6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၂၇ ၂၀၁၄
M-Media
27russia_2-articleLarge
– ယူကရိန်းနိုင်ငံ ခရိုင်းမီးယားဒေသတွင် ပါလီမန်မှ သမ္မတကို ဖြုတ်ချခဲ့မှုနှင့်ပတ်သက်၍ ဆွေးနွေးရန်စီစဉ်ရာမှ ရုရှားထောက်ခံသူများနှင့် ဆန့်ကျင်သူများ အကြား လုံးထွေး သတ်ပုတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

သမ္မတ ဗစ်တာယာနူကိုဗစ်ခ်ျအား သမ္မတရာထူးမှ ထုတ်ပယ်ခြင်းခဲ့ခြင်းအတွက် ဆွေးနွေးမှုများပြုလုပ်ရန် ခရိုင်းမီးယားဒေသရှိ နိုင်ငံရေး သမားများက ပြင်ဆင်နေချိန်တွင် ရုရှားအား ထောက်ခံသူများနှင့် ယူကရိန်း အစိုးရသစ်ကို ထောက်ခံသူ ထောင်ပေါင်း များစွာတို့မှာ ခရိုင်းမီးယားဒေသ ပါလီမန်အဆောက်အဦးရှေ့တွင် ယမန်နေ့က လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လုံးထွေးသတ်ပုတ်မှုတွင် ငရုကောင်း စပရေးများဖြင့်ဖြန်းခြင်း ပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ပြုလုပ်ခဲ့ကြပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကာ၊ နှလုံးရောဂါကြောင့် လူတစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေး ၀န်ထမ်းများက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ဖြစ်ပွားပြီးနောက် ယူကရိန်း၊ ဘီလာရုဇ်၊ ဘော်လ်တစ်နိုင်ငံများ၊ ဖင်လန်၊ အာတိတ်ဒေသ စသည်တို့နှင့် ထိစပ်လျက်ရှိသည့် ရုရှားအနောက်ဘက်စစ်တိုင်းမှ ကြည်း၊ ရေ၊ လေတပ်များအား တိုက်ပွဲဝင်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် သမ္မတပူတင်က အမိန့်ပေးခဲ့သည်။

ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကမူ ထိုစစ်ရေးလေ့ကျင့်မှုမှာ ယူကရိန်းအခြေစိုက် ပင်လယ်နက် ရေယာဉ်အုပ်စု၏ လက်နက်များ၊ ထောက်ပံ့ရေး ပစ္စည်းကိရိယာများ လုံခြုံရေးကို သေချာစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

အနောက်အုပ်စုကို ထောက်ခံသော ကတ်ဘိနတ်အဖွဲ့ကို ယူကရိန်းနိုင်ငံက ယမန်နေ့တွင် ဖွဲ့စည်းခဲ့ပြီး အမေရိကန်ကလည်း ယူကရိန်းနိုင်ငံအား စီးပွားရေးအကူအညီများပေးရန် ကမ်းလှမ်းခဲ့ကာ ရုရှားအနေဖြင့် ယူကရိန်းအား စစ်ရေးအရ ၀င်ရောက်တိုက်ခိုက်ပါက ကြီးမားသော အမှားဖြစ်မည်ဟု သတိပေးခဲ့သည်။
Ref: CNA & Al Jazeera

Tags:

Leave a Reply