂၀၁၅ နောက်ပိုင်း အမေရိကန်၏ စစ်အင်အားကို ၄၄၀၀၀၀နှင့် ၄၅၀၀၀၀ အကြား ပမာဏအထိ လျှော့ချရန် ပင်တဂွန်ကစီစဉ်နေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး ခေတ်သစ်အတွက် စစ်အင်အားကို ပြန်လည်ပြင်ဆင်ရန် အချိန်ကျပြီဟု ၎င်းက ဆိုသည်။

ထိုသတ်မှတ်ချက်ပြည့်မှီရန် အမေရိကန်အနေဖြင့် လက်ရှိစစ်အင်အားမှ တပ်သား ၅၀၀၀၀ ခန့် လျှော့ချရမည်ဖြစ်ကာ ဒုတိယကမ္ဘာစစ်စချိန် ၁၉၄၀ ခုနှစ်ကတည်းကစ၍ စစ်အင်အား အနည်းဆုံး ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် တင့်ဖျက်တိုက်လေယာဉ် A-10 အရေအတွက်ကိုလည်း လျှော့ချမည်ဖြစ်ပြီး ၂၀၁၅ တွင် သတ်မှတ်ထားသည့် စစ်အသုံးစားရိတ်နှင့် ကာမိစေရန် စစ်တပ်၏ စွမ်းအားကို လျှော့ချမည်ဟု ပင်တဂွန်က ဆိုသည်။

ဟေဂယ်ကမူ လေတပ်အနေဖြင့် A-10 တိုက်လေယာဉ်များကို လျှော့ချခြင်းမှာ F-35 တိုက်လေယာဉ်အတွက် စားရိတ်ရရန်နှင့် လေတပ်၏ အရေးကြီးသော အခြားလိုအပ်ချက်များ ဖြည့်တင်းရန်အတွက်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ် စစ်အသုံးစားရိတ်အတွက် ကန်ဒေါ်လာ ၆၈၂ ဘီလီယံ သုံးစွဲခဲ့ပြီး စစ်အသုံးစားရိတ် ကမ္ဘာ့ထိပ်ဆုံး ၁၀ နိုင်ငံပေါင်း ပမာဏထက်ပင် များပြားနေသည်။

Ref: Al Jazeera and agencies

Tags: ,

Leave a Reply