6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၅၊ ၂၀၁၄
M-Media
Denmark-Faces-Boycott-Over-Halal-Ban_
– အစ္စလာမ် သာသနာက သတ်မှတ်ပြဌာန်းထားသည့် ဟာလာလ် နည်းကျ သားသတ်မှုအား ပိတ်ပင် လိုက်သည်ဆိုသော သတင်းထွက်ပေါ်လာပြီး၊ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များက သပိတ်မှောက်ရန် ဆော်သြလာခဲ့သောကြောင့် အစ္စလာမ့်နည်းကျ သားသတ်နည်းအား ပိတ်ပင်ခြင်း မရှိဟု ဒိန်းမတ်နိုင်ငံက ပြောကြားခဲ့သည်။

“အစ္စလာမ့်နည်းကျ သားသတ်မှုကို ဒိန်းမတ်မှာ ပိတ်ထားခြင်းမရှိပါဘူး။ သားကောင်တွေကို အစ္စလာမ့်က သွန်သင်တဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း လှီးဖြတ်မှုကို ဒီမှာ ခွင့်ပြုထားတုန်းပါပဲ” ဟု ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ ဒိန်းမတ်သံရုံးက Arab News သတင်းဌာနသို့ ဖေဖော်ဝါရီ ၂၄ ရက် ယမန်နေ့တွင် ပြောကြားခဲ့သည်။

ဂျူးများနှင့် မွတ်စလင်တို့၏ သားသတ်နည်း ကျင့်ဝတ်များမှာ ဒိန်းမတ်နိုင်ငံတွင် တရားမ၀င်ဖြစ်တော့မည်ဟု ယခုလ အစောပိုင်းက ဒိန်းမတ် စိုက်ပျိုးရေးနှင့် စားသောက်ကုန် ၀န်ကြီး ဒန်ဂျော်ဂန်ဆန်က ပြောကြားခဲ့ပြီးနောက် အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များကလည်း ထိုကဲ့သို့ တားမြစ် ပိတ်ပင်မှုကို ဆန့်ကျင်ခဲ့ကြပြီး၊ ၎င်းတို့၏ ဘာသာရေးဆိုင်ရာ သွန်သင်မှုကို လေးစားရန် ငြင်းပယ်နေသည့် ကာလ တစ်လျှောက်လုံး ဒိန်းမတ်မှ အသားများအား တင်သွင်းခြင်းမပြုရန် အစ္စလာမ်ဘသာဝင် အများစုရှိရာ နိုင်ငံများမှ ပြည်သူများက အစိုးရများကို   တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ငြင်းခုံမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး အစ္စလာမ့်နည်းကျ သားကောင်လှီးဖြတ်မှုမှာ လူအများအပြား အသုံးပြုနေကြသည့် လျှစ်စစ်ရှော့ရိုက်ကာ သားသတ်မှုထက် ပို၍ကောင်းမွန်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားသည်ဟု မွတ်စလင်များက အခိုင်အမာ ပြောဆိုသည်။

သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နေသည့် အိန္ဒိယမှ အစ္စလာမ့် ဓမ္မပညာရှင် ဒေါက်တာ ဇာကီရ်နိုက်ကမူ သားကောင်၏ ခန္ဓာကိုယ် အတွင်းမှ သွေးများကို လုံးဝ ကုန်စင်အောင် ပြုလုပ်ပေးသောကြောင့် အစ္စလာမ့်နည်းကျ သားကောင်လှီးဖြတ်ခြင်းမှာ ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ပြောကြားခဲ့သည်။

“သွေးဆိုတာ ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေတဲ့ ဘက်တီးရီးယား ပိုးမွှားတွေ၊ အဆိပ်အတောက်တွေ အတွက် အကောင်းဆုံး ကြားခံနယ်မြေပါပဲ” ဟု ဒေါက်တာ ဇာကီရ်နိုက်က ထောက်ပြပြောကြားခဲ့သည်။

အစ္စလာမ်ဘာသာဝင်များမှာ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို တိုင်တည်၍ သားကောင်များ၏ လည်ပင်းသွေးကြောအား လှီးဖြတ်ပြီးမှ ရရှိသော အသားများကိုသာ စားသုံးရသည်။ အစ္စလာမ်က သတ်မှတ်ထားသည့် ရှရီအာ ဥပဒေမှာ တိရိစ္ဆာန်များ အပါအ၀င် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းထားသော အဖန်းဆင်းခံ အားလုံးအပေါ် သက်ရောက်သည့် ညှာတာမှုရှိသော ဥပဒေဖြစ်သည်ဟု မွတ်စလင် ဓမ္မပညာရှင်များက သဘောတူကြသည်။

ထို့ပြင် သားကောင်များအား မလိုအပ်သော နာကျင်မှုဖြစ်စေခြင်းမှ ရှောင်ရှားရန်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို အစ္စလာမ်တွင် သတ်မှတ်ပြဌာန်းထားသည်။

ဖြေရှင်းခြင်း

အစ္စလာမ်ဘာသာဝင်များ၏ ဝေဖန်မှုကို ဖြေသိမ့်သောအနေဖြင့် ရီယာ့ဒ်ရှိ ဒိန်းမတ်သံရုံးက ထိုကိစ္စအား ကာကွယ်ပြောဆိုခဲ့သည်။

“ကံမကောင်းစွာပဲ ဒိန်းမတ်အစိုးရရဲ့ အမိန့်ဟာ ဟာလာလ်ပုံစံနဲ့ သားသတ်မှုကို တိုက်ရိုက် ဆန့်ကျင်နေသလို မီဒီယာတွေက လွဲမှားစွာ ဖော်ပြ၊ ဘာသာပြန်ခဲ့ကြပါတယ်။ မွတ်စလင်တွေ ဒိန်းမတ်မှာ ဟာလာလ်အသားကို ၀ယ်ယူနိုင်ဖို့ဟာ ဒိန်းမတ်အစိုးရအတွက် အရမ်းကို အရေးကြီးပါတယ်” ဟု ဒိန်းမတ်သံအဖွဲ့မှ ဒုတိယ အကြီးအကဲ Fikre El-Gourfti က ပြောကြားခဲ့သည်။

ထို့ပြင် ယခုလက်ရှိ ဒိန်းမတ်တွင် ကျင့်သုံးနေသော သားကောင်မလှီးခင် မူးမေ့သွားအောင် ပြုလုပ်သည့် နည်းလမ်းမှာ မက္ကာမြို့အခြေစိုက် ကမ္ဘာ့မွတ်စလင်လိဂ် MWL ၏ အစ္စလာမ့်ဖီကာဟ်ကောင်စီ၏ သဘောတူညီမှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု  El-Gourfti က ထည့်သွင်းပြောကြားခဲ့သည်။

သို့သော်လည်း သံရုံးမှ ထုတ်ပြန်သော အဆိုပါကြေညာချက်အား မွတ်စလင် ဓမ္မပညာရှင် တစ်ဦးဖြစ်သူ  Tawfik က ကန့်ကွက်ခဲ့ပြီး သားကောင်အား မလှီးဖြတ်ခင် မူးမေ့အောင်လုပ်ခြင်းမှာ အစ္စလာမ်နည်းကျမဟုတ်ဘဲ ထိုကဲ့သို့သော ဘာသာရေးသွန်သင်ချက် ပြင်ဆင်မှုကို MWL က လက်ခံမည်မဟုတ်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။

“ဟာလာလ်အစားအသောက် ရရှိဖို့ဟာ ဒိန်းမတ်မွတ်စလင်တွေရဲ့ အခွင့်အရေးပါ” ဟု ၄င်း ပြောကြားခဲ့ပြီး၊ ဟလာလ် အစားအသောက်များ ရသည့် တိုင်အောင် ငါးနှင့် ကြက်သားများကိုသာ ပြောင်းလဲစားသုံးရန် အကြံပြုခဲ့သည်။

ဒိန်းမတ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၂ သိန်းခန့်ရှိပြီး နိုင်ငံ လူဦးရေ ၅.၄ သန်း၏ ၃ ရာခိုင်နှုန်းရှိသည်။

Ref: OnIslam & Newspapers

Tags: ,

Leave a Reply